Tuesday, January 27, 2026

မြဝတီ ကျားဖြန့်ထဲရောက်ရှိသွားသည့် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရဟု ထွက်ဆို

လိမ်လည်လှည့်ဖြားခံရပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီအနီး ရွှေကုက္ကိုလ်မြို့သို့ ရောက်သွားသည့် တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing သည် အွန်းလိုင်ပေါ် ငွေလိမ်ရန် သင်တန်းပေးခံရကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းအခြေစိုက် Khaosod English ကဖော်ပြသည်။

Wang Xing သည် ထိုင်းဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် GMM Grammy ၏ ဖိတ်ခေါ်ခြင်းခံရကြောင်း လိမ်လည်သူတစ်ဦးထံမှ WeChat မက်ဆေ့ချ်ရရှိရာ ဇန်နဝါရီ ၃ ရက်တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု Wang Xing ကထွက်ဆိုသည်။

ထို့နောက် ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ ပို့ဆောင်ခံရပြီး နောက်ဆုံးတွင် တရားမဝင်နယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ လူကုန်ကူးခံရခြင်းဖြစ်သည်ဟု Khaosod English က ဖော်ပြသည်။

မြဝတီရောက် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရ

ရွှေကုက္ကိုလ်မြို့သို့ ရောက်ရှိသည့် ၂ ရက်၊ ၃ ရက်အတွင်း တရုတ်လူမျိုးများကို ပစ်မှတ်ထားသည့် လိမ်လည်စာတိုများ ရေးသားလေ့ကျင့်ရန် စေခိုင်းခံရသည်ဟု Wang Xing က ထွက်ဆိုသည်။

ထိုလုပ်ငန်းအတွင်း လိမ်လည်စာတိုများ ရေးသားလေ့ကျင့်ရန် စေခိုင်းခံရသော်လည်း ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်း မရှိခဲ့ကြောင်း၊ သူ၏ ဘယ်ခြေထောက်တွင် နီရဲနေသည့် အမှတ်အသားသည် နှိပ်စက်ခြင်းခံရခြင်း မဟုတ်ဘဲ မွေးရာပါအမှတ်အသားဖြစ်ကြောင်း Khaosod English ကဖော်ပြသည်။

မြဝတီရောက် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရ

သို့သော် Wang Xing သည် ရွှေကုက္ကိုလ်မြို့သို့ ရောက်ပြီးသည့်အခါ ကတုံး တုံးခံရသည်ဟု ထိုင်းသတင်းဌာန The Reporter က ဖော်ပြသည်။

မြဝတီရောက် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရ

လက်ရှိတွင် Wang Xing ကို ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသား အယောက် ၅၀ နှင့်အတူ ဇန်နဝါရီလ ၇ ရက်က ထိုင်းအာဏာပိုင်များမှ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Wang Xing လူကုန်ကူးခံရမှုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းထိခိုက်မှုကို ကာကွယ်ရန် ထိရောက်စွာ စီမံခန့်ခွဲရမည်ဟု ဝန်ကြီးချုပ် Shinawatra က ထုတ်ဖော်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

0
ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက်...

ကျားဖြန့်ကိစ္စကြောင့် မြန်မာပုဂ္ဂလိကဘဏ် အကောင့်လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ

0
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် အသုံးပြုသူများ၏ အကောင့်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယခု ၂၀၂၅ နှစ်လယ်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ ငွေလဲလှယ်ခြင်း၊ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူများသည် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုကိစ္စများကြောင့် အလုပ်လုပ်ကိုင်နေသည့်...

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

၁၃ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်သူများ ဘားအံတွင် ဖမ်းဆီးစစ်ဆေးခံရ

0
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် သျှမ်းပြည်မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ မြဝတီမြို့တွင် အွန်လိုင်းကျားဖြန့် လုပ်ငန်းလုပ်ကိုင်သည့် နေရာများကို စစ်ကောင်မရှင်တပ်နှင့် နယ်ခြားစောင့်တပ် BGF များ ဝင်ရောက်စီးနင်းပြီးနောက် နိုဝင်ဘာလ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင်...

တနှစ်ကျော် ဖမ်းဆီးခံထားရသည့် မူဆယ် ကျားဖြန့်သမား (၆၀၀) ကျော် ပြန်လွှတ်လာ

0
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထားသည့် ကျားဖြန်လုပ်ကိုင်သူ (၆၀၀)ကျော်ကို ယနေ့ (အောက်တိုဘာ ၁၆)ရက်တွင် ပြန်လွှတ်ပေးကြောင်းသတင်းရရှိသည်။ ထိုပြန်လွှတ်လာသည့် ကျားဖြန်သမားများသည် ပြီးခဲ့သည့် ၂၀၂၄ နှစ်အစပိုင်း နှင့် နှစ် လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးထားသူများဖြစ်သည်။ “အခုပြန်လွှတ်လာတဲ့သူတွေက မြန်မာနိုင်ငံသားတွေပါပဲ။ တခါလွှတ်ရင်...