နမ္မတူမြိုု့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်နေရပ်မပြန်နိုင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲ သည် ယနေ့ချိန်ထိ စစ်ရေး တင်မာနေသေးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့ သည် (၂) လကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ မေ (၁၇) ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“နှစ်ဖက်တပ်က ပစ်ခတ်နေသေးတဲ့အတွက် ကျနော်တို့ အိမ်ပြန်လို့မရသေးဘူး။ အရမ်းပြန်ချင်နေပြီ။ စိုက်ပျိုးရာသီလည်း ရောက်ပြီဆိုတော့ စပါးတွေ၊ ပြောင်းတွေ ပြန်စိုက်ရတော့မယ်” ဟု မန်စံစစ်ရှောင်စခန်းမှာ ရောက်ရှိသည့် အမျိုးသားတဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ အချိန်သည် စိုက်ပျိုးရာသီဖြစ်ပြီး ၊ လယ်ယာစိုက်ပျိုးမှု မရပါက နောင်နှစ်အတွက် စားဝတ်နေရေး ခက်ခဲနိုင်ကြောင်း၊ ထို့ကြောင့် စစ်ရှောင်များသည့် မိမိနေရပ်သို့ ပြန်ကာ လယ်ယာစိုက်ပျိုးမှုကို ပြုလုပ်ခြင်နေကြောင်း မန်စံရောက်စစ်ရှောင်က ဆိုသည်။

“ ဒီရာသီ စိုက်ပျိုးထားမှ နောက်နှစ် အတွက် ငွေရမယ်။ စိုက်ပျိုးရေးမရှိရင် ကျနော်တို့ ဘဝ စားသောက်ခက်ခဲမယ်။ အခု စစ်ရှောင်ရတာတောင် အရမ်းခက်ခဲနေပြီ၊ သူများလာလှူဒါန်းတာပဲ စားနေရတယ်” ဟု ၎င်း စစ်ရှောင် ကဆိုသည်။

သျှမ်းမြောက် နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ရပ်တန့်သွားပါက ပြည်သူများအနေဖြင့် မြေမြုပ်မိုင်း အန္တရာယ်ကို စိုးရိမ်နေရသေးကြောင်း၊ မြေမြုပ်မိုင်းကြောင့် အသက်ဆုံးရှုံးနေရသူများရှိနေကြောင်းလည်း မန်စံ စစ်ရှောင်ကူညီပေးနေသူတဦး ကပြောသည်။

“ တိုက်ပွဲတွေ ငြိမ်ရင်တောင် မြေမြုပ်မိုင်း က ရှိနေသေးတယ်။ သူတို့တွေက မိုင်းနင်းမိမှာကြောက်နေကြတယ်။ ဒါတွေကြောင့်လည်း သူတို့မပြန်ရဲကြဘူး” ဟု စစ်ရှောင်ကူညီသူကပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲကြောင့် နမတူမြို့နယ်အတွင်း စစ်ရှောင် (၁၀၀၀)ကျော် နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ၏ နေအိမ်များ၊ မီးလောင်ဆုံးရှုံးခဲ့ရခြင်း လက်နက်ကြီးကြောင့် သေဆုံးသူများလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...