Sunday, May 5, 2024

မူဆယ်မြို့ NLD ပါတီဝင် အမျိုးသားတစ်ဦးဖမ်းဆီးခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ယမန့်နေ့ (မေ ၁၉ ) ရက် နေ့လည် ၂ နာရီတွင် စစ်ကောင်စီမှ NLD ပါတီဝင် အမျိုးသားတစ်ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ နေ့လည် (၂)နာရီ တွင် စစ်ကောင်စီ အုပ်စုသည့် NLD ပါတီဝင် ကိုဇေယျာထွန်း ၏ နေအိမ် ထိဝင်ရောက် လာပြီး၊ တိုင်ကြားသည့်သူရှိသဖြင့် လာရောက်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြောဆိုကာ ဖမ်းဆီးသွားကြောင်း သိရသည်။

“ တိုင်တဲ့သူရှိလို့ပေါ့။ စရဖတွေကို တိုင်တဲ့သူရှိလို့ ဖမ်းသွားတာပါ။ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာပဲ” ဟု ကိုဇေယျာထွန်းနှင့် နီးစပ်သည့် မိတ်ဆွေတဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင်ကိုဇော်ယျာထွန်းကို မူဆယ်မြို့ ရဲစခန်းတွင်ထားရှိပြီး မည်သည် အမှုဖြင့် တရားစွဲဆိုထားသည် ကို မသိရှိရသေးပေ။

“ မူဆယ်ရဲစခန်းမှာရှိတယ်လို့ပဲသိရတယ်။ တွေ့ခွင့်မရဘူး။ အဆက်သွယ်တော့ရတယ်။ ဘာအမှုနဲ့လည်းမေးတော့ မဖြေဘူး။ ဘယ်လိုဆက်လုပ်သွားမှာလဲတော့မသိဘူး။ ကျမတို့ကတော့ စိုးရိမ်းတာပေါ့” ဟု ၎င်း ကပြောသည်။

ကိုဇေယျာထွန်းကို လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီ အုပ်စု သည် အိမ်ကား ၃စီး ဖြင့် စစ်သား၊ ရဲ (၅)ဦး ပါလာကြောင်း သိရသည်။


မူဆယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ဖမ်းဆီးထားသူ စုစုပေါင်း ၃၆ ဦးရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article