သီပေါ လူငယ်များနှင့် စစ်ရှောင်ပို့ရန် ရိက္ခာများကို စစ်ကောင်စီ ဖမ်းဆီး သိမ်းဆည်း

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို ရိက္ခာပို့ရန်ပြင်ဆင်သည့် သူများကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မေ (၁၉) ရက်နေ့တွင် ပန်သပြေရှိ စစ်ရှောင်စခန်းများအတွက် ရိက္ခာများ ပြင်ဆင်နေချိန် စစ်ကောင်စီအုပ်စု က ကား(၃) စီးပေါ် ရှိရိက္ခာကို မသင်္ကာသဖြင့် ရိက္ခာတင်ထားသည့်ကားနှင့် ကားဆရာ အပါအဝင် လူငယ်(၁၀)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင် သိရသည်။

“သူတို့ စလာဖမ်းချိန်က မေးစရာလေးတွေရှိလို့ ကားပေါ်မှာဘာတွေဘာလဲ မသင်္ကာတဲ့ ပုံစံမျိုးနဲ့ ဖမ်းတယ်။ စစ်ပြီးတော့ ပြန်လွှတ်ပေးမယ်လို့တော့ ပြောပေါ့နော်။ မနေ့ညကတည်းက ကားပေါ်ကပါတဲ့ ပစ္စည်း အကုန်ချပြီးတော့ ပစ္စည်းတွေ စစ်တယ်”ဟု သီပေါဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ (၁၀) ဦးကို သီပေါမြို့ရှိ နယ်မြေခံ (၂၃) တပ်မှာ စစ်ဆေးပြီး ယနေ့ မနက်တွင် သီပေါရဲစခန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဒီနေ့ လွှတ်ဖို့တော့ ရှိတယ်။ တပ်ထဲကနေ အခု စခန်းရောက်နေပြီ အုပ်ထိန်းသူက လာထုတ်ပေးရင် ပြန်လွှတ်ပေးမယ်လို့ပြောတယ်။ ပြောတုန်း ကတော့ ရိက္ခာတွေ ပြန်ပေးမယ်လို့တော့ပြောတယ် ယူသွားတဲ့အတိုင်း ပါလား မပါလား တစ်ချက်ပြန်ကြည့်ရမယ်။” ဟု သီပေါဒေသခံ တစ်ဦး ကပြောသည်။

ပန်သပြေရွာတွင် ရှိသည့် စစ်ရှောင်စခန်းကို အလှူရှင်းများ လှူဒါန်းလာသည့် ပစ္စည်းများကို သွားရောက်ပို့ဆောင်ရန် ပြင်ဆင်နေချိန် စစ်ကောင်စီ က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ ကြောင်း သိရသည်။

သီပေါမြို့တွင် ယခုရက်ပိုင်းတွင် ဆန္ဒပြလူငယ်များကို စစ်ဗျုဟာမှူးကိုယ်တိုင် လိုက်လံ ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နေကြောင်း တင်းကြပ်မှုရှိနေကြောင်း သီပေါဒေသခံများက ပြောသည်။

“ဘယ်သူ့ကိုဖမ်းမယ် ဘယ်ကိုသွားမယ်ဆိုတာ နယ်မြေခံရဲတွေ တပ်တွေကို အသိမပေးတော့ပဲနဲ့ ဗျုဟာမှူးကိုယ်တိုင် လှုပ်ရှားနေတယ်။ ပြည်သူတွေ တော်တော်များများကလည်း ဘယ်သူ့ကို လာဖမ်းမယ် ဘယ်ချိန်ဝင်ဖမ်းမယ်ဆိုတာ စိုးရိမ်စိတ်နဲ့ နေကြတယ်။” ဟု သီပေါလူငယ် တစ်ဦး ကပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် သီပေါမြို့နယ် တွင် နမ္မတူဘက်မှ ရောက်လာသည့် စစ်ဘေးရှောင်နှင့် နမ့်လန်ဘက်မှ ရောက်ရှိလာသည့် စစ်ဘေးရှောင် စုစုပေါင်း (၂၀၀၀) ခန့်ရှိကြောင်း သိရသည်။

ထိုစစ်ရှောင်များအတွက် စားနိပ်ရိက္ခာ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ အထူးလိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...