CATEGORY

လူ့အခွင့်အရေး

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

“သျှမ်းပြည်အမျိုးသားနေ့” TNLA ထိန်းချုပ် သီပေါမြို့ဝင်ဆိုင်းဘုတ် သျှမ်း၊အင်္ဂလိပ် အမည်စာလုံး ဖျက်ဆီးခံရ၊ သျှမ်းပြည်မြေပုံ အရောင်ပြောင်းဆေးခြယ်

သျှမ်းပြည် သီပေါမြို့အဝင် ဆိုင်းဘုတ်ရှိ သျှမ်း၊အင်္ဂလိပ် ဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့အမည်စာလုံး ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နံနက်ပိုင်းမှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား (၂)ဉီး သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် လွယ်ချယ်-တပူး ရွာ လမ်းခွဲတွင် စပါးသယ်ပြီး ပြန်လာသည့် အရပ်သားနှစ်ဦးသည် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၆)ရက် နေ့လည် (၂)နာရီတွင် ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာနေ ခွန်ဖါလိန်နှင့်ဇနီး နန်းဆွေတို့ တောင်ယာမှ စပါးသယ်ပြီး ပြန်လာစဉ်...

စစ်ကောင်စီမှ မိုးဗြဲမြို့ကို ပြည်လည်ထိန်းချုပ်နိုင်ရန် တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက် လာသောကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှ ထိတွေ့တိုက်ပွားဖြစ်နေသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ( ၅ )ရက်တွင် စစ်ကောင်စီတပ်နှင့် KNDF တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့်...

နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု အပြင်းအထန်ပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေပြီး ဒေသခံ ၁ဦး ဒဏ်ရာရရှိနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ...

နမ့်ခမ်းမြို့ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံး ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တောင်ယာထဲ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံးကို ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညနေ ၃ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် နောင်တိန်းကျေးရွာ၌ တောင်ယာထဲ ကြံစိုက်နေစဉ်...

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ရွှေမြို့နယ် ပြည်သူ ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် ဘုရားတောင် လွယ်နွဲ့ကျေးရွာနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၇ နာရီကျော်အချိန်တွင်...

ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ...

ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ငွေညစ် တောင်ခံနေ

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ၍ ငွေညစ်တောင်းခံ နေကြောင်း သတင်းရရှိသည်။ ကွန်ဟိန်းမြို့‌ပေါ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ နှစ် နှစ်လည် လောက်မှ စတက်၍ ပြည်သူ့စစ်မှုထမ်းရန် ငွေကြေး ကောက်ခံသည့်အပြင်၊ စစ်အသုံးစရိတ်ဟုဆိပြီး ခေါင်းစဉ်တပ်ကာ ငွေညစ်‌တောင်းခံမှုများ ပြုလုပ်နေကြောင်း ကွန်ဟိန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်နေသည့် စစ်တပ် ဘက်တော်သားများအား ပြတ်ပြတ်သားသား အရေးယူမည်ဟု စစ်ခေါင်းဆောင် ဆို

တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွင် နယ်မြေအလိုက် တာဝန်ရှိသည့် စစ်တပ် ဘက်တော်သားများ ပတ်သက်နေမှုရှိပါက ထိရောက်စွာ အရေးယူမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး ပြောဆိုလိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ လုပ်ငန်းညှိနှိုင်း...

Latest news