နောင်ချိုမြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်နေရသည့် ဒေသခံ အများစုသည် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ပထမ)ပတ်မှ စတင်၍ ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)အထိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်သဖြင့် တအာင်း(ပလောင်) အမျိုးသား...
သျှမ်းမြောက် တကျော့ပြန် လေကြောင်း တိုက်ခိုက်မှု သတိပြုရန်လိုအပ်
SHAN -
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့က ပြုလုပ်သည့် ကိုးကန့်တပ် (MNDAA) နှင့် စစ်ကောင်စီ တို့၏ ဆွေးနွေးပွဲ ရလဒ် တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံးသွားပြီးနောက် သျှမ်းမြောက်ဒေသနေ ပြည်သူများ အနေဖြင့် တကျော့ပြန် လေကြောင်း...
ခေါင်းစဉ်အမျိုးမျိုးဖြင့် သျှမ်းတောင်မှ ပြည်သူများ အခွန်အခများထည့်နေရ
SHAN -
သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ တောင်ကြီးနှင့် အနီးတဝိုက်မြို့နယ်များအတွင်း မီးမလာသော်လည်း မီတာခများမြင့်တက်လာသည့်အပြင် ပြည်သူများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်ဆောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ မီတာခများအား တစ်ယူနစ် ကျပ်(၃၀)မှ ကျပ်(၅၀) ထိ တိုးမြှင့်ကောက်ခံခဲ့ပြီသော်လည်း လက်ရှိတွင်...
ကလောမြို့ ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင်ဝိုင်း လူစည်ကား
SHAN -
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ပြင်၊ အင်းပြင်ကျေးရွာတွင် တည်ရှိသည့် စစ်ကောင်စီ ၏ခြေမြန်တပ်ရင်း ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေရာ လောင်းကစားသူများဖြင့် စည်ကားနေသည်ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမ ဘေးတွင် တည်ရှိသည့် ကလောမြို့ အခြေစိုက်...
MNDAA က ဖမ်းဆီးထားသည့် သိန္နီမြို့ ဒေသခံအချို့ကို မိုင်းရယ်ဘက်သို့ပို့
သျှမ်းပြည် သိန္နီမြို့ ဒေသခံများကို မူးယစ်သုံးစွဲသည်ဟုစွပ်စွဲပြီး ကိုးကန့်တပ် MNDAA မှ ဖမ်းဆီးသွားပြီးနောက် အချို့က မိုင်းရယ်ဘက်သို့ ပို့ဆောင်ခံရပြီး၊ အချို့က ပိုက်ဆံဖြင့် ပြန်ရွေးကာ ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာလဆန်းမှစ၍ ကိုးကန့်တပ် MNDAA သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် သိန္နီမြို့အတွင်းရှိ မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းချသူများကို...
သျှမ်း-ကရင်နီ နယ်စပ် တကြောတွင် စစ်ကောင်စီနှင့် PNO ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အင်အားဖြည့်တင်း
SHAN -
သျှမ်း-ကရင်နီ တကြော ဖြစ်သည့် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ ဘက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့ လွိုင်ကော်မြို့အနီးရှိ ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO...
ရပ်စောက်မြို့နယ် ကျောက်ဂူ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ဗုံးကြဲ၍ ပြည်သူ သေဆုံး
SHAN -
သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူ ထိခိုက် သေဆုံးမှုရှိပြီး ကျောက်ဂူရွာအဝင် တံတား ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီ၏ စစ်သင်တန်းကျောင်းများရှိရာ ရပ်စောက်မြို့အနီး၊...
PNO မှ စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် ပြည်သူများထံ အခွန်ကောက်ခံမှုများလာ
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် အခွန်ကောက်ခံမှုသည် ယခင်ကထက် ပိုများလာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ လက်ရှိ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၊စံကားဒေသတို့တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ကားရှိ...
တရုတ်အာဏာပိုင် ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များ သွင်းကုန်ပိတ်ထားဆဲ
တရုတ်အာဏာပိုင်များသည် စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင် ရပ်တည်ပြီးနောက် ညီနောင်မဟာမိတ်တပ် ထိန်းချုပ်သည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် သွင်းကုန်များ ပိတ်ထားနေဆဲဟု စုံစမ်းသိရသည်။ မြန်မာ-တရုတ်နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များတွင် တရုတ်ဘက်သို့ ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများသာ တင်ပို့နိုင်ပြီး စားသောက်ကုန်များကို ပြန်လည်တင်သွင်းခွင့် မရှိဘဲ ပိတ်ထားနေသေးကြောင်း ဒေသခံများပြောပြချက်...
တောင်ကြီးတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြန်လည်လွတ်မြောက်ရန် ငွေကျပ်သိန်းဆယ်ချီပေးဆောင်နေရ
SHAN -
သျှမ်းပြည် တောင်ကြီးမြို့နယ်အတွင်း ညbက်အစစ်အဆေးများပိုမိုတင်းကြပ်လာကာ ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးခံသူများမှာလည်း ငွေကျပ်သိန်းဆယ်နှင့်ချီပေးဆောင်မှ လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်၍ တောင်ကြီးမြို့အတွင်း ယခင်ကထက် စစ်ဆေးတင်းကြပ်မှုများ များပြားလာပြီးနောက် ညအချိန်အပြင်သည့် အမျိုးသားများကို အဓိက ဖမ်းဆီးမှုပြုလုပ်နေပြီး ဖမ်ဆီးထားသောသူများအား ငွေကျပ်သိန်းဆယ်ချီ ပေးဆောင်မှ ပြန်လည်လွတ်ပေးကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ပိုက်ဆံရှိတဲ့သူတွေကတော့...





