သီပေါမြို့နယ် အတွင်း သျှမ်းတပ်(၂)တပ် စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း RCSS/SSA နှင့် SSPP/SSA တို့ စစ်ရေးတင်းမာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့နယ် နမ့်လန်တွင် ယမန့်နေ့ (မေ ၁၉) ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိ စစ်ရေးတင်းမာနေကြောင်း သျှမ်းလက်နက်ကိုင် တပ်ဖွဲ့(၂) ဖွဲ့မှ သျှမ်းသံတော်ဆင့် ကို အတည်ပြုပြောသည်။

“ မနေ့က SSPP အဖွဲ့ ကျနော်တို့ကို စစ်ရေးထိုးလာတာ။ အသေးစိတ်အချက်လက်ကိုတော့ ကျနော်တို့မရသေးဘူး။ တစ်ချို့နေရာမှာတွေတော့ စစ်ဖြစ်နေတယ်။ စစ်ရေးတင်းမာနေသေးတယ်” ဟု RCSS/SSA ပြေားရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းခံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သီပေါမြို့နယ်တွင် စစ်ရေးအခြေအနေသည် တင်းမာနေသေးကာ တိုက်ပွဲ (၂၄ ) နာရီအတွင်း ဖြစ်ပွားနိုင်ကြောင်း လည်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ စစ်ရေးကတော့ ၂၄ နာရီအချိန်တွင်းမှာဖြစ်လာနိုင်တယ်။ ဒါ့ကြောင့်ပြည်သူတွေကတော့ မပြန်ရဲသေးဘူး။ စစ်ရေးက တင်းမာနေသေးတယ်” ဟု စိုင်းဖုန်းဟန်က ပြောသည်။

ထိုပြင် ယမန့်နေ့တွင် သီပေါမြို့နယ် နမ့်လန် ဝမ်းစိမ်းကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားရာတွင် RCSS နှင့် SSPP တပ်ဖွဲ့ ၂ ဖွဲ့သာ စစ်ရေးဖြစ်ကြောင်း SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု ကလည်း သျှမ်းသံတော်ဆင့် ကို အတည်ပြုပြောသည်။

“ မနေ့က ဖြစ်တာက မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ မဟုတ်ဘူး။ ကျနော်တို့ တပ်ဖွဲ့တစ်ခုတည်းနဲ့ RCSS ဖြစ်တာပါ။ ကျန်တဲ့တပ်ဖွဲ့ကမပါဘူး။ RCSS ကကျူးကျော်လာလို့ တိုက်ပွဲဖြစ်ရတာ” ဟု ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲသည် သျှမ်း (၂)တပ် အပြန်အလှန် ငြင်းခုံကာ၊ တဖက်ကလည်း RCSS/SSA ကျူးလွန်မှု ပြောသလို တဖက်တပ်ကလည်း SSPP/SSA တပ်ကျူးလွန်တယ် ဟု ပြောဆိုကာ ငြင်းခုံနေကြသော်လည်း လက်ရှိမှာ တိုက်ပွဲကြောင်း စစ်ဘေးရှောင် (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

“ သျှမ်းတပ် (၂)တပ် တိုက်ပွဲမဖြစ်ဖို့ကျနော်တို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သူတို့ (၂)တပ်က ကျနော်တို့ပြည်သူ့ စကားကို နားမထောင်ဘူး။ ပြည်သူတွေ ဒုက္ခရောက်အောင်လုပ်နေတာ။ ပြောလိုက်ရင် အပြန်အလှန် အပြစ်ပုံနေကြတာပဲ။ ကျနော်တို့ ဘဝတွေကို စာနာစေချင်တယ်” ဟု နမ့်လန်ကျေးရွာမှ စစ်ရှောင်နေသည့် ပြည်သူတဦးက ပြောသည်။

လက်ရှိ အချိန်သည် စိုက်ပျိုးရေး ရာသီ ပြုလုပ်ချိန်ဖြစ်သဖြင့် ပြည်သူများ၏ မျက်နှာကိုထောက်ထားက တိုက်ပွဲများ ရပ်တန့်ပေးစေချင်ကြောင်းလည်း ၎င်း က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ယမန့်နေ မေလ ၁၉ရက်နေ့တွင် ပြည်သူများ (၁၀၀၀ )ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး၊ လက်ရှိမှာ နမ္မတူမြိုု့နယ်၊ သီပေါမြို့နယ်တွင် စစ်ဘေးရှောင်များ တွင် တိမ်းရှောင်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...