နမ္မတူမြို့နယ် စစ်ရှောင် (၁၀၀၀)ကျော် အရေးပေါ် စားနိပ်ရိက္ခာလိုအပ်နေ
SHAN -
သျှမ်းမြောက် နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ရှောင်(၁၀၀၀) ကျော် ရှိပြီး၊ စားနပ်ရိက္ခာ အခက်ခဲ ဖြစ်နေကြောင်း စစ်ရှောင်ကူညီပေးသူများထံမှ စုံစမ်းသိရှိရသည်။ “ နမ္မတူမြို့နယ် အတွင်းမှာ ဒီ ၄ ရက် ၅ ရက်အတွင်း ပြေးလာကြတဲ့...
မြန်မာ-တရုတ်နယ်စပ်ဂိတ် တနှစ်ပြည့် ပိတ်ဆိုင်း နယ်စပ်ခြံစိုက်သမားများ အခက်အခဲများစွာရင်ဆိုင်နေရ
SHAN -
မြန်မာ- တရုတ်နယ်စပ်တလျောက်ရှိ နယ်စပ်ဂိတ်ကို တရုတ်အစိုးရ ပိတ်လိုက်သည့်မှာ တနှစ်ပြည့်ပြီဖြစ်ပြီး၊ နယ်စပ်ခြံစိုက်သီးနှံစိုက်ပျိုးသူများအတွက် အခက်ခဲများစွာ ကြုံတွေ့ နေရကြောင်းသိရသည်။ လွန်ခဲ့သည့် ၂၀၂၀ခုနစ် ဧပြီ ၁ရက်တွင် တရုတ်အစိုးရ မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ အကြောင်းပြချက်ဖြင့် နယ်စပ်ဂိတ်များ လူဝင်၊လူထွက်ဂိတ်များကို တရားဝင်ပိတ်လိုက်သည့်အတွက် မူဆယ်၊ နမ့်ခမ်းတွင်နေထိုင်သည့် ခြံစိုက်သီးနှံ...
လားရှိုး စစ်သားစုဆောင်းရေးတပ် တွင်း လက်လုပ်မိုင်း ပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စစ်သားစုဆောင်းရေးတပ် ဝန်းအတွင်း ယနေ့ (ဧပြီ ၂)ရက် နေ့လည်ပိုင်း ၌ လက်လုပ်မိုင်း ပစ်ခံရကြောင်း သတင်းရရှိသည်။ လားရှိုးမြို့ ရပ်ကွက်(၁) ကံကော်လမ်း အမှတ်(၄) စစ်သားစုဆောင်းရေးတပ် ဝန်းအတွင်း ယနေ့ နေ့လည် ၁၂နာရီခွဲဝန်းကျင် တွင် လက်လုပ်မိုင်း ပစ်ခံရပြီး၊ လူထိခိုက်မှုမရှိကြောင်း...
နမ္မတူမြို့နယ် မန်စံ EPC ရုံးဝင်းအတွင်း လက်နက်ကြီး ကျ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးရှိ EPC ရုံးဝင်းအတွင်း ယမန်နေ့ (ဧပြီ ၁)ရက် ည ၈နာရီတွင် လက်နက်ကြီး(၂)လုံး ကျကာ ဝန်ထမ်းတန်းလျား ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁)ရက်တွင် နမ္မတူမြို့နယ် မန်စံကျေးရွာတွင် လက်နက်ကြီး ၂လုံးကျကာ တလုံးသည် EPC...
သီပေါ ဆန္ဒပြစစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ် မီးရှို့သရုပ်ပြ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် တိုင်းရင်းသား လူမျိုးများ သပိတ်စစ်ကြောင်းသည် ၂၀၀၈ အခြေခံ ဥပဒေ စာအုပ်ကို မီးရှို့ သရုပ်ပြသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ဧပြီ (၁) ရက်မနက်ပိုင်း အချိန်တွင် သီပေါမြို့ရှိ တိုင်းရင်းသား လူမျိုးများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ...
ထိုင်းနယ်စပ်ရှိ RCSS/SSA တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ ပြော
SHAN -
မြန်မာ-ထိုင်းနယ်စပ် တွင် စခန်းချထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ မှ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကော်မတီထံ အသိပေးထားသည်သူ သိရသည်။ ထိုစာကို စစ်ကောင်စီ ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက်တွင် ကျိုင်းတုံ မှ...
လားရှိုး ရပ်ကွက်(၅) ရဲကင်းအနီး ပေါက်ကွဲမှု ဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၅) အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရဲကင်း တွင် ယနေ့(မတ် ၃၁)ရက် နေ့လည် (၁)နာရီကျော်တွင် ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ လားရှိုးရပ်ကွက်(၅) အုပ်ချုပ်ရေးမှူး အနီးရှိ ရဲကင်းတွင် ယနေ့ နေ့လည်ပိုင်း (၁)နာရီတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုများလည်း ရှိပြီး၊ လူထိခိုက်မှု...
မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား
SHAN -
မြန်မာ-တရုတ် နယ်စပ် မူဆယ်နှင့် တရုတ်နိုင်ငံ ဂျယ်ဂေါယ် နယ်စပ်ဂိတ်များ ပိတ်လိုက်ကြောင်း ကနဦး သတင်းအရ သိရသည်။ မတ် (၂၉) ရက်နေ့က ကျယ်ဂေါင်ဘက်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈) ဦး ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ပြည်ဘက်မှာ နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ခြင်း၊ ရွှေလီ...
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်း သုဿာန်တွင် ယမန်နေ့ (မတ် ၂၉ )ရက် ည ၉ နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အလောင်း (၇)လောင်းထက်မနည်း လာရောက် မီးသဂြိုဟ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ အကြမ်းဖက် စစ်ကောင်စီမှ အောင်ပန်း သုဿန် သို့...
မူဆယ်မြို့တွင် ဆန္ဒပြ အမျိုးသား တဦး ခေါင်းကျည်ထိ ကျဆုံး
SHAN -
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ယနေ့ (မတ် ၃၀)ရက်တွင် အကြမ်းဖက်စစ်ကောင်စီ မှ sinper(စနှိုက်ဘာ) သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြနေသည့် လူတစ်ဦး ခေါင်းကျည်ထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ် ၃၀)ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရှိ အမှတ် (၂)...





