သီပေါမြို့နယ် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲပြင်းထန်၊ ဒေသခံ(၁၀၀၀)ကျော်ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန် ဝမ်စိမ်းအုပ်စုအနီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရှောင် (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကိုင် တိုက်ပွဲကြောင့် ယနေ့ မေ (၁၉) ရက် မနက်မှ ယခုချိန်ထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် ဝမ်စိမ်းအုပ်စုရှိ ကျေးရွာများ ဝမ်စိမ်းဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ သတင်းရရှိသည်။

“ခုထိ အသံကျယ်နေတုန်းပဲ။ အသံကြားနေရတာ တမနက်လုံးပဲ ရင်ထိတ်စရာကြီး၊ ကြာလေ အသံပိုကျယ်လာလေ။ ရေဖြူကျေးရွာဘက်က အရင်နေ့လည်း နည်းနည်းဖြစ်တယ်” ဟု နမ့်လန် ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိအချိန်သည် စိုက်ပျိုးရာသီဖြစ်ပြီး၊ တိုက်ပွဲပြင်းထန်နေပါက လယ်ယာစိုက်ပျိုးမှု မလုပ်နိုင်လျှင် နောင်နှစ်အတွက် စားဝတ်နေရေး ခက်ခဲနိုင်ကြောင်း နမ့်လန်ဒေသခံများက ပြောဆိုကြသည်။

“တောင်ယာသွားလုပ်မယ့်သူလည်း မသွားရဲကြတော့ဘူး။ ခုချိန်က လူတွေ အလုပ်စဆင်းရမယ့်အချိန် သီးနှံတွေ ပျိုးဖို့ ပြင်ရမယ့် အချိန်ပဲ။ ပြီးရင် အခွန်ဆောင်ပေးရမှာလည်း ပြည်သူတွေ မပေးလည်း မရ အလုပ်မလုပ်ရရင် ဘယ်မှာ ယူပြီးပေးရမလဲ”ဟု နမ့်လန်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်နေရသည့် ကျေးရွာများမှာ ဝမ်စိမ်းအုပ်စု မှ ကောင်းခမ်ကျေးရွာ၊ ပန်ဆိမ်ကျေးရွာ၊ ကုန်းညုရွာ၊ ဝမ်တပ်ကျေးရွာ၊ စံကားကျေးရွာ၊ ဟိုနမ့်ကျေးရွာ နှင့် ကုံးမုံကျေးရွာတို့ဖြစ်ပြီး၊ ထိုဒေသခံများသည် ဝမ်စိမ်းဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီမနက် (၅) နာရီလောက်ကတည်းက ကျမတို့ အသံစကြားနေရပြီ။ တိုက်ပွဲက ဒီလို ရေရှည်ဖြစ်လာမယ်ဆိုရင် ပြည်သူတွေ တအားဒုက္ခရောက်နေကြပြီ။ ပြည်သူလူထုကိုလည်း သနားပါအုံး စစ်ဘေးပဲ ရှောင်နေရတယ်” ဟု သီပေါ စစ်ရှောင်များကို ကူညီပေးနေသည့် နန်းမွမ်းမွမ်းပေါင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည်အတွင်း တိုက်ပွဲများ အမြန်ရပ်တန့်ပေးရန်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင်များအနေဖြင့် သျှမ်းပြည်သားများကို သနားပေးရန် လည်း နန်းမွမ်းမွမ်းပေါင်း က တောင်းဆိုလိုက်သည်။

“ဒီနေ့ မြောက်ပိုင်းမဟာမိတ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတာ ဟုတ်ပါတယ်။ စစ်ရှောင် ထွက်ပြေးလာတာကိုလည်း ကြားသိရပါတယ်။ အသေးစိတ် အချက်လက်ကိုတော့ မသိရှိရသေးပါဘူး။” ဟု RCSS/SSA ၏ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး ခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲကြောင့် နမ္မတူမြိုု့နယ်၊ သီပေါမြို့နယ်တွင် စစ်ဘေးရှောင်များ (၂)လကျော်ကြားရှိနေသော်လည်း နေရပ်သို့ မပြန်နိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...