မန္တလေး – မူဆယ်လမ်းခရီးတကြော စစ်ကောင်စီဂိတ် စားနပ်ရိက္ခာများသိမ်းဆည်း

မန္တလေး-မူဆယ်လမ်း ခရီးတကြောရှိ စစ်ကောင်စီဂိတ်တွင် ခရီးသည်နှင့်ကားသမားများ သယ်ဆောင်လာသော စားနပ်ရိက္ခာများကို သိမ်းဆည်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် ယခင်အသုံးပြုနေသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းကို ပျက်စီးမှုကြောင့် လက်ရှိတွင် မန္တလေး – တောင်ကြီး – လဲချား – မိုင်းနောင် – မိုင်းရယ် – သိန္နီ – ကွတ်ခိုင် – မူဆယ် လမ်းကို အသုံးပြုနေရသည်။

ထိုလမ်းကြော တလျောက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ယခင်ကထက်ပိုများလာသည်။

စစ်ကောင်စီ မှ သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” လမ်းတကြောသို့ တင်ပို့ရန် ကန့်သတ်ခံထားရသည့် ကုန်ပစ္စည်းနှင့် စားနပ်ရိက္ခာများမှာ ဆန်၊ ဆီ၊ ဆားအပြင် လျှစ်စစ်ပစ္စည်း၊ ကုန်မာ ၊ ရေပိုက် နှင့် စက်သုံးဆီများဖြစ်ကြောင်း သိရသည်။

“ အဓိကတော့ စစ်ကောင်စီဂိတ်မှာ စစ်ဆေးမှုကြမ်းတဲ့အပြင် သူတို့တားမြစ်ထားတဲ့ စားနပ်ရိက္ခာ ဆန်၊ဆီ၊ဆားတွေ ပါရင်လည်းသိမ်းတယ်။ နောက် စက်သုံးဆီပါရင်လည်း သိမ်းတယ်” ဟု လမ်းခရီးတွင် ကိုယ်တိုင်ကြုံတွေ့သည့် အသက် ၄၀ အရွယ်ရှိ ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မန္တလေး-မူဆယ်လမ်းကြောတွင် အစစ်ဆေးကြမ်းသည့်ဂိတ်များမှာ တောင်ကြီး ၄ မိုင်းဂိတ်၊ မိုင်းနောင် စစ်ဆေးရးဂိတ် အပြင် ပင်လုံမြို့ ၊ လဲချားမြို့ ၊ မိုင်းကိုင်မြို့ရှိ စစ်ဆေးရေးဂိတ်များဖြစ်ကြောင်း ၎င်းကပြောသည်။

“ အခုက ကုန်ပစ္စည်းတင်ရင်လည်းရစ်တယ် ဆန်ဆီဆာတင်ရင်သိမ်း၊ တချို့ကားသမားတွေ စက်သုံးဆီကို လမ်းမှာထည့်ဖို့တင်လာလည်း သိမ်းတယ်။ “ ဟု ၎င်းက ဆိုသည်။

မန္တလေး-မူဆယ် လက်ရှိအသုံးပြုနေသည့်လမ်းပိုင်း

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်းသို့ သွားမည့် ပြည်သူများသည် ၁၃မျဉ်းစောင်း မဟုတ်လျှင်လည်း ငွေကြေး ကောက်ခံမှုများရှိကြောင်း သိရသည်။

“ ၁၃မျဉ်းစောင်း မဟုတ်ရင်တော့ ရစ်တယ်။ပြီးတော့ တစ်ယောက်ကို ၁ သောင်းလောက် တောင်းတယ်။” ဟု အသက် ၅၀နှစ်အရွယ် ကားသမားတစ်ဉီးက ပြောသည်။

လက်ရှိ မန္တလေး-မူဆယ် အသုံးပြုနေသည့်လမ်းကြောသည် စစ်ကောင်စီတပ်အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များလည်း လှုပ်ရှားသည့်နယ်မြေဖြစ်သဖြင့် ယခင်ကထက် ခရီးစရိတ် ပိုကုန်ကြောင်း လည်း ၎င်းကားသမားက ထပ်လောင်းပြောသည်။

“ စစ်ကောင်စီရော သျှမ်းတပ်ရောပေးရတယ်။ အဲ့မှာလှုပ်ရှားနေတဲ့တပ်တွေပေါ့။ သူတို့တောင်းရင်တော့ ပေးရမှာပဲလေ။” ဟု ၎င်းက ထပ်လောင်းပြောသည်။

ကားသမားများနှင့် ခရီးသည်များလည်း ဝမ်းရေး၊ ကျန်းမာရေး အတွက်သာ သွားလာနေရသည့်အတွက် အစစရာရာ ခက်ခဲနေကြောင်း၊ မန္တလေး -မူဆယ်သည် ယခင်”၁၀၂၇စစ်ဆင်ရေး” မတိုင်ခင်တွင် တရက်တည်း ရောက်သည့်ခရီးဖြစ်ကာ လက်ရှိတွင် လမ်းတွင် နှစ်ညအိပ် ၃ရက်ခရီးဖြစ်သဖြင့် ငွေကြေးကုန်ကြမှုများကြောင်းလည်း ခရီးသွား အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျမတို့လည်း ကျန်းမာရေးပြစရာရှိလို့သာ မန္တလေးသွားနေရတာ၊ ကုန်ကျစရိတ်က အရင်နဲ့ဆိုရင် ၃ဆရှိတယ်။ အချိန်လည်းကုန်တယ်။ လမ်းမှာလည်း စိုးရိမ်စိတ်နဲ့သွားနေရတာ” ဟု ၎င်းအမျိုးသမီးကဆိုသည်။

ဆက်လက်ပြီး အသက် ၄၀အရွယ်ရှိကားသမားက “ ကျနော်တို့ တခါသွားရင် ဘယ်လောက်မှ မကျန်ဘူး။ လမ်းမှာဂိတ်တွေကလည်း များတော့ ဘာဂိတ် ဘာကြေးတွေလဲမသိဘူး မပေးလို့လည်းမရဘူးလေ။ လုပ်စားရတာ အရမ်းကျပ်တည်းလာတယ်” ဟု ကားသမားက ဆိုပြန်သည်။

သျှမ်းပြည်တွင် “၁၀၂၇ စစ်ဆင်ရေး” စစ်ကောစီနှင့် ညီနောင်မဟာမိတ်တို့၏ တိုက်ပွဲများကြောင့် လမ်းပန်း ဆက်သွယ်‌ရေးများ၊တံတား ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ မူဆယ် – လားရှိုး – ကျောက်မဲ – ပြင်ဦးလွင် – မန္တလေး လမ်းပိုင်းကို လက်နက်ကိုင်များက ဖြတ်သန်းသွားလာခွင့် မပြုသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...