တောင်လေးလုံးထောင်တွင် ရေမလုံလောက်မှုကြောင့် ထောင်သားများ ယားနာအဖြစ်များ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်လေးလုံး ထောင်တွင် ရေလုံလောက်မှုမရှိသောကြောင့် ယားနာများ အဖြစ်များနေကြသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

နွေရာသီရောက်လာချိန်တွင် ထောင်တွင်း၌ ရေရှားပါးခြင်းကြောင့် အကျဉ်းသားများ ရေလုံလောက်စွာ သုံးစွဲခွင့်မရသဖြင့် ယားနာများ ဖြစ်ပွားနေကြောင်း၊ ရေလုံလောက်စွာ သုံးစွဲလိုလျှင် ကျပ်ငွေ တစ်သိန်းခွဲပေးရကြောင်း အကျဉ်းသားမိသားစုဝင်နှင့်နီးစပ်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထောင်ထဲမှာက ယားနာတွေ ဖြစ်နေကြတယ်။ သူတို့က ရေကောင်းကောင်းမသုံးရလို့ပြောတယ်။ ရေကောင်းကောင်း သုံးချင်ရင်တော့ တစ်လကို ကျပ်(တစ်သိန်းခွဲ)တန် အဆောင်ငှားနေမှ ရတာ။ပိုက်ဆံ မတတ်နိုင်တဲ့ သူဆို ပိုဒုက္ခရောက်တာပေါ့။” ဟု ၎င်း ကဆိုသည်။

ထို့ပြင် ယားနာဖြစ်လျှင်လည်း ပြင်ပဆေးဝါးများ သုံးစွဲခွင့်ပိတ်ထားသကဲ့သို့ ယားနာဆေးကိုလည်း ထောင်တွင်း၌ ဝယ်ယူခွင့်မရကြောင်း သိရသည်။

“ ပြင်ပ ကပို့တဲ့ဆေးလည်း မသုံးရဘူး။ ကိုယ်လိုချင်တဲ့ဆေးလည်း ထောင်တွင်းမှာ ဝယ်မရဘူး။ သူတို့ဆီမှာ ရှိတဲ့ ဆေးဝါးတွေပဲ ပေးသုံးတာ။” ဟု ၎င်း နီးစပ်သူက ထပ်လောင်းပြောသည်။

လက်ရှိတွင် ထောင်ဝင်စာကို တစ်လလျှင် တစ်ကြိမ်သာ တွေ့ခွင့်ရသော်လည်း တစ်နေကုန်စောင့်ဆိုင်းပြီးမှ ဝင်တွေ့ခွင့်ရသည်။

ဆက်လက်ပြီး ယခင်တွင် ထောင်မှ တာဝန်ရှိသူများကို လဘက်ရည်ဖိုး ကျပ်ငွေ ၅ ထောင်လောက်ပေးပြီး တွေ့ခွင့်ရသော်လည်း လက်ရှိတွင် ကျပ်(တစ်သိန်း)လောက်အထိ ပေးမှ တွေ့ခွင့်ရသည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး ကုန်စျေးနှုန်းမြင့်တက်မှု နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထောင်ဝင်စားများကို ပုံမှန်မပို့နိုင်ကြောင်း အကျဉ်းသား မိသားစုဝင်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုနိုင်ငံရေးအခြေနေတွေ ယော ကုန်ဈေးနူန်းလဲတက်တော့ ဘာမှ လုပ်စားလို့မလွယ်ဘူး။ ကိုယ့်မိသားစုတောင် မငတ်ရုံလေးပဲရှိတယ်။ တောင်ဝင်စာ သွားတွေ့ရင်လည်း တော်တော်ကုန်တာ။ ကိုယ်စားဖို့ ထက် အထဲရောက်နေတဲ့ သားအဆင်ပြေဖို့ ပိုကြိုးစားရတာပေါ့လေ။” ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ထောင်ဝင်စာပို့လျှင် ဟင်းစားများကိုသာ ပို့ခွင့်ရပြီး မုန့်ပဲသရေစာ များကို ပို့ဆောင်ခွင့်မပေးဘဲ ထောင်တွင်း၌သာ ဝယ်ယူစားသုံးကြရကာ ထောင်ဝင်စာပို့သည့် ပစ္စည်းများက အကျဉ်းသားထံ အကုန်ရောက် သည်ဟု ၎င်းကဆက် ပြောသည်။

မြန်မာနိုင်ငံ၏ (၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျခံနေရသည့် အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း( ၅၈၆၄) ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်ပြီး ထိုအထဲမှ နိုင်ငံရေးအကျဉ်းသား (၆၀၀) ပါဝင်သည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်လာသည်။

စစ်ကောင်စီမှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်း သျှမ်းပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားများ မပါဝင်လာကြောင်းနှင့် မြေပြင်စာရင်းအရ နိုင်ငံရေး အကျဉ်းသား (၂၀၀)ဝန်းကျင်သာ ရှိပြီး (၄၀၀)နီးပါး စာရင်းပျောက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)က ပြီးခဲ့သည့် ဇန်နဝါရီလ (၆)ရက်နေ့တွင် ထုတ်ပြန်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...