နမ့်စန်မြို့ KTV ဆိုင် ပိုများလာ၊ မူးယစ်ဆေး ပေါ်ပေါ်ထင်ထင် သုံးစွဲနေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် KTV (ကေတီဗွီ) ဆိုင်များ ယခင်ကထက် ပိုများလာပြီး အထဲတွင် မူးယစ်ဆေးဝါးများပါ ပေါ်ပေါ်ထင်ထင် သုံးစွဲခွင့်ရနေကြောင်း စုံစမ်းသိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နမ့်စန်မြို့အတွင်းရှိ နာမည်ကြီး ကလပ်၊ ဘားများနှင့် KTV များ၊ လောင်းကစားရုံ၊ ပွဲများတွင် မူးယစ်ဆေးဝါးများကို လွယ်ကူစွာ သုံးစွဲခွင့် ရရှိနေပြီး ၂၄ နာရီ မပြတ် ဖွင့်လှစ်ထားကြောင်း နမ့်စန်မြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း အဆိုပါ KTV ဆိုင်ကြီးနှင့် ဆိုင်ငယ်များ (၄၀) နီးပါးလောက်ထိ တိုးချဲ့ ဖွင့်လှစ်လာသည်။

“အရင်က ရှိတယ် ဆိုရင်တောင် KTV က အလွန်ဆုံး ၃ ခုလောက်ပဲ ရှိတာ။ စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်းမှာပဲ KTV ဆိုင်ကြီးဆိုင်ငယ်တွေ ၄၀ နီးပါးလောက် ရှိလာတယ်။ ဒါတောင် လက်ရှိ ဆောက်နေကြတဲ့ အဆောက်အဦတွေ၊ မဖွင့်ရသေးတဲ့ အသစ်တွေ ရှိသေးတယ်။ ၂၄ နာရီ လုံးလုံးကို ဖွင့်တာ၊ ပြီးတော့ မူးယစ်ဆေးတွေလည်း စိတ်ကြိုက်ရတော့ ပိုဆိုးတာပေါ့” ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိ နမ့်စန်မြို့တွင် KTV ဆိုင်အတွင်းရှိ ဟိုင်းခန်း (သီးသန့်ခန်း) များအတွက် ဈေးနှုန်း အမျိုးမျိုးရှိပြီး တစ်နာရီ အနည်းဆုံးဈေး တစ်သိန်းကျပ်မှ စတင်ပြီး ကျပ်သိန်းရာချီအထိ ပေးရကြောင်း ၎င်းက ဆက်ပြောသည်။

နမ့်စန်မြို့ပေါ်က KTV ခန်းတစ်ခု

KTV များတွင် မူးယစ်ဆေး အမျိုးအစား စုံစုံလင်လင် ရရှိပြီး လက်ရှိခေတ်စားနေသည့် မူးယစ်ဆေးဝါး အမျိုးအစားများဖြစ်သည့် ကေ K ၊ အီး E ၊ ဟက်ပီးဝါးတား Happy Water ၊ ရွှေ၊ ဂျယ်လီ စသည်ဖြင့် ရရှိနိုင်ပြီး စိတ်ကြွဆေးများကို တစ်လုံးလျှင် ကျပ်လေးသောင်းနှင့် ကေ K မူးယစ်ဆေးဝါး တစ်ထုပ်လျှင် ကျပ်ငါးသောင်း ဈေးပေါက်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နမ့်စန်မြို့ရှိ နာမည်ကြီး ကလပ် Club နှင့် ဘား Bar များတွင် Party Drug ကို လွယ်ကူစွာ ရရှိနေသကဲ့သို့ သုံးစွဲသည့် လူငယ်များ ပိုမိုများပြားလာကာ အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် လူငယ်များပါ ပေါ်ပေါ်ထင်ထင် သုံးစွဲနေကြောင်း နမ့်စန်ဒေသခံ အသက် ၅၀ ကျော် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘေးထွက်ဆိုးကျိုး များစွာရှိနေသော်လည်း လွယ်ကူစွာ သုံးခွင့်ရနေသည့် မူးယစ်ဆေးဝါးကို လူငယ်များက စိတ်ထွက်ပေါက် တစ်ခုအဖြစ် သုံးစွဲမှု များလာနေခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“KTV နဲ့ Bar တို့ ဆိုင်တွေမှာဆို K ၊ E ၊ Happy Water တို့ တခြား အမျိုးအစားတွေ အများကြီးထဲမှာ ဈေးနှုန်းအမျိုးမျိုး ရှိတယ်။ အသက် ၁၅ နှစ်၊ ၁၆ နှစ်တွေတောင် သုံးကြတယ်။ လူငယ်တွေက စိတ်ထွက်ပေါက်အနေနဲ့ သုံးရင်း စွဲသွားတာမျိုးလည်း တော်တော်များလာတယ်။ KTV အခန်း ၁နာရီ အနည်းဆုံးဈေး တစ်သိန်းကနေ ညလုံးပေါက်နေရင် သိန်းရာချီထိ ကုန်တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ရှင်းပြသည်။

Ketamine Hydrochloride အတိုကောက်အားဖြင့် ကေ K ဟု ခေါ်ဆိုကြသည့် ၎င်းမူးယစ်ဆေးဝါးသည် အဖြူရောင် အမှုန့်ဖြစ်ပြီး နှာခေါင်းရှူရှိုက်ရသည့် စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖြစ်ကြောင်း သိရသည်။

Happy Water ဆိုသည်မှာ ကော်ဖီအမှုန့်ပုံစံ ကော်ဖီအနံ့နှင့် သစ်သီးအနံ့ စသဖြင့် အရသာ အမျိုးမျိုးရှိပြီး ရေနွေးကြမ်းခွက် ပမာဏကို ကျွဲရိုင်းအချိုရည်ဖြင့် ရောကာ သောက်သုံးရသည်။

သျှမ်းပြည်တောင်ပိုင်းတင် မကဘဲ သျှမ်းပြည်မြောက်ပိုင်း၊ သျှမ်းပြည်အရှေ့ပိုင်း ၊ ထိုင်း-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာ နယ်စပ်တကြော မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေတီဗွီ(KTV)များ၌ မူးယစ်ဆေးဝါး ရောင်းချမှု ပိုမိုမြင့်တက်နေကြောင်း သိရသည်။

မြို့နယ်အသီးသီးတွင်ရှိ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူစစ် ပူးပေါင်းပြီး KTV များတွင် မူးယစ်ဆေးဝါးများကို စိတ်တိုင်းကျ ရောင်းချခွင့်ရနေပြီး၊ ၎င်းနေရာတွင် စိတ်ကြွဆေးဝါးများကို အလွယ်တကူ သုံးစွဲနိုင်ကြသည်ဟု ဒေသခံပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...