ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နယ်မြေပြန်စိုးမိုးရန် မိုးဗြဲအနီး ထိုးစစ်ဆင်နေ

သျှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့ အနီးနှင့် ဘီလူးချောင်း အရှေ့ဘက်ကမ်းတွင် တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေပြန်လည်စိုးမိုးနိုင်ရန် ထိုးစစ်ဆင်နေကြောင်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ စပြီး စစ်ကော်မရှင် တပ်သားများသည် မိုးဗြဲမြို့ အရှေ့ခြမ်း၊ ဖယ်ခုံအရှေ့ဘက်ခြမ်းနှင့် ဘီလူးချောင်း အရှေ့ခြမ်းဘက်သို့ ခပ်စိပ်စိပ် စစ်ကြောင်း ထိုးလာနေကြောင်း KNDFတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

“ဒီလတော့ ထိုးစစ်တော်တော်များလာတယ်။ ပြည်သူတွေ အနေနဲ့ လည်း မလုံခြုံတော့ဘူးလေ။ စစ်တပ်က သူတို့သိမ်းထားတဲ့ နယ်မြေတွေမှာ ပြည်သူတွေကို ပြန်ခေါ်နေတာ။ဖယ်ခုံမှာလည်း ပြန်ခေါ်နေတယ်။ အဓိကတော့ သူတို့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နယ်မြေတွေ ပြန်လည် စိုးမိုးနိုင်ဖို့ ထိုးစစ်ဆင်လာတယ်လို့ မြင်တယ်။”ဟု KNDFတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် KNDFတပ်ရင်းများမှာလည်း ဘီလူးချောင်းအရှေ့ဘက်ခြမ်းရှိ ပြည်သူများကို ယနေ့ (ဩဂုတ်လ ၁၉ )ရက်မှ သြဂုတ် ၂၁ ရက်အထိ သုံးရက်အတွင်း ဘီလူးချောင်းအနောက်ဘက်ကမ်းသို့ ဖြစ်စေ အခြား ဘေးလွတ်ရာသို့ ဖြစ်စေ အပြီးပြောင်းရွှေ့ကြရန် ထုတ်ပြန်လာသည်။

ထိုသို့ ပြောင်းရွှေ့ခိုင်းရသည် စစ်ကော်မရှင်တပ်သားများက မိုးဗြဲမြို့အနီးနှင့် ဘီလူးချောင်း အရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ပြောင်းရွှေ့ခိုင်းကြောင်း KNDF တပ်ဖွဲ့ဝင် တပ်သားတစ်ဦးက ပြောသည်။

“စစ်တပ်က စစ်ကြောင်းထိုးနေတာ မိုးဗြဲအနောက်ခြမ်းရော ဘီလူးချောင်း အရှေ့ခြမ်းကိုရောပဲ။အဲဖက်က ရွာပေါင်း ၂၀ နီးပါးရှိမယ်။ အဲဒါအကုန်ရွှေ့ခိုင်းတာ။ဖယ်ခုံအရှေ့ဘက်ခြမ်း တကြောနဲ့ ဒီမော့ဆို့ အရှေ့ခြမ်း လည်း စစ်တပ်က အကုန်နေရာယူသွားပြီ။ သူတို့ စစ်ကြောင်းထိုးချိန် စစ်ဖြစ်ရင် ပြည်သူတွေ ရှောင်ဖို့ မလွယ်မှာစိုးလို့ ပြောင်းရွှေ့ခိုင်းတဲ့ သဘောပါ။” ဟု အဆိုပါ တပ်သားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ဘီလူးချောင်း အရှေ့ဘက်ကမ်းရှိ ပြည်သူများကို သီးနှံရိတ်သိမ်းရန် ကျန်ရှိနေသော လုပ်ငန်းများသို့ မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ သွားလာကြရန် ဖော်ပြထားပြီး လုံခြုံရေးယူပေးနေသော ရဲဘော်များကို အနှောက်ယှက်ဖြစ်စေသည့် ညအချိန်မတော် ဓာတ်မီးထွန်းခြင်း ဆူပူသောင်းကျန်းခြင်းများ အော်ဟစ်ဆဲဆိုခြင်းများ မပြုလုပ်ကြရန် KNDFက ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိလျှင် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ လယ်ပိုင်းတွင် ဘီလူးချောင်း အရှေ့ကမ်းရှိ ပြည်သူများ၊ ဒီမော့ဆို အရှေ့ခြမ်းမှ စစ်ရှောင်များးကို ဘေးလွတ်ရာသို့ ကူညီ ပြောင်းရွှေ့ပေးထားပြီး ယခုကျန်ရှိနေသည်မှာ သီးနှံရိတ်သိမ်းရန် ကျန်ခဲ့သည့် အချို့သော စစ်ရှောင်များသာ ဖြစ်ကြောင်း သိရသည်။

“ဇူလိုင်လ တုန်းက ကယ်ထုတ်ပေးသေးတယ်။ အဲတုန်းက တစ်ထောင်ကျော်တယ်။ ကျန်တဲ့သူက သူတို့က သီးနှံရိတ်သိမ်း ဖို့လိုလို့ ကျန်နေခဲ့ကြတာ။ အခုနေ ပြောင်းတဲ့ သူက ပြောင်းဆို စစ်ရှောင်ပဲ သုံးထောင်လောက်ရှိမယ်။ ဘီလူးချောင်း အနောက်ဘက်ကမ်း ကို ပြောင်းခိုင်းထားတယ်။” ဟု အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် ကရင်နီ (ကယား)ပြည် မော်ချီးဒေသကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ (၃၂)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

မိုးဗြဲအနောက်ဘက်ခြမ်း စစ်တပ်က စစ်ကြောင်းထိုး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်တပ်မှ စစ်ကြောင်းထိုးနေပြီး၊ စစ်ရှောင်များတည်ရှိသည့် နေရာများကို ဉီးတည်ကာ လေကြောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိတယပတ်မှစပြီး မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ထို့အပြင်...