အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များ ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေး

‌သျှမ်းပြည် ကလောမြို့နယ် အောင်ပန်းမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင်အချို့သည် ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆေးရေး” တိုက်ပွဲများနှင့် ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ကလောမြို့နယ် အောင်ပန်းမြို့သို့ စစ်ဘေးရှောင်များ ရောက်ရှိတိမ်းရှောင်လာခဲ့သည်။

‌အောင်ပန်းမြို့တွင် လက်ရှိ စစ်‌ဘေးရှောင် ၅ ထောင်ခန့် ကျန်ရှိနေသော်လည်း ၎င်းတို့မှာ နေရပ်ပြန်ရန် အခက်အခဲများ ရှိနေသည့်အပြင် နေအိမ်ပျက်စီးမှု၊ နေရပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုတို့ကြောင့် နေရပ်မပြန်နိုင်သော စစ်ဘေး‌ရှောင်များ ကျန်ရှိနေကြောင်း စစ်‌ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောင်ပန်းသို့ စစ်ရှောင်လာစဉ်

“ကျန်နေတာတွေလည်း များတယ်၊ တချို့က‌တော့ နေရပ်ပြန်ကြတယ။ အိမ်ပြန်ကြည့်ပြီးတော့ နေအိမ်မရှိလို့ နေမရလို့ ပြန်လာတာမျိုးလည်း ရှိတယ်။ အိုးအိမ်တွေ မရှိလို့ ဒီမှာနေနေရတာလေ၊ နေရပ်ကို တခြားမြို့တွေလို ပြန်ခိုင်းတာမျိုးတွေတော့ မကြားမိသေးဘူး” ဟု ၎င်းစစ်‌ဘေးရှောင်ကူညီသူ အမျိုးသားက ပြောသည်။

ထိုစစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်နှင့် အငှားအိမ်ခန်းတွင် ငှားရမ်း၍ နေထိုင်ကြကာ အလုပ်အကိုင်နှင့် အလှူရှင်များ ရှားပါး၍ ခက်ခဲနေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားက ဆက်ပြောသည်။

“‌ဘုန်းကြီးကျောင်းမှာ နေကြတာလည်း ခုထိ ရှိနေတုန်းပဲ။ စားဝတ်နေရေးကတော့ ကိုယ့်ဟာကို လုပ်ကိုင် စားသောက်နေရတာ။ တချို့ကလည်း လမ်းဘေးမှာ ဈေးလေးရောင်း၊ တချို့လည်း နေ့စားလိုက်နေရတုန်းပဲ။ အလှူရှင်လည်း မရှိတော့ဘူး၊ အလုပ်လည်းရှားတယ်။ ကျနော်တို့လည်း အသိတွေဆီ၊ မြို့က လူတွေဆီ ပြန်ပြီး အလှူခံရတာမျိုးတော့ လုပ်နေရတာပေါ့” ဟု စစ်‌ဘေးရှောင်ကူညီသူ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလမှ စ၍ စစ်ဘေးရှောင်များအတွက် ကူညီသည့် အဖွဲ့များ မရှိခဲ့ကြောင်း သိရပြီး၊ လက်ရှိ အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်အချို့သည် ကြုံရာ ကျပန်းအလုပ်ကို လုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနေရသော်လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ကလောမြို့နယ် အောင်ပန်းမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင်များသည် သျှမ်း-ကရင်နီနယ်စပ်မှ လာသော စစ်ဘေးရှောင်များ၊ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တို့မှ လာသော စစ်ဘေးရှောင်များ ကျန်ရှိနေပြီး ထိုစစ်ဘေးရှောင် (၅) ထောင်ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိအချိန်ထိ သျှမ်း – ကရင်နီ နယ်စပ်တကြောဖြစ်သည့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နေ့စဉ်ထိတွေ့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...