စစ်ကောင်စီက ဆိုက်ဘာဥပဒေပြဋ္ဌာန်းပြီးနောက် ဖုန်းဒေတာဖြင့် အင်တာနက်သုံးစွဲရန် ပိုမိုခက်ခဲလာ

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီလဆန်းတွင် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်ဖုန်းဒေတာဖြင့် အင်တာနက် လူမှုကွန်ယက် သုံးစွဲမှုများ ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီ (၁) ရက်တွင် စစ်ကောင်စီမှ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် မိုဘိုင်းလ်အော်ပရေတာများ၏ ဖုန်းဒေတာဖြင့် အသုံးပြုသည့် အင်တာနက်မြန်နှုန်းမှာ နှေးကွေးပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များ အသုံးပြုရန် VPN ချိတ်ဆက်ရာ၌ ပိုမိုခက်ခဲလာကြောင်း ဒေသနေ လူငယ်များက ပြောသည်။

“ဒီတခါ VPN တွေ ပိတ်လိုက်တာ တော်တော်ဆိုးတယ်၊ ဖေ့စ်ဘုတ်ဆိုရင် ဘယ်လိုဝင်ကြည့်ကြည့် ဘာမှမတက်ဘူး။ ကိုယ့်ဖုန်းဒေတာနဲ့ ဘာပဲတင်တင် မရဘူး။ စာပို့တာလည်း မရ၊ အသံနားထောင်တာလည်း မရ အဲ့လိုဖြစ်တာ။ တယ်လီဂရမ်တို့၊ Viber တို့ဆိုရင်လည်း အကြာကြီးနေမှ စာပို့လို့ရတာမျိုး ဖြစ်တယ်”ဟု တောင်ကြီးဒေသခံ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဖုန်းဒေတာ အသုံးပြု၍ သက်ဆိုင်ရာ အက်ပလီကေးရှင်းများမှတဆင့် အွန်လိုင်းငွေပေးချေမှုများ ပြုလုပ်ရာတွင်လည်း နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း ကုန်သည်များက ပြောဆိုသည်။

“ဖုန်းဒေတာနဲ့ကတော့ ဘာပက်ကေ့ချ်ပဲသုံးသုံး အဝိုင်းလည်ပြီး နှေးတာပဲ။ ငွေလွှဲငွေထုတ်နဲ့ ကိုယ့်ဖုန်းဘေလ် ပြန်ထည့်တာတောင် ကြာတာ။ ပုံမှန် ဖေ့စ်ဘုတ်နဲ့ သတင်းကြည့်တာ အသစ်ဆို အခုဘာမှမမြင်ရဘူး။ ဆိုရှယ်မီဒီယာကို ကန့်သတ်တာတင် မဟုတ်ဘူး၊ ပေးမသုံးစေချင်တာမျိုး ဖြစ်နေတယ်။ VPN က ပြောင်းသုံးလဲ တစ်ခုမှ မချိတ်တော့ဘူး”ဟု ၎င်းလူငယ်အမျိုးသားက ဆက်ပြောသည်။

ဆိုက်ဘာလုံခြုံရေး

စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေထဲတွင် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ဗွီပီအန် (VPN) ထူထောင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း၊ အီလက်ထရွန်နစ် နည်းပညာအသုံးပြုပြီး အလွဲသုံးစား ပြုလုပ်ခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းတို့အတွက် ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့အပြင် ပုဒ်မ (၇၂) တွင် မည်သူမဆို အများပြည်သူ ကြည့်ရှုရန် မသင့်တော်သည့် သတင်းအချက်အလက်များကို ဖက်စ်၊ အီးမေးလ်အပြင် နည်းပညာဖြင့် ဖန်တီးထားသည့် လူမှုကွန်ယက်တွင် ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း၊ ရောင်းချခြင်းအတွက် ထောင်ဒဏ်အနည်းဆုံး တစ်လမှ ခြောက်လ၊ ဒဏ်ငွေအနည်းဆုံး ကျပ်ဆယ်သိန်းမှ သိန်းတစ်ရာအထိ ချမှတ်မည့်အပြင် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေမှာ လူထုကို သတင်းအမှောင်ချပြီး နိုင်ငံသားများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန်နှင့် VPN အသုံးပြုသူများကို ဖမ်းဆီးရန်သာ လုပ်ဆောင်သည့်သဘောဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။

ဆိုက်ဘာလုံခြုံရေး

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အတင်းအဓမ္မ အာဏာသိမ်းယူခဲ့ပြီးနောက် အင်တာနက်အသုံးပြုခွင့်ကို စတင်ကန့်သတ်ခဲ့ရာ ပြည်သူများမှ VPN ဆော့ဖ်ဝဲ အသုံးပြု၍ ကျော်လွှားခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများမှ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး VPN ဆော့ဖ်ဝဲများ ထည့်သွင်းထားသည်ကို တွေ့ရှိပါက ငွေညှစ်တောင်းခံခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...