စျေးသုံးခွင့်ပိတ်
ဆီဆိုင်ရှိ ကျေးရွာအုပ်စုအချို့ကို စစ်ကောင်စီနှင့် PNO ကဈေးသုံးခွင့် ပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စုကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က ဆီဆိုင်မြို့အတွင်း ဈေးလာသုံးခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၊ PNOနှင့် PNLA တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲ ဖြစ်ပွားရာ အနီးတဝိုက် တွင်ရှိသည့် တောင်ရှေ့ကျေးရွာအုပ်စုသည် ဆီဆိုင်မြို့နှင့် နာရီဝက်မျှသာ သွားလာရပြီး စားသုံးကုန်စည်များကို...





