CATEGORY

လူ့အခွင့်အရေး

SSPP အလိုမရှိကြောင်း ဆန္ဒပြချီတက်ချိန် ဗုံးခွဲခံရ (၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဒေသခံ တထောင်ကျော်သည် ယနေ့(ဇွန် ၂၈)ရက် နေ့လည် ၁နာရီကျော်တွင် SSPP/SSA ကို အလိုမရှိကြောင်း ဆန္ဒပြနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား (၂)ဦးသေဆုံးပြီး၊ ဒဏ်ရာပြင်းထန်ရသူများလည်း ရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည် (၁) နာရီခန့်က နမ့်ခမ်းမြို့ဒေသခံ (၁၀၀၀) ကျော်သည်...

မူဆယ်မြို့အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ နောင်လောင်းကျေးရွာအုပ်စု မန်ဟောင်းလွယ်ကျေးရွာမှ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇွန်( ၂၆ )ရက် ည (၈) နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခံရကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီဝန်းကျင် အချိန်တွင် အမည်မသိလက်နက်ကိုင်...

SSPP/SSA မှဖမ်းဆီးပြီး သေဆုံးသွားသည့် မန်ဆွမ်းရွာသားအလောင်းကို မိသားစုဝင်များက ပြန်လိုချင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာဒေသခံတစ်ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) မှ ဖမ်းဆီးခေါ်ဆောင်ပြီး သေဆုံးသွားသည့် မန်ဆွမ်းရွာသား အလောင်းကို မိသားစုဝင်များက ပြန်လိုချင်ကြောင်း စုံစမ်းသိရသည်။ ဖမ်းဆီးခံရသည့် စိုင်းစံခမ်းအိုက် (၅၀)နှစ်သည် မေလ (၃၁) ရက် တွင် SSPP/SSA မှ နေအိမ်တွင် လာရောက်...

မိုင်းကိုင် မြေစာရင်းဦးစီးအရာရှိ သေနတ်ပစ်ခံရ၊ ဒေသခံလုံခြုံရေးစိုးရိမ်နေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် မြေစာရင်းဦးစီးအရာရှိ တစ်ဦး သေနတ်ပစ်ခံရပြီးနောက် ဒေသခံများ လုံခြုံရေး စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။ ဇွန် (၂၇) ရက်ည (၇) နာရီချိန်တွင် မိုင်းကိုင်မြို့ရှိ မြေစာရင်းရုံးရှေ့တွင် ဆိုင်ကယ်ဖြင့် လူ(၂)ဦး လာရောက် ပစ်ခတ်သွားကာ သေနတ်ဒဏ်ရာ (၄) ချက်မိသွားပြီး၊ လက်ရှိမှာ မိုင်းကိုင်ဆေးရုံတွင်...

ကျောက်မဲမြို့ နောင်ပိန်ဈေးအနီး အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ဈေး၏ တောင်ဖက်ထွက်ပေါက် အနီးတွင် ယနေ့(ဇွန် ၂၆)ရက် မနက် (၇)နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ပစ်သတ်ခံရသည့်အမျိုးသားသည် ကျောက်မဲမြိုနယ်အတွင်း၊ နမ့်ဝရွာတွင် နေထိုင်သူ အသက်(၄၈)နှစ်ရှိ စိုင်းယုံဆိုသူဖြစ်ပြီးသေနတ် (၃)ချက် ပစ်သတ်ခံရကြောင်း သိရသည်။ "လူနှစ်ယောက်က ဆိုင်ကယ်စီးလာပြီး သေနတ်နဲ့ (၃)ချက်...

သီပေါမြို့ နာရေးအိမ်တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြန်မာရပ်ကွက် ရှိ နာရေးအိမ်တွင် ယနေ့ (ဇွန် ၂၅)ရက် ညနေ ၆ နာရီခွဲကျော်၌ အမျိုးသမီးတစ်ဦး သေနတ် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ ညနေ (၆)နာရီခွဲကျော်တွင် သေနတ်ပစ်ခံရသည့် မဇာဇာမျိုးအောင်သည် အသက် (၄၃)နှစ် အရွယ်ရှိပြီး၊ သူမ သည်...

အေးသာယာ NLD ပါတီဝင် အသက် (၆၀)အမျိုးသမီး ကို စစ်ကောင်စီမှ ဖမ်းဆီး

သျှမ်းတောင် အေးသာယာမြို့ မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD )ပါတီဝင် တစ်ဦးဖြစ်သည့် အသက် ၆၀ ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် (၁၀) မှာ နေထိုင်သူ...

တာချီလိတ်မြို့ ဟုန်ပန်းကုမ္ပဏီမှ ပြည်သူစိုက်ပျိုးထားသည့် လယ်များကို ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် ဝမ်ဟောင်ရွာရှိ ပြည်သူများစိုက်ပျိုးထားသည့် လယ်များကို ဟုန်ပန်းကုမ္ပဏီမှ ဝင်ရောက်ရောက်ဖျက်ဆီးပြီး ခြံစည်းရိုးထပ်မံသွားခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဟုန်ပန်းကုပ္မဏီမှ စစ်ကောင်စီအကာကွယ်ယူပြီး ဇွန်လလယ်ပိုင်း ညမထွက်ရချိန်တွင် ပြည်သူများ၏ လယ်ယာ၊ စပါးများကို ဖျက်ဆီးပြီး ခြံစည်းရိုးကို အတင်ကြပ်တစ်ဖန်ပြန်လာခတ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ သူတို့ ညဆို...

နမ့်ခမ်းမြို့ ဈေးဆိုင်များထံ TNLA မှ လိပ်စာကဒ်ပေးပြီး ဆက်ကြေးသွားပေးသွင်းခိုင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့(ဇွန် ၂၄)ရက် မနက်ပိုင်းတွင် တအောင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ လိပ်စာကဒ်၊ ဖုန်းနံပါတ်ပေးပြီး ဆက်ကြေးသွားသွင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့ ယနေ့ (TNLA )တပ်သားများက အရပ်ဝတ်ဖြင့် နမ့်ခမ်းဈေး နှင့် ဈေးပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို လိပ်စာကဒ်ကိုလိုက်လံပေးခဲ့ပြီး ပြည်သူများကို...

ပင်လုံမြို့သို့လာသည့် အမျိုးသမီး (၃) ဦး စစ်ကောင်စီလိုက်လံဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မှ ပင်လုံမြို့သို့ လာရောက်သည့် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီမှ လိုက်လံရှာဖွေဖမ်းဆီး နေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ မှ ပင်လုံမြို့သို့ လာသည့် အမျိုးသမီး (၃)ဦးကို စစ်ကောင်စီ မှ ယမန့်နေ ဇွန် ၂၃ ရက်တွင် ပင်လုံမြို့တွင်းရှိသည့်...

Latest news