တရုတ်အထိမခံသည့် မူဆယ်မြို့တွင် MNDAA နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပြည်သူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၅ ရက်) ည ၅ နာရီခွဲခန့်မှ စတင်၍ မူဆယ်မြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် နမ့်ခုမ်ရွာအနီးသို့ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် (၁) လုံး မီးလောင် ပျက်စီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“၁၀၅ မိုင် သွားတဲ့ဘက် နမ့်ခုမ်နားမှာ မဟာမိတ်တပ်က မြို့နားကပ်လာလို့ စကစဘက်က လက်နက်ကြီး အရင်စပစ်တယ်လို့ ပြောတယ်။ အဲ့ဘက်မှာတော့ စစ်တပ်နဲ့ ကိုးကန့်တပ်ပဲ ရှိတာ၊ နမ့်ခုမ်နားမှာ ဟန့်ထားတဲ့ သဘောပေါ့။ ကိုးကန့်တပ်က ပစ်လို့ နမ့်ခုံရွာထဲက အိမ်မီးလောင်တယ်၊ လူထိခိုက်တာတော့ မရှိဘူး”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA နှင့် စစ်ကောင်စီ မူဆယ်မြို့တွင်ထိတွေ့မှုဖြစ်

ကိုးကန့်တပ်ဖွဲ့ MNDAA လည်း ၎င်းထိန်းချုပ်ရာ အထူးဒေသ(၁) သို့ ဖြတ်ငါးဖြတ် လုပ်ဆောင်ရန် တရုတ်အာဏာပိုင်များနှင့် ‘ဝ’တပ်ဖွဲ့ UWSA ထံမှ ဖိအားများနှင့် ရင်ဆိုင်နေရစဉ် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောဆိုသည်။

“တိုက်ပွဲက မူဆယ်မြို့ အရှေ့ဘက်မှာတင် ဖြစ်တာ။ ည ၅ ခွဲလောက် ပစ်ကြတာ ၆ နာရီလောက် ပြန်ငြိမ်သွားတယ် မိနစ် (၂၀) လောက် ပစ်ကြတယ်။ တချို့ကလည်း ပြည်သူ့စစ်က နမ့်ခုမ်ရွာမှာ သေနတ်လာစမ်းလို့ တိုက်ပွဲဖြစ်တယ်လို့လည်း ပြောတယ်။ တာကော ကတော့ မူဆယ်ကို လုံးဝ မထိဖို့ ပြောထားတာဆိုတော့ ဘာထပ်ဖြစ်မလဲ မပြောတတ်ဘူး”ဟု မူဆယ်မြို့မှ စစ်ရေးလေ့လာသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ TNLA တပ်ဖွဲ့သည် သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃)၊ (၅၀၄) နှင့် ခလရ-(၂၃) တပ်ရင်းတို့ကို (၂)လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တရုတ်ဖိအား ရှိနေသည့်ကြားမှ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနှင့် ဒုတိယပိုင်း ဆင်နွှဲလာသည့် တစ်နှစ်အတွင်း အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ အပါအဝင် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့များ အားလုံးနီးပါးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က တိုက်ခိုက်ထိန်းချုပ်ထားသည်။

‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်နေရာယူထားသည့် တန့်ယန်းမြို့၊ သျှမ်းတပ် SSPP/SSA လုံခြုံရေးယူထားသည့် မိုင်းရယ်မြို့တို့နှင့် မတူဘဲ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ မူဆယ်မြို့ကို မည်သည့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ ယခုထိတိုင် တိုက်ခိုက်ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ။

မူဆယ်မြို့ ပတ်ပတ်လည်တွင် သျှမ်းတပ် SSPP/SSA၊ ကချင်လွတ်လပ်ရေးတပ် KIA၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ဝိုင်းရံပိတ်ဆို့ထားသော်လည်း စစ်ကောင်စီတပ်အပြင် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ယခင်က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ဖိအားကြောင့် မူဆယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲများက အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသူများကို ဟန်ပြဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား (၃၅၀) ကျော်ကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...