Tuesday, January 27, 2026

ကျောက်မဲမှာ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဟု လိမ်လည်ဝါဒဖြန့်

သျှမ်းပြည် ကျောက်မဲမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးကာ သတ်ဖြတ်နေကြောင်း လိမ်လည်လှည့်ဖြား ဝါဒဖြန့်ချိနေသည်။

Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ပလောင်တွေက ပဒပ်တွေကို တိတ်တဆိတ်ဖမ်းပြီး လည်လှီးသတ်နေတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။

ထိုလိမ်လည်ဝါဒဖြန့် သတင်းကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များပါ ဖြန့်ဝေထားကြသည်။

မူးရင်းလင့်ခ် – https://archive.ph/qeqkm


ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/bgsIN

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ လုပ်ကြံဖန်တီးရေးသားထားသည့် လိမ်လည်လှည့်ဖြား ဝါဒဖြန့်သတင်းဖြစ်သည််ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

သတင်းအမှားဖြန့်ချိသူတွေက “ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေ” ဟုဆိုပြီး ဖြန့်ချိထားသည့် အကြောင်းအရာတွင် ခိုင်လုံသည့်သက်သေ အထောက်အထားဖြင့် ဖော်ပြထားခြင်းမရှိပါ။

ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ကျောက်မဲမြို့ခံတွေကို ဆက်သွယ်မေးမြန်းကြည့်ရာ၌လည်း အဆိုပါသတင်းကိုမကြားရကြောင်း ဖြေကြားထားသည်။

TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းသတ်ဖြတ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကိုဆက်သွယ်မေးမြန်းခဲ့ရာ“ ကျနော်တို့ မကြားမိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထို့အတူ ဒေသတွင်း သတင်းဌာနနှင့် လွတ်လပ်သည့် သတင်းဌာနများတွင် ဤအကြောင်းအရာအား ယခုတိုင်ဖော်ပြထားခြင်းမရှိသေးပေ။

သုံးသပ်ချက်

သတင်းအမှားဖြန့်ချိသူတွေက “TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေ” ဟုဆိုပြီး ပြောဆိုထားသည့် အကြောင်းအရာမှာ ဝါဒဖြန့်ချိလှည့်ဖြားခြင်း ဖြစ်သည်။

TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဆိုသည့် ဖော်ပြချက်က အချက်အလက် ခိုင်မာမှုမရှိဘဲ တော်လှန်ရေးတပ်သားစု အချင်းချင်းကြား ပဋိက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးရေးသားခြင်း ဖြစ်သည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် -hMyanmar Fact-checking Network – MFCN

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...