ဆီဆိုင်ရှိ ကျေးရွာအုပ်စုအချို့ကို စစ်ကောင်စီနှင့် PNO ကဈေးသုံးခွင့် ပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စုကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က ဆီဆိုင်မြို့အတွင်း ဈေးလာသုံးခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၊ PNOနှင့် PNLA တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲ ဖြစ်ပွားရာ အနီးတဝိုက် တွင်ရှိသည့် တောင်ရှေ့ကျေးရွာအုပ်စုသည် ဆီဆိုင်မြို့နှင့် နာရီဝက်မျှသာ သွားလာရပြီး စားသုံးကုန်စည်များကို ဆီဆိုင်မြို့ဈေးတွင် ဝယ်ယူအားထားအသုံးပြုနေရသည့် ဒေသဖြစ်သည်။

ပြီးခဲ့သည့် (၂၀၂၄ ခုနှစ်) ဒီဇင်ဘာ လ အစောပိုင်း ကာလမှစပြီး စစ်ကောင်စီနှင့် PNOတို့က တောင်ရှေ့ကျေးရွာအုပ်စု ဒေသခံများကို ဆီဆိုင်တွင် ဈေး လာရောက်ဝယ်ယူခွင့် တားမြစ်ခဲ့သည်။

ထိုဒေသက ပြည်သူများသည် ဆီဆိုင်မြို့အတွင်း ဝင်ထွက်လျှင် စစ်ကောင်းနှင့် PNO က စစ်ဆေးမှုတင်းကြပ်ပြီး ဝယ်ယူထားသည့် စားသုံးကုန်များကိုလည်း သိမ်းဆည်း ထားကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

သျှမ်းပြည်တွင်း ဆီဆိုင် (ပုံဟောင်း)

“သူတို့ ဘာလို့ ဒီလိုလုပ်လိုက်လဲ ဆိုတာကတော့ ပြည်သူတွေကို သံသယရှိလို့ထင်တယ်။ အဲဘက်ရွာက တော်လှန်ရေး တပ်သားတွေ ၊PDFတွေ PNLAတို့ နေတဲ့ နေရာနဲ့ နီးတယ်။ သူတို့ကို PNOနဲ့ စစ်ကောင်စီက PDFတွေ အတွက် ဈေးဝယ်ပေးနေတယ် အထင်နဲ့ တားမြစ်တာဖြစ်မယ်။ ပြီးရင် ဒေသခံဆိုပြီး ဆီဆိုင်မြို့ထဲ အဝင်အထွက် လုပ်နေတဲ့ PDFတွေလည်း ရှိတော့ အခုလို ပိတ်လိုက်တာ ဖြစ်မယ်။” ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တောင်ရှေ့ ကျေးရွာအုပ်စုသည့် ရေရှားပါးသည့် ဒေသဖြစ်ပြီး ဆီဆိုင်မြို့တွင် စားသုံးကုန်များ ဝယ်ယူခွင့် ပိတ်ထားသောကြောင့် ယခင်က စုဆောင်းထားသည့် သီးနှံများကိုသာ အမှီပြု စားသောက်နေကြရသည်ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် (ဇန်နဝါရီလ ပထမ ပတ်) တွင် စစ်ကောင်စီမှ နောင်ထောဝ် ကျေးရွာဖက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနီးနားရှိ လွယ်တဖြီးတောင်တွင် တည်ထားသည့် ဘုရားဆင်းတုတော်ကို ထိမှန်ခဲ့ပြီး ယခုကာလတွင် ပြုပြင်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ထိုကဲ့သို့ ပြုပြင်မှုများ ပြုလုပ်နေခြင်းကြောင့် တောင်ရှေ့ကျေးရွာအုပ်စုကို ဈေးသုံးခွင့် ယာယီပြန်လည်ခွင့် ပြုထားသော်လည်း ဆီဆိုင်ဈေးတွင် လာရောက်ဝယ်ယူသူ နည်းပါးနေသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။

“အခုရက်ပိုင်းမှ တောင်ရှေ့က လူတွေကို ဈေးဝယ်ခွင့်ပေးတာ။အဲဒါတောင် လွယ်တဖြီးမှာ ဘုရားတည်နေလို့ဈေးဝယ်လို့ ရတာ ။ဘုရားပြန်လည် ပြုပြင်နေတဲ့ တောင်ကိုသွားဖို့ တောင်ရှေ့ကျေးရွာအုပ်စုကို ဖြတ်ပြီးမှ သွားရတော့ ခွင့်ပြုထားတာ။ ဒါပေမဲ့ ဈေးလာတဲ့သူ သိပ်မရှိဘူး အစစ်ဆေးကလည်း ကြမ်းတယ်လေ။” ဟု ၎င်း မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလက်ရှိ ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဒရုန်းဖြင့် ဗုံးကြဲခြင်းများ လုပ်ဆောင်နေပြီး ဒေသခံများ ကြောက်လန့်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၆ ရက်)တွင် စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကောင်ထိုကျေးရွာမှ စပါးသယ်ပြီး ပြန်လာသည့် လင်မယားနှစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းခမ်းကူ ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...