နမ္မတူမြို့နယ် ပန်လုံရွာတွင် တိုက်ပွဲအတွင်း အိမ် ၂၈ အိမ် မီးလောင်ပျက်စီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေရွာတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ် (၂၈) လုံးမီးလောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် RCSS တိုက်ပွဲပြင်းထန်းမှုကြောင့် မတ်လ ( ၂၉ ) ရက် တွင်နေအိမ် (၁၂ )လုံးမီးလောင်သွားပြီး ဧပြီ...
နောင်ချိုမြို့ မွမ်းမံသင်တန်းတက် ကျောင်းဆရာမ တဦး က လူငယ်များကို ထမီလှန်ပြ ခြိမ်းခြောက်မှု ပြုလုပ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြနေသည့် လူငယ်များကို ကျောင်းဆရာမတဦးက ထမီလှန်ပြပြီး ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှ စီစဉ်သော မူလတန်းပြဆရာ/ဆရာမများ မွမ်းမံသင်တန်း တက်နေသည့် ပညာရေးဝန်ထမ်းများကို လူငယ်များမှ သင်တန်းတက်ခြင်းကို ရှုတ်ချကြောင်း သွားရောက်ဆန္ဒထုတ်ဖော်စဉ် ကျောင်းဆရာမ တဦးက ထမီလှန်ပြပြီး တုတ်ဖြင့်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း...
လာရှိုးမြို့တွင် လူငယ် ၃ ဦး ထပ်မံဖမ်းခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် ၃ ဦးကို လာရှိုးမြို့ ရပ်ကွက် (၅၊ ၆ ၊၇) တွင်နေထိုင်သည့် လူငယ် (၃)ဦးကို ဧပြီလ ၃ ရက် နေ့လည်...
ကျောက်မဲ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြား အရပ်သား ၅ဦးသေဆုံး၊ ၃ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်းရှိ မြောက်ပိုင်းမဟာမိတ် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲကြောင့် အရပ်သား(၅) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ နှစ်ဖက်တိုက်ပွဲ တင်းမာနေပြီး ဒေသခံ (၅) ဦး သေဆုံးပြီး (၃) ဦး...
သျှမ်းရှေ့ တွင် သြစတေးလျ ကုမ္ပဏီ ရွှေတူးဖော်ရန် စီစဉ်နေ
SHAN -
အကြမ်းဖက် စစ်ကောင်စီ ရက်စက်မှုကြား သျှမ်းပြည်အရှေ့ပိုင်း တွင် သတ္တုတွင်းတူးဖော်သည့် ရွှေတူးဖော်ရေး လုပ်ငန်းများကို သြစတေးလျ နိုင်ငံသားပိုင်း ကုမ္ပဏီ က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွန်ရန် စီစဉ်နေကြောင်း SHRF ထုတ်ပြန်ချက် အရသိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တွင် ရွှေတူးဖော်ရန် အတွက် အကျယ်အဝန်း (၅၄၇) ကီလိုမီတာကို...
လားရှိုးမြို့နယ်အတွင်း KIA နှင့် အကြမ်းဖက် စစ်ကောင်စီ တိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်ခါးကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဧပြီ (၄) ရက် နေ့လည် (၁၂) နာရီ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်ခါးကျေးရွာသား (၂) ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ...
မူဆယ်မြို့ တရုတ်-မြန်မာ ငွေလှဲသူများ ကိုယ်ရေးမှတ်တမ်း ကို စစ်ကောင်စီက လိုက်လံကောက်ယူနေ
SHAN -
မြန်မာ-တရုတ်နယ်စပ် သျှမ်းမြောက် မူဆယ်မြို့ တွင် တရုတ်- မြန်မာ ငွေလှဲလှယ်ပေးသည့်သူများ၏ အမည်စာရင်းကို အကြမ်းဖက် စစ်ကောင်စီမှ လိုက်လံကောက်နေသဖြင့် ငွေလွှဲလုပ်ကိုင်သူများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီ ၄)ရက် မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ အုပ်စုမှ မူဆယ်မြို့ နာရီစဉ်၊ ဈေး အနီးပတ်ဝန်းကျင်တွင် တရုတ်-မြန်မာ...
တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်ရာကူညီပေးသူ (၄)ဦးထက်မနည်း စစ်ကောင်စီမှ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ရာ သွားရောက် မီးငြိမ်းသက်ရာ တွင် ကူညီပေးသည့်သူ (၄)ဦးထက်မနည်း အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးသွားကြောင်းစုံးစမ်းသိရသည်။ ယမန်နေ့ (ဧပြီ ၄)ရက် ည ၈နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးတွင် ပေါက်ကွဲသံ နှင့်အတူ မီးလောင်မှု ဖြစ်ပွားကာ ရပ်ကွက်နေပြည်သူများက မီးကူငြိမ်းသက်ပေးခဲ့သည်။ ညောင်ဖြူရပ်ကွက်...
ကျောက်မဲ အကြမ်းဖက်စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်မှု အရပ်သား (၂)ဦး ကျည်ထိမှန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့ (ဧပြီ ၄)ရက် ည ၈နာရီခွဲကျော်အချိန်တွင် လှည့်ကင်းနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦး ကျည်ထိမှန်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၄၀မိနစ် ဝန်းကျင်တွင် ကျောက်မဲမြို့ ပင်လုံလမ်းပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီ မှ...
မြန်မာ-ထိုင်းနယ်စပ် သျှမ်းစစ်ရှောင်(၆၀၀၀)ကျော် ဗုံးခိုကျင်းပြင်ဆင်နေ
SHAN -
အကြမ်းဖက် စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်ရှိ (RCSS/SSA) တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သဖြင့် နယ်စပ်တလျောက် တွင် နေထိုင်သည့် သျှမ်းစစ်ဘေးရှောင် (၆၀၀၀) ကျော် စိုးရိမ်ထိတ်လန့်ကာ ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင် နေကြကြောင်း သတင်းရရှိသည်။ မတ် ၃၀ ရက်တွင် အကြမ်းဖက် စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်တလျောက်ရှိ...





