ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု

သျှမ်းပြည် ညောင်ရွှေမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို လကြာမြင့်စွာ သယ်ဆောင်ခွင့် မပေးဘဲ ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စ၍ ယခု ဖေဖော်ဝါရီ လလယ်အထိ (၅) လကျော်ကြာ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင် အိမ်သုံးစက်သုံးဆီပုံးများကိုပါ သယ်ဆောင်ခွင့်မပြုကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့လို ပိတ်ထားလို့ အရင်နှစ်ဝက်လောက် ကတည်းကပဲ ကူညီတာမျိုး မရှိတာ။ အိမ်အတွက် စားသောက်ဖို့လောက်ပဲ ပေးဖြတ်တာပေါ့။ စစ်‌ဘေးရှောင်တွေ ကူညီဖို့ဆိုရင် ပေးမဖြတ်ဘူးပါတဲ့၊ ပစ္စည်းတွေကို သိမ်းထားတာမျိုး လုပ်တယ်။ ဒေသခံတွေ သယ်လာရင်တောင် တော်တော် စကား‌ပြောရတယ်။ ဂိတ်မှာ ပိုက်ဆံလည်း ပေးရတယ်”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO မှ ကုန်ပစ္စည်းများ သယ်ယူခွင့် မပေးသောကြောင့် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာအတွက် အခက်အခဲများ ဖြစ်စေပြီး ဒေသထွက်သည့် ဆန်များကိုသာ ပြန်ဝယ်စားနေရကြောင်းကို စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“ကျနော်တို့က ရွာဒေသကနေထွက်တဲ့ ဆန်ကိုပဲ ပြန်ဝယ်စားရတာပေါ့။ မှော်ဘီမှာ ကုန်ကားတွေ ဖြတ်ရ အရမ်းခက်ပြီး ပေးမဖြတ်လို့လေ။ ထောက်ပံ့ဖို့ကလည်း သွားလာဖို့ အဆင်မပြေတော့ လာကူညီဖို့တောင် ကြောက်နေကြတာပေါ့”ဟု ၎င်းက ပြောသည်။

ညောင်ရွှေမြို့နယ် စစ်ကောင်စီလေကြောင်းကြောင့် ထွက်ပြေးနေရတဲ့ပြည်သူများ

ထိုသို့ ကုန်ပစ္စည်းများကို သယ်ယူရန် မလွယ်ကူသည့်အပြင် ဂိတ်ကြေးများလည်း ပေးဆောင်ရသည့် အတွက်ကြောင့် အချို့သော ကုန်ပစ္စည်းများသည် ညောင်ရွှေမြို့ထက် ပို၍ ကုန်ဈေးနှုန်း မြင့်နေကြောင်း ဒေသခံများက ပြောသည်။

“ကုန်ဈေးနှုန်းတွေက တက်တယ်၊ ဂိတ်မှာ ဆန်တစ်အိတ်ကို သောင်းဂဏန်း ပေးရတယ်။ ကျမတို့က ဈေးပိုပေးပြီး ဝယ်ရတာပေါ့ ဒီစံကားဘက် ရောက်ရင်။ ဒီမှာ ဆီပုံးဝါ တစ်ပုံးကို ၁ သိန်း ၂ သောင်း၊ အဲ့တာတောင် အညံ့ထဲက ပဲရတယ်။ ဆန်ကလည်း ၂၄ ပြည် တစ်အိတ်ကို ၁ သိန်းခွဲလောက် ပေးရတယ်”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းမှော်ဘီစစ်ဆေးရေးဂိတ်တွင် ငွေအဆမတန် တောင်းခံခြင်း၊ စစ်ဆေးမှုများ တင်းကြပ်ခြင်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ထိုလမ်းကြောင်းသည့် မှော်ဘီကျေးရွာ တောင်ဖက် လွိုင်ကော်သွားလမ်း၊ အနောက်ဖက် ပင်လောင်းလမ်း၊ မြောက်ဘက် တောကြီးလမ်းနှင့် အရှေ့ဘက် ဆီဆိုင်မြို့သွားလမ်း ဆုံသည့် နေရာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...