Tuesday, January 27, 2026

ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေး (PDF)နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

ကယားပြည် (ကရင်နီပြည်) ဒီးမော့ဆိုမြို့တွင် ယေန့( မေ ၂၁ ရက်) မနက် ၈နာရီခွဲကျော် တွင် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွား ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ပွဲသည် ဒီးမော့ဆို ဒေါငံခါးရပ်ကွက်နှင့် မြို့မရပ်ကွက် ၊ မားနာပလော့ ရပ်ကွက်တို့ တွင် တိုက်ပွဲဖြစ်ပွားခဲ့ ကာ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒီးမော့ဆို ဒေသခံများ ပြောပြချက်အရသိရသည်။

စစ်ကောင်စီ တပ်မှ စစ် အင်အားအများအပြားဖြင့် နယ်မြေအတွင်းကျူးကျော်လာပြီး ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှု ပြုုလုပ်နေသည့်အတွက် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ပြန်လည် ခုခံကာကွယ်ရခြင်းဖြစ်ကြောင်းလည်း ဒီးမော့ဆို ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“စစ်ကောင်စီ အုပ်စုတွေ အင်အားထပ်ဖြည့်လာတယ်။ နောက် နယ်မြေ ကျူးလွန်လာတယ်။ တိုက်ပွဲက တော့ အခုထိ ဖြစ်နေတုန်းပါ။ ကြားရတာတော့ အရပ်သား တဦးကျဆုံးသွားတယ်လို့ ပြောတယ် ” ဟု ၎င်း က ဆိုသည်။

လက်ရှိ အချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့ မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဆက်တိုက် ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုတို့က ဘေးလွတ်ကင်းရန်နေရာမှာရှောင်ပုန်းနေရကြောင်း သိရသည်။

စစ်ကောင်စီ အုပ်စုဘက်မှစစ်အင်အား အလုံးအရင်း ဖြည့်တင်းနေပြီး၊ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အတိအကျကို လက်ရှိ မသိရှိရသေးကြောင်း လည်း ဒီးမော့ဆို ပြည်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နှစ်သစ်အစတွင် စစ်ကောင်စီမှ ဖယ်ခုံဘက်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

0
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းသို့ ယခုနှစ်သစ်စပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲမှုပြင်းထန်စွာ ပြုလုပ်ဆောင် လာသည်ဟု စုံစမ်းသိရှိရသည်။ သျှမ်း- ကယား(ကရင်နီ) နယ်စပ်ဖြစ်သည့် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာနှင့် ဆောင်ပလန် ကျေးရွာကြားကို ပြီးခဲ့သည့် (ဇန်နဝါရီလ ၃ ရက်) နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့်...

လွိုင်ကော်မြို့ တွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် သက်ကြီးပိုင်းကိုပါ အတင်းအဓမ္မခေါ်ဆောင်

0
ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်သည် စစ်မှုထမ်းရန်အတွက် သက်ကြီးပိုင်းများကိုပါ အိမ်တွင်းထိ ဝင်ရောက်ဖမ်းစီးသွားကြောင်း စုံစမ်းသိရသည်။ (ဒီဇင်ဘာလ ပထမပတ်)တွင်စတင်ပြီး ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်)နေ့အထိ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်သည် ဖမ်းဆီးမှုများ ပိုမိုတင်းကြပ်လာပြီး စစ်မှုမထမ်းလိုသူများကို ၎င်းနေအိမ်ပိုင် ပစ္စည်များ သိမ်းယူသွားမည်ဟု လာရောက်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း...

ကရင်နီ (ကယား) ပြည်တွင် KNDF ဆေးသင်တန်းမှ သင်တန်းသား (၁၈) ဦး ရေထဲမျောပါသေဆုံး

0
ကရင်နီ (ကယား) ပြည်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆေးဌာနမှ ကြီးမှူးဖွင့်လှစ် ဆေးသင်တန်းတစ်ခုတွင် သင်တန်းသား (၁၈) ဦး ရေထဲသို့ မျောပါပြီး သေဆုံးသွားခဲ့ကြောင်း KNDF ကထုတ်ပြန်သည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက်ညနေတွင် ဖြစ်ပွားခဲ့ပြီး ရေချောင်းတစ်ခုကို ဖြတ်ကျော်ရန် ကြိုးစားအားထုတ်ရာတွင် မတော်မဆဖြစ်ပွားခဲ့သည်ဟု...

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာ

0
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်(ကယားပြည်) အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) မှ ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်၏အကြောင်းမဲ့တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ရင်း ထိခိုက်သေဆုံးသူ ၆ ဦးရှိကြောင်း (PKPF) ၏ ဇွန်လ...