ရွာငံတွင် စစ်ကောင်စီနှင့် ပျူစောထီး ပေါင်းပြီး ကားချောဆွဲ၊ ငွေတောင်းခံ မပေးလျှင် ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် ပျူစောထီးများက ကားများကို ချောဆွဲနေပြီး ကားမပေးလျှင် ပိုင်ရှင်ကို ရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်) မှ စပြီး ရွာငံမြို့နယ် အရှေ့ဘက် ကျေးရွာများတွင် ရွာတစ်ရွာလျှင် စစ်တပ်ကို ကားသုံးစီး ပေးရပြီး၊ လေးရက်အတွင်း သုံးစွဲပြီးပါလျှင် ပြန်ပို့ပေးမည်ဟု ဆိုသော်လည်း ယနေ့ထိ ပြန်မရသေးကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာအတွင်းမှ ကားများလာရောက်ချောဆွဲချိန်တွင်လည်း ကားပိုင်ရှင်များမှ ပေးမငှားဘဲ ငြင်းဆန်ခဲ့သဖြင့် ရွာသားများကို ရိုက်နှက်ခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူ အမျိုးသား တစ်ဉီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စစ်ကောင်စီက ကျနော်တို့ဆီကို ကားလာငှားတုန်းက ရွာသားတွေ မပေးဘူးလို့ပြောတော့ ရိုက်နှက်ခဲ့တယ်။ နောက်ပြီးယူသွားတယ်။ ၄ရက်အတွင်းသုံးပြီးရင်ပြန်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အခုထိ မရသေးဘူး” အဆိုပါ အမျိုးသာားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လာရောက်တပ်စွဲထားပြီး ဒေသခံများ ညဘက်အပြင်ထွက်လျှင် ပေါ်တာဆွဲမည်ဆိုသည့် ခြိမ်းခြောက်မှုကြောင့် မထွက်ရဲကြောင်းလည်း သိရသည်။

စစ်ကောင်စီ

အလားတူ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီများလည်း လက်နက်များဖြင့် ခြိမ်းခြောက်ကာ ကျေးရွာအတွင်း ငွေကြေးကောက်ခံမှုများ၊ စားနပ်ရိက္ခာများ ကောက်ခံမှုများပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အမျိုးသမီး တစ်ဦးကပြောသည်။

“ရွာထဲမှာဆိုရင် ပျူစောထီးတွေက လက်နက်ကို ဗန်းပြပြီး ပိုက်ဆံတွေ လိုက်ကောက်နေတာ။ သူတို့တောင်းသလောက်ပေးရတယ်။ ဆန်တွေရော တောင်းတာ။ ကျမတို့အိမ်ဆို ပိုက်ဆံ ကျပ်(၅သောင်း) ပေးလိုက်ရတယ်။ သူတို့ကို ကြောက်ရ၊ စစ်တပ်ကို ကြောက်ရနဲ့ ကြာရင် လူလည်း လုံးပါး ပါးတော့မယ်။” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုကဲ့သို့ ကျေးရွာအတွင်း ပျူစောထီးများ လက်နက်ကိုင်ခြိမ်းခြောက်မှုများကြောင့် ကျေးရွာနှင့်ဝေးသည့် တောခြံသို့ ရာသီပေါ် လိမ္မော်သီးများ သွားမခူးရဲကြကြောင်း သိရသည်။

ယခုလက်ရှိ ရွာငံမြို့ အဝင်အထွက်တွင် စစ်တပ်ဂိတ်များချထားပြီး ရွာငံ-မန္တလေး လမ်းတွင် ခရီးသွားနှင့် ကုန်တင်ယာဉ်များကို စစ်ဆေးမှု ပိုမိုတင်းကြပ်နေသည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...