နမ့်လန်အတွင်း စစ်ရေးတင်းမာနေသေးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ အနီး စစ်ရေးတင်းမာမှု ဆက်လက်ရှိနေသဖြင့် စစ်ဘေးရှောင် (၃၀၀၀) ကျော် နေရပ်သို့မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့ မေ (၁၉) ရက်က နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရှောင်များ နမ့်လန်မြို့ ထွက်ပြေးလာခဲ့ကြောင်း သတင်းရရှိသည်။

“လက်ရှိ တိုက်ပွဲ တော့ မဖြစ်တော့ဘူး။ နှစ်ဖက် စစ်ရေး တင်းမာတာတွေတော့ ရှိတယ်။ ရွာထဲ စစ်သားတွေရှိသေးတော့ သူတို့ မပြန်ရဲကြသေးဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူတဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်ဘေးရှောင်များသည် နမ့်လန်မြို့နယ်အတွင်းရှိ နောင်နိမ်းကျေးရွာ၊ ဝမ်စိမ်းကျေးရွာ၊ ဝမ်လီကျေးရွာ နှင့် စိုင်းယု (ဂိုသောင်) တို့ တွင် ခိုလှုံနေရကြောင်းသိရသည်။

“စားသောက်ရေးပိုင်းကတော့ လုံလောက်ရုံပဲ။ ဒီထက်တိုက်ပွဲကြာသွားရင်တော့ ရှမ်းတိုင်းရင်းသားတွေ ဒုက္ခ ရောက်မှာ ကြောက်တယ်။ ခုက စီးပွားရေးမကောင်းတော့ ရေရှည်အတွက်လည်း စားသောက်ရေးပိုင်း ခက်ခဲလာမယ်” ဟု ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲကြောင့် နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာအုပ်စု ဝမ်စိမ်းဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည့် စစ်ရှောင်များသည် ကောင်းခမ်းရွာ၊ ပန်ဆိမ်ရွာ၊ စံကားရွာ၊ ကုံးမုံရွာ၊ ဟိုနမ့်ရွာ၊ ဝမ်တပ်ရွာ၊ ကုံးရုံးရွာ နှင့် ကုံးညုရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲရပ်တန့်ပေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသည့် အချိန်ဖြစ်သဖြင့် လက်နက်ကိုင်များ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး တိုက်ပွဲ အမြန်ရပ်ပေးစေလိုကြောင်း စစ်ဘေးရှောင်များက ပြောဆိုလိုက်သည်။

“တိုက်ပွဲဖြစ်ရင် ပြည်သူတွေက အရမ်းဒုက္ခ ရောက်တယ်။ အလုပ်တွေမလုပ်ရဘဲ ပြေးနေတယ်။ အလုပ်မလုပ်ရတော့ ဘာတွေနဲ့ လာစားသောက်မလဲ” ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာအနီးတွင် ယမန်နေ့ မေ (၁၉) ရက် မနက် (၅) နာရီမှ စတင်ကာ RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိ စစ်ရေးတင်းမာနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...

စစ်တပ် နှင့် SSPP စစ်ရေးတင်းမာမှုဖြစ်ပွား၊ စစ်အင်အားအပြိုင်ဖြည့်တင်းနေ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်ဒေသတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ကြား စစ်ရေးတင်းမာမှုရှိနေပြီး အပြိုင်အဆိုင် စစ်အင်အားဖြည့်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ကာ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည့်သူစစ် (PNO)တို့က မိုင်းပွန်ဒေသရှိ SSPP/SSA ကို တပ်ဆုတ်ခိုင်းရာမှ စစ်ရေးတင်းမာမှုဖြစ်လာခဲ့ပြီး အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း...