လားရှိုး နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ရှောင်ရန် အခက်ကြုံနေရ 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။​

လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေသည်။ 

စစ်ကောင်စီသည့် အဓိက ပြည်သူများအိပ်မောကျချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု နေ့စဉ်နဲ့အမျှ ရှိသကဲ့သို့ ဒဏ်ရာရရှိသူများလည်း ရှိသည်။ 

“ စစ်ကောင်စီက သန်းခေါင်ချိန်မှ လာလာပစ်တယ်။ လူတွေအိပ်မောကျတဲ့အချိန်ပေ့ါ။ ကျနော်တို့လည်း ဘယ်ပြေးလို့ ပြေးရမှန်းမသိတော့ဘူး။ ပြေးချင်ပေမယ့် ကားခကလည်း စျေးကြီးတယ်။ နောက် နေရာသစ်ရောက်ရင် ဘာလုပ်ရမှန်းမသိဘူး” ဟု လားရှိုးမြို့တွင် ကျန်ရှိနေသည့် ဒေသခံ အမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

လက်ရှိအချိန်သည် ကိုးကန့်တပ်က လားရှိုးမြို့ကို သိမ်းယူနိုင်ခဲ့သော်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်နေပြီး၊ ဝင်ငွေမရှိသးကြောင်းအခြားနေရာသို့ ပြောင်းရွှေ့လျှင်လည်း အရင်းအနှီးမရှိကြောင်း ၎င်းက ပြောသည်။

လားရှိုးမြို့မှ အခြားမြို့သို့ ကားဖြင့်ပြောင်းရွှေ့ပါက တစ်ဉီးလျှင် ကျပ်ငွေ ၂သိန်းမှ ကျပ်ငွေ ၁၀သိန်းထိ စျေးနှုန်းမြင့်တက်နေကြောင်းသိရသည်။

“ ခရီးကတော့ ဝေးရင်ဝေးသလိုတောင်းတယ်။ မိသားစုများရင်တော့ပိုကောင်းတာပေါ့။ ကုန်စျေးနှုန်းက မြင့်တက်နေတာတမျိုး။ စိတ်သောကတော့ ဖြစ်တာပေါ့” ဟု လားရှိုးမြို့ မှ တခြားမြို့သို့ စစ်ရှောင်ရန် ကြိုးစားနေသည့် အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ထို့ပြင် စားဝတ်နေရေးအတွက် ရှာဖွေနေရင်း ပိုက်ဆံရရှိနိုင်ရန် စစ်ကောင်စီကို သတင်းတခါပေးနိုင်လျှင့် ကျပ်ငွေ ၁၀သိန်းရပြီး ၎င်းအလုပ်နှင့်သာ အသက်ရင်းရှာဖွေစားသောက်နေရသူလည်းများရှိကြောင်း၊ ထိုလုပ်ရက်ကြောင့် ပြည်သူနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“အလုပ်မရှိတော့ ရှိတာနဲ့လုပ်နေကြတယ်။ တချို့က စစ်တပ်ကို သတင်းတခါပေးရင် ပိုက်ဆံ ၁၀သိန်းရတယ်။ အသက်နဲ့ကိုရင်းပြီးလုပ်ကြတယ် စားသောက်ဖို့အတွက်ပေါ။ အခုဆို အဖမ်းခံနေရကြတယ်။ သေဒဏ်ပေးမယ်လည်းပြောကြတယ်။ စစ်တပ်ကြောင့် ပြည်သူတွေ အရမ်းဒုက္ခရောက်နေကြပြီ”ဟု ၎င်းကပြောသည်။ 

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၄ ရက်)နေ့တွင်လည်း ရပ်ကွက် (၈) မန်ဆူဘုရား မရောက်ခင် ၁၂၁ အနောက်လမ်းကြားဘက်တွင် နှစ် ကြိမ်၊ ရပ်ကွက် (၅) ရှိ နာမည်ကြီး တရုတ်ဘုံကျောင်းတွင် နှစ်ကြိမ် စုစုပေါင်း ၄ ကြိမ် လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းနှင့် အောက်တိုဘာလတွင် လားရှိုးမြို့ကို စစ်ကောင်စီမှ ၁၀ ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ များထိခိုက်ဒဏ်ရာရကာ နေအိမ် အဆောက်ဦးများလည်း ပျက်စီးခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...