Wednesday, January 28, 2026

ကရင်နီ (ကယား) ပြည်တွင် KNDF ဆေးသင်တန်းမှ သင်တန်းသား (၁၈) ဦး ရေထဲမျောပါသေဆုံး

ကရင်နီ (ကယား) ပြည်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆေးဌာနမှ ကြီးမှူးဖွင့်လှစ် ဆေးသင်တန်းတစ်ခုတွင် သင်တန်းသား (၁၈) ဦး ရေထဲသို့ မျောပါပြီး သေဆုံးသွားခဲ့ကြောင်း KNDF ကထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက်ညနေတွင် ဖြစ်ပွားခဲ့ပြီး ရေချောင်းတစ်ခုကို ဖြတ်ကျော်ရန် ကြိုးစားအားထုတ်ရာတွင် မတော်မဆဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“ဆေးသင်တန်းက ဆေးမှူးသင်တန်းတက်နေတဲ့ KNDF၊ PDF၊ Local PDF၊ သျှမ်းတောင်တပ်ရင်းSSRYက ဆေးမှူးတွေရောအပါအဝင်အားလုံး ၁၈ ယောက်ကျဆုံးပါတယ်။ ကျနော်တို့ တပ်ရင်းကတော့ ဆေးမှူးရဲဘော် ၃ ဦးကျဆုံးပါတယ်” ဟု အမည်မဖော်လိုသူ ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆေးသင်တန်းသည် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်အမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်းနည်းကြေကွဲရပါသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ယခုမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် မိဘပြည်သူများကို ထုတ်ပြန်အသိပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နယ်မြေပြန်စိုးမိုးရန် မိုးဗြဲအနီး ထိုးစစ်ဆင်နေ

0
သျှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့ အနီးနှင့် ဘီလူးချောင်း အရှေ့ဘက်ကမ်းတွင် တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေပြန်လည်စိုးမိုးနိုင်ရန် ထိုးစစ်ဆင်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ စပြီး စစ်ကော်မရှင် တပ်သားများသည် မိုးဗြဲမြို့ အရှေ့ခြမ်း၊ ဖယ်ခုံအရှေ့ဘက်ခြမ်းနှင့် ဘီလူးချောင်း အရှေ့ခြမ်းဘက်သို့ ခပ်စိပ်စိပ် စစ်ကြောင်း...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

0
ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ် အများအပြားကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော Myanmar National Post မှ မေလ ၂၉ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပြီး နေအိမ်မီးလောင်နေသည့် ရုပ်သံဖိုင်များနှင့်အတူ...

ပင်လောင်းမြို့နယ်အတွင်း သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေ

0
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတေောင်ခြ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFနှင့် ပူးပေါင်းအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က မေလ...

သျှမ်းတောင်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် SSNDF ဖွဲ့စည်း

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းတောင်အမျိုးသား ကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်...

လွိုင်ကော် – ဆီဆိုင်လမ်းကို အသုံးမပြုလုပ်ရန် KNDF ထုတ်ပြန်၊ KPay အသုံးပြုသူများကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

0
လွိုင်ကော် - ဆီဆိုင်လမ်းကို ပြည်သူများ ခရီးသွားလာခြင်း မပြုလုပ်ရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ်(၂)က ယမန်နေ့ (မတ်လ ၂၀ ရက်) တွင် အသိပေး ထုတ်ပြန်လိုက်သည်။ အဆိုပါ လွိုင်ကော်-ဆီဆိုင်လမ်း တကြောတွင် စစ်ကောင်စီတပ်မှ နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေခြင်းကြောင့်...