Saturday, January 31, 2026

သျှမ်းတောင်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် SSNDF ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းတောင်အမျိုးသား ကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

သျှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ပြီး KNDF ၏စစ်ရေး (COC )ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်စွဲဖြင့် အဆိုပါအဖွဲ့အစည်းအသီးသီးက သတင်းထုတ်ပြန်လာကြသည်။

သျှမ်းတောင်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် SSNDF ဖွဲ့စည်း

“ကျနော်တို့ ရည်ရွက်ချက်ကတော့ ရှင်းပါတယ်။ ကျနော်တို့ သျှမ်းတောင်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးပေါင်းပြီးတော့ စစ်ဦးစီးတစ်ခု အောက်ကနေပြီးတော့ စစ်ရေးဖော်ဆောင်မှုတွေလုပ်ဖို့ ရည်ရွယ်ချက်ပါပဲ”ဟု SSNDF/KNDF ဗျူဟာ (၉) ၏ စစ်နည်းဗျူဟာမှူး ကိုဖိုးခွားက ပြောသည်။

SSRY နှင့် SSPDF တို့သည် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD အောက်တွင် ၃ နှစ်ကျော်ကာလအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မြေပြင်အခြေအနေအရ စုဖွဲ့မှုပုံစံသစ်ပြုလုပ်ရန် ဝန်းကြီးဌာနက ခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သျှမ်းတောင်အမျိုးသား ကာကွယ်ရေးတပ် SSNDF အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး KNDF ၏ စစ်ရေး COC အောက်သို့ ဝင်ရောက်ကာ သျှမ်းပြည်တောင်ပိုင်းကို ဝင်ရောက်ထိုးဖောက်နိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း SSNDF/KNDF ဗျူဟာ (၉) ၏ စစ်ထောက် စိုင်းဆိုင်ဖက ပြောသည်။

“ကျနော်တို့ကတော့ KNDF ရဲ့ စစ်ဦးစီးအောက်မှာ အချိန်အတိုင်းအတာတစ်ခုနေမယ်။ ပြီးမှ သျှမ်းပြည်တောင်ပိုင်းကို ဝင်နိုင်လောက်တဲ့ အနေအထားတစ်ခုကို ဖြစ်ပြီးဆိုမှ သီခြားတည်ထောင်မယ်။ အခုတော့ KNDF ရဲ့ စစ်ဦးစီးနဲ့ သွားမယ်၊ KNDF ရဲ့ စစ်ဥပဒေအတိုင်းပဲ လိုက်နာပြီးတော့ ကျနော်တို့က သျှမ်းတောင်ကို ထိုးဖောက်ဝင်ရောက်မယ်။ ကိုယ်ပိုင် ထိန်းချုပ်နယ်မြေတွေ၊ ကိုယ့်ပြည်နယ်အရေးရဖို့ ကြိုးစားမယ်”ဟု စိုင်းဆိုင်ဖက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်များအား တိုက်ထုတ်ပြီး သျှမ်းပြည်တောင်ပိုင်းတွင် မှီတင်းနေထိုင်သော လူမျိုးစု အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး၊ အမျိုးသား နှင့် တန်းတူညီမျှရေး ရရှိအောင် ကြိုးစားသွားမည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နယ်မြေပြန်စိုးမိုးရန် မိုးဗြဲအနီး ထိုးစစ်ဆင်နေ

0
သျှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့ အနီးနှင့် ဘီလူးချောင်း အရှေ့ဘက်ကမ်းတွင် တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေပြန်လည်စိုးမိုးနိုင်ရန် ထိုးစစ်ဆင်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ စပြီး စစ်ကော်မရှင် တပ်သားများသည် မိုးဗြဲမြို့ အရှေ့ခြမ်း၊ ဖယ်ခုံအရှေ့ဘက်ခြမ်းနှင့် ဘီလူးချောင်း အရှေ့ခြမ်းဘက်သို့ ခပ်စိပ်စိပ် စစ်ကြောင်း...

သျှမ်းတောင်နှင့် ကရင်နီတွင် စစ်ရေးဖောင်ဆောင်ရန်အတွက် SSNDF တပ်သားသစ်ခေါ်ယူ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

0
ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ် အများအပြားကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော Myanmar National Post မှ မေလ ၂၉ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပြီး နေအိမ်မီးလောင်နေသည့် ရုပ်သံဖိုင်များနှင့်အတူ...

ပင်လောင်းမြို့နယ်အတွင်း သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေ

0
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတေောင်ခြ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFနှင့် ပူးပေါင်းအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က မေလ...

“အာဏာရှင်မပြုတ်မချင်း လူငယ်တွေရဲ့အိပ်မက်တွေ ထင်သလောက် ဖြစ်လာမှာမဟုတ်ဘူး”

0
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်စွဲကိုင်သော နည်းလမ်းဖြင့် တော်လှန်နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများထဲတွင် သျှမ်းပြည်တောင်ပိုင်းက တော်လှန်ရေးတပ်ပေါင်းစုလည်း ပါဝင်သည်။ ထိုတော်လှန်ရေးတပ်ပေါင်းစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MOD ကွပ်ကဲမှုအောက်မှ တပ်ရင်းများ ရှိသကဲ့သို့ သီးခြားအနေဖြင့် ရပ်တည်နေသည့် တပ်ရင်းတချို့လည်း ရှိသည်။ လက်ရှိတွင် MOD ၏ ကွပ်ကဲမှုအောက်မှ...