CATEGORY

လူ့အခွင့်အရေး

ဝီဂါများကို တရုတ်ထံပြန်ပို့ခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့ဝင်များ အမေရိကန် ဗီဇာကန့်သတ်ပိတ်ပင်ခံရ

ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဝီဂါလူမျိုး Uyghurs (၄၀) ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့ဝင်များကို အမေရိကန်နိုင်ငံမှ ဗီဇာကန့်သတ် ပိတ်ပင်လိုက်ကြောင်း ယမန်နေ့ (မတ်လ ၁၄ ရက်) ရက်စွဲဖြင့် ကြေညာလိုက်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်တွင် ထိုင်းနိုင်ငံအတွင်း...

စံကားဒေသတွင် PNO မှ ပအိုဝ်းကျေးရွာများကို စစ်သားကောက်ပြီး ကျန်ကျေးရွာများတွင် လစဉ်ဆက်ကြေးကောက်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ပအိုဝ်းလူမျိုးများ နေထိုင်သည့် ကျေးရွာများကို စစ်သားစုဆောင်းမှု ပြုလုပ်နေပြီး အခြားလူမျိုးများထံ လစဉ် ဆက်ကြေး (အခွန်) ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းဘာသာစကား နားလည်သူများကို စစ်သားစုဆောင်ရာတွင် ပိုမိုဉီးစားပေး ကောက်ယူနေပြီး၊ အခြားလူမျိုးများထံ...

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

မိုးကုတ် TNLA မှ မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံထပ်မံထွက်ပြေးရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မတ်လ (၆) ရက်မှ စတင်ပြီး မိုးကုတ်မြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးများကို TNLA ဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ကာ မြို့စောင့်တပ် ဖွဲ့စည်းရန်နှင့် အသက် ၁၈ နှစ်မှ...

မန္တလေး – မူဆယ်လမ်းခရီးတကြော စစ်ကောင်စီဂိတ် စားနပ်ရိက္ခာများသိမ်းဆည်း

မန္တလေး-မူဆယ်လမ်း ခရီးတကြောရှိ စစ်ကောင်စီဂိတ်တွင် ခရီးသည်နှင့်ကားသမားများ သယ်ဆောင်လာသော စားနပ်ရိက္ခာများကို သိမ်းဆည်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် ယခင်အသုံးပြုနေသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းကို ပျက်စီးမှုကြောင့် လက်ရှိတွင် မန္တလေး - တောင်ကြီး - လဲချား - မိုင်းနောင် -...

သိန္နီမြို့မဈေးထဲ ဈေးသည်အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံး

သျှမ်းပြည် သိန္နီမြို့ရှိ မြို့မဈေးထဲတွင် ငါးခြောက်ရောင်းသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိအမျိုးသားတစ်ဉီးက ဓားပြတိုက်ပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) ညနေပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) တွင် ငါးခြောက်ရောင်းနေသော အသက် (၅၀)...

နမ့်စန်မြို့ KTV ဆိုင် ပိုများလာ၊ မူးယစ်ဆေး ပေါ်ပေါ်ထင်ထင် သုံးစွဲနေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် KTV (ကေတီဗွီ) ဆိုင်များ ယခင်ကထက် ပိုများလာပြီး အထဲတွင် မူးယစ်ဆေးဝါးများပါ ပေါ်ပေါ်ထင်ထင် သုံးစွဲခွင့်ရနေကြောင်း စုံစမ်းသိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် နမ့်စန်မြို့အတွင်းရှိ နာမည်ကြီး ကလပ်၊ ဘားများနှင့် KTV များ၊ လောင်းကစားရုံ၊ ပွဲများတွင် မူးယစ်ဆေးဝါးများကို လွယ်ကူစွာ သုံးစွဲခွင့် ရရှိနေပြီး...

အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များ ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေး

‌သျှမ်းပြည် ကလောမြို့နယ် အောင်ပန်းမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင်အချို့သည် ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆေးရေး” တိုက်ပွဲများနှင့် ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ကလောမြို့နယ်...

တောင်လေးလုံးထောင်တွင် ရေမလုံလောက်မှုကြောင့် ထောင်သားများ ယားနာအဖြစ်များ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်လေးလုံး ထောင်တွင် ရေလုံလောက်မှုမရှိသောကြောင့် ယားနာများ အဖြစ်များနေကြသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ နွေရာသီရောက်လာချိန်တွင် ထောင်တွင်း၌ ရေရှားပါးခြင်းကြောင့် အကျဉ်းသားများ ရေလုံလောက်စွာ သုံးစွဲခွင့်မရသဖြင့် ယားနာများ ဖြစ်ပွားနေကြောင်း၊ ရေလုံလောက်စွာ သုံးစွဲလိုလျှင် ကျပ်ငွေ တစ်သိန်းခွဲပေးရကြောင်း အကျဉ်းသားမိသားစုဝင်နှင့်နီးစပ်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ထောင်ထဲမှာက ယားနာတွေ ဖြစ်နေကြတယ်။...

နမ့်ခမ်း TNLA မှ ဆေးဆိုင်ဆေးခန်းများကို အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲဖြစ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးဆိုင်ဆေးခန်းများကို TNLA မှ အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းနှင့် ဆေးပစ္စည်းဆိုင်များကို အခွန်ကောက်ခံခဲ့ရာ...

Latest news