စစ်ကောင်စီမှ ကျောင်းသန့်ရှင်းရေး ပြုလုပ်ရန်ဖိအားပေးခိုင်း

သျှမ်းပြည်တစ်ဝှမ်းရှိ မြို့ငယ်များတွင် စစ်ကောင်စီမှ ကျောင်းဖွင့်ရန်အတွက် ပြည်သူများကို ဖိအားပေးပြီး ကျောင်းသန့်ရှင်းရေး ပြုလုပ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

မေ ၂၂ရက် မှစတင်ကာ ယနေ့ချိန်ထိ သျှမ်းတောင်ပိုင်းတွင် စစ်ကောင်စီ မှ မိဘပြည်သူများကို ကျောင်းသန့်ရှင်းရေး လုပ်ရန် ခေါ်ဆောင်နေပြီး၊ ကျောင်းလာအပ်ရန်လည်း အတင်းအဓမ္မ ခေါ်ဆောင်နေကြောင်း သျှမ်းတောင် ပြည်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျောင်းဖွင့်ဖို့ မိဘပြည်သူတွေကို ကျောင်းသန့်ရှင်းရေး လာလုပ်ခိုင်းတယ်။ ပြီးတော့ ကျောင်းတွေပြန်လာအပ်ခိုင်းသေးတယ် သွားအပ်တဲ့သူတွေက တပ်ထဲကလေးတွေနဲ့ မသိနားမလည်တဲ့မိဘတွေပဲ။။ သွားမအပ်တဲ့သူများတယ်” ဟု သျှမ်းတောင် ကျေးသီးမြို့ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အလားတူ လင်းခေး၊ လဲချား၊ ပင်လုံ၊ စသည့်မြို့များတွင် စစ်ကောင်စီမှ ကျောင်းဖွင့်ရန်စီစဉ်နေကြောင်းသိရသည်။

စစ်ကောင်စီမှ ယနေ့ ( မေ ၂၄ ) ရက်မှစပြီး ကျောင်းကိုအပ်ခိုင်းပြီး လာမည့် ဇွန်လ ( ၁ ) ရက် တွင် ကျောင်းများ တက်ခိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။

“ မနေ့က လင်းခေးမှာ အစည်းဝေးလုပ်တာ။ ၂၅ ရက်ကျောင်းအပ်ခိုင်းပြီး နောက်လ ၁ရက် မှ ကျောင်းပြန်တက်ခိုင်း မယ်လို့ပြောတယ်။ ကျောင်သားကောရှိပါမလားမသိဘူး။ ကလေးတွေ ကျောင်းမတက်ဖို့ များတယ်” ဟု လင်းခေးမြို့ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ကျောင်းများ ပြန်ဖွင့်ရန် အတွက် စစ်ကောင်စီမှ ကျောင်းသားမိဘများကို သန့်ရှင်းရေးပြုလုပ်ရန် ခေါ်ခြင်း၊ ကျောင်းလာအပ်ရန် ခေါ်နေကြောင်း နှင့် ကျောင်းများတွင်လည်း လုံခြုံရေးအရ စစ်အင်အား အများအပြား စောင့်ဆိုင်း နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ပါဝင်နေကြသည်။

ထိုကြောင့် ကျောင်းဆရာ၊ဆရာမများ CDM ပြုလုပ်ထားသဖြင့် စာသင်ကြားပေးမည့် ဆရာ၊ဆရာမ များမရှိကာ စစ်ကောင်စီမှ CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက်၊ ဖမ်းဆီးမှု ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...