မြဝတီ ကျားဖြန့်ထဲရောက်ရှိသွားသည့် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရဟု ထွက်ဆို

လိမ်လည်လှည့်ဖြားခံရပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီအနီး ရွှေကုက္ကိုလ်မြို့သို့ ရောက်သွားသည့် တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing သည် အွန်းလိုင်ပေါ် ငွေလိမ်ရန် သင်တန်းပေးခံရကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းအခြေစိုက် Khaosod English ကဖော်ပြသည်။

Wang Xing သည် ထိုင်းဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် GMM Grammy ၏ ဖိတ်ခေါ်ခြင်းခံရကြောင်း လိမ်လည်သူတစ်ဦးထံမှ WeChat မက်ဆေ့ချ်ရရှိရာ ဇန်နဝါရီ ၃ ရက်တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု Wang Xing ကထွက်ဆိုသည်။

ထို့နောက် ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ ပို့ဆောင်ခံရပြီး နောက်ဆုံးတွင် တရားမဝင်နယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ လူကုန်ကူးခံရခြင်းဖြစ်သည်ဟု Khaosod English က ဖော်ပြသည်။

မြဝတီရောက် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရ

ရွှေကုက္ကိုလ်မြို့သို့ ရောက်ရှိသည့် ၂ ရက်၊ ၃ ရက်အတွင်း တရုတ်လူမျိုးများကို ပစ်မှတ်ထားသည့် လိမ်လည်စာတိုများ ရေးသားလေ့ကျင့်ရန် စေခိုင်းခံရသည်ဟု Wang Xing က ထွက်ဆိုသည်။

ထိုလုပ်ငန်းအတွင်း လိမ်လည်စာတိုများ ရေးသားလေ့ကျင့်ရန် စေခိုင်းခံရသော်လည်း ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်း မရှိခဲ့ကြောင်း၊ သူ၏ ဘယ်ခြေထောက်တွင် နီရဲနေသည့် အမှတ်အသားသည် နှိပ်စက်ခြင်းခံရခြင်း မဟုတ်ဘဲ မွေးရာပါအမှတ်အသားဖြစ်ကြောင်း Khaosod English ကဖော်ပြသည်။

မြဝတီရောက် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရ

သို့သော် Wang Xing သည် ရွှေကုက္ကိုလ်မြို့သို့ ရောက်ပြီးသည့်အခါ ကတုံး တုံးခံရသည်ဟု ထိုင်းသတင်းဌာန The Reporter က ဖော်ပြသည်။

မြဝတီရောက် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရ

လက်ရှိတွင် Wang Xing ကို ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသား အယောက် ၅၀ နှင့်အတူ ဇန်နဝါရီလ ၇ ရက်က ထိုင်းအာဏာပိုင်များမှ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Wang Xing လူကုန်ကူးခံရမှုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းထိခိုက်မှုကို ကာကွယ်ရန် ထိရောက်စွာ စီမံခန့်ခွဲရမည်ဟု ဝန်ကြီးချုပ် Shinawatra က ထုတ်ဖော်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းဆီးရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆောက်အဦးတစ်လုံးကို စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဝင်ရောက် စစ်ဆေးရာ...

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...