CATEGORY

လူ့အခွင့်အရေး

ကျောက်မဲမြို့ လေကြောင်းထပ်မံဗုံးကြဲခံရ၊ ဆေးရုံသားဖွားဆောင်နှင့် ရဲစခန်းအနီး ကျရောက်ပေါက်ကွဲ

သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နေ့လယ် ၁ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့ဆေးရုံရှိ သားဖွားဆောင်နှင့် ရဲစခန်းအနီးသို့...

ကရင်နီသို့ စစ်ကြောင်းထိုးဖောက်နိုင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

သျှမ်းတောင်မှ ကရင်နီ (ကယား) ပြည်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နိုင်ရန်အတွက် ပအိုဝ်းပြည်သူ့စစ် (PNO) စစ်အင်အားသုံးပြီး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် နယ်စပ်ဒေသရှိ ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ PNO စိုးမိုးထားသည့် ပင်လောင်းမြို့ကို အခြေပြုပြီး စစ်ကောင်စီတပ်သည် ထောက်ပို့လမ်းကြောင်းအရ အရေးပါသော ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို...

သျှမ်းပြည် တောင်ပိုင်းရှိ စစ်ဘေးရှောင်များ ရေရှားပါးမှုပြဿနာများကြုံတွေ့နေရ

သျှမ်းပြည် တောင်ပိုင်းတွင် ရောက်ရှိနေသော စစ်ဘေးရှောင်များအတွက် ‌ရေရှားပါးမှု ပြဿနာများ စတင် ကြုံတွေ့လာရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် တောင်ပေါ်ဒေသရှိ တွင်းရေကန်ရေများ စတင်ခမ်းခြောက်လာသည့်အတွက် သျှမ်းပြည် တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ ၊နောင်တရား ၊ ဆီဆိုင် နှင့် ပင်လောင်း စသည့် မြို့နယ်တို့တွင် ရောက်ရှိနေသည့်...

ရွာငံ စစ်ကောင်စီဂိတ်တွင် ခရီးသွားများအားခြိမ်းခြောက် ငွေညှစ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့ အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီက ခရီးသွားများထံမှ ခြိမ်းခြောက်ငွေတောင်း နေကြောင်း ခရီးသွားပြည်သူများက သျှမ်းသံတော်ဆင့်ကို သတင်းပေးပို့လာသည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရွာငံသို့ ခရီးသွားဝင်ရောက်မှု နည်းပါးခဲ့သော်လည်း ယခုနှစ် ဆောင်းရာသီတွင် ရွာငံသို့ ခရီးသွားဧည့်သည်များ ပိုမိုဝင် ရောက်မှု များပြားလာကြောင်း ဒေသခံများကပြောသည်။ ထိုကဲ့သို့ ခရီးသွားလာသူများကို ရွာငံ...

မူဆယ်မြို့နယ် မုံးပေါ်ဒေသ KIA နှင့် MNDAA ဈေးအကောက်ခွန် အငြင်းပွားမှုဖြစ်

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မုံးပေါ်ဒေသတွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ် MNDAA တို့အကြား ဈေးအတွင်း အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၂၁) ရက်တွင် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်ရှိ ဈေးအတွင်း၌ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ်ဖွဲ့...

ကျောက်မဲမြို့နယ် ကျွန်းပင်ခုတ်သည် ဟု အမျိုးသမီးအပါအဝင် အရပ်သား (၁၇)ဉီးကို TNLA ဖမ်းဆီးသွား

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် အမျိုးသမီးအပါအဝင် အရပ်သား ၁၆ဉီးကို ကျွန်းပင်ခုတ်သည့်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၁)ရက် မှ ယနေ့ (ဇန်နဝါရီ ၂၃)ရက်အထိ TNLA တပ်သားများသည် ကျောက်မဲမြို့နယ် ပန်ပေါင်း၊ လုံကြိမ်၊ ကျောင်းကုန်၊ မန်ကျောင်း၊...

NUG မှ အသက်မပြည့်သေးသည့်ကလေးငယ်များအား စစ်သားစုဆောင်းထားဆိုသည့် သတင်းအမှား

အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ စုဆောင်းထားသည့် အသက်မပြည့်သေးသောကလေးစစ်သားများဟု ရေးသား၍ ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် People Media ချန်နယ်လ်မှ “စစ်သွေးကြွ NUG အုပ်စုမှ ကလေးငယ်များကို စစ်သားစုဆောင်းထားမှု မြင်ကွင်း” (မူရင်းအတိုင်း) ဟု ရေးသားကာ ဇန်နဝါရီလ...

တာချီလိတ် ဆိုင်ကယ် တက္ကစီသမားသတ်ခံရပြီးနောက် ဆိုင်ကယ်သမားများပိုစိုးရိမ်မှုဖြစ်လာ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ဆိုင်ကယ် တက္ကစီမောင်းနေသည့် လူငယ်တစ်ဉီး အသတ်ခံရပြီနောက်တွင် စားဝတ်နေရးအတွက် ရုန်းကန်လုပ်ကိုင်နေသည့် ဆိုင်ကယ်သမားများလည်း စိုးရိမ်စိတ်ဖြင့် လုပ်စားနေရကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (ဇန်နဝါရီ ၁၆ ရက်)တွင် အသက် (၂၃)နှစ်ရှိသည့် ဆိုင်ကယ် တက္ကစီသမားတစ်ဉီးသည် ခရီးသည်ကို မြို့အပြင်ထိ လိုက်ပို့ပေးရာကနေ အသတ်ခံလိုက်ရပြီး ဆိုင်ကယ်ခိုးယူသွားကြောင်း...

လွိုင်ကော်မြို့အနီး ညသန်းခေါင်ချိန် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

ကရင်ပြည် လွိုင်ကော်မြို့နယ်အတွင်း ညသန်းခေါင်ချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီက်လ ၂၂ ရက်) ၂ နာရီဝန်းကျင် လွိုင်ကော်မြို့အနီးကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လွိုင်ကော်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ‌ပြောသည်။ “ဒီမနက် အိပ်နေတဲ့ အချိန်ကြီး‌ ၂...

ဆီဆိုင်တွင် တိုက်ပွဲအခြေနေကြောင့် ဒေသခံများ ထပ်မံစစ်ရှောင်ရန် ပြင်ဆင်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲ အခြေနေများကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာဖက်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNO)နှင့် တော်လှန်ရေးအင်အားစုတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး ကျေးရွာဖက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။ ယမန်နှစ်(၂၀၂၄ ခုနှစ် ဇန်နဝါရီလ...

Latest news