Wednesday, January 28, 2026

နမ့်လန်မြို့ဝမ်စိမ်းကျေရွာ စစ်ရှောင် (၂၅၀၀) ကျော် အတွက် စားနပ်ရိက္ခာ လိုအပ်

သျှမ်းမြောက် သီပေါမြို့နယ် နမ်လန်မြို့ ဝမ်စိမ်းကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်သည့် စစ်ရှောင် (၂၅၀၀)ကျော် အတွက် စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။

နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာအနီး တွင် ယမန်နေ့ (မေ ၁၉ )ရက် မနက်(၅)နာရီ မှစတင်ကာ RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယနေ့ချိန်ထိ စစ်ရေး တင်းမာနေကြောင်း သိရသည်။

တိုက်ပွဲကြောင့် နမ့်လန်မြို့ဝမ်စိမ်းကျေးရွာ အုပ်စု ဝမ်စိမ်းဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည့် စစ်ရှောင် (၂၅၁၀)ဦး သည် ကောင်းခမ်းရွာ၊ ပန်ဆိမ်ရွာ၊ စံကားရွာ၊ ကုံးမုံရွာ၊ ဟိုနမ့်ရွာ၊ ဝမ်တပ်ရွာ၊ ကုံးရုံးရွာ၊ နှင့် ကုံးညုရွာ မှ ဒေသခံများဖြစ်ကြောင်း သိရသည်။

“ စစ်ရှောင်တော်တော်များများရောက်လာတယ်။ အခက်အခဲကတော့ အများကြီးပဲ။ အစားအသောက်တွေလိုတယ်။ ဆေးဝါးတွေလည်းလိုတယ်” ဟု စစ်ဘေးရှောင်ကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ တကိုယ်ရေသုံးပစ္စည်းများနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများကို အဓိက လိုအပ်နေကြောင်းသိရသည်။

“ ထွက်ပြေးလာတဲ့သူတွေ က တချို့ ဘာမှ မရလာတာရှိတယ်။ တချို့တော့လည်း ပါလာပေမယ့် ရက်ရှည်အတွက် ခက်ခဲတယ်။ တိုက်ပွဲ ရက်မရှည်ဖို့ပဲလိုတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် အမျိုးသမီးက ပြောသည်။

လက်ရှိ စစ်ရှောင်(၂၅၁၀)ဦးရှိနေသဖြင့် ဝမ်စိမ်းဘုန်းကြီးကျောင်းတွင် မဆံ့သဖြင့် တချို့ မိသားစုဝင်များသည် မိမိပါလာသည့် ထော်လဂျီပေါ်တွင် နေထိုင်ရကြောင်း လည်း ၎င်း ကပြောသည်။

တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲရပ်တန့်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသည့် အချိန်ဖြစ်သဖြင့် လက်နက်ကိုင်များ အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး တိုက်ပွဲ အမြန်ရပ်ပေးရန်စေလိုကြောင်း စစ်ဘေးရှောင်များက ပြောဆိုလိုက်သည်။

“ ဒီချိန်ကာလ တိုက်ပွဲမဖြစ်စေချင်ဘူး။ စစ်ရေးက ၂ဖက်လုံးအချိန်မရွေးဖြစ်နိုင်တယ်။ စစ်ရေး တင်းမာမှု မရှိရင်တော့ ကျနော်တို့နေရပ်ပြန်ပြီး တောင်ယာအေးချမ်းလုပ်ချင်တယ်” ဟု စစ်ဘေးရှောင်လာသူ တဦး က ပြောသည်။

သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ( ၃၀၀၀) ကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...