Wednesday, January 28, 2026

SSPP အလိုမရှိကြောင်း ဆန္ဒပြချီတက်ချိန် ဗုံးခွဲခံရ (၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဒေသခံ တထောင်ကျော်သည် ယနေ့(ဇွန် ၂၈)ရက် နေ့လည် ၁နာရီကျော်တွင် SSPP/SSA ကို အလိုမရှိကြောင်း ဆန္ဒပြနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား (၂)ဦးသေဆုံးပြီး၊ ဒဏ်ရာပြင်းထန်ရသူများလည်း ရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ နေ့လည် (၁) နာရီခန့်က နမ့်ခမ်းမြို့ဒေသခံ (၁၀၀၀) ကျော်သည် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) ကို အလိုမရှိကြောင်း နမ့်ခမ်းမြို့လယ်တွင် လမ်းလျှောက်ဆန္ဒပြနေစဉ် လူအုပ်အနီး ဗုံး (၄) လုံးပေါက်ခွဲခဲ့ရကြောင်း သတင်းရရှိသည်။

“လူ (၂) ယောက် ဆိုင်ကယ်စီးလာပြီး ဗုံးပေါက်ခွဲသွားတယ်။ သေတဲ့ (၂) ယောက်ဆီမှာ ပစ္စတိုသေနတ်လည်းပါလာတယ်။ ၂ယောက်က တော့ တော်တော်ဒဏ်ရာရသွားတယ်။ ခြေထောက်တွေ တော်တော်ပျက်စီးသွားတယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆန္ဒပြသည့် ပြည်သူများ ပတ်ဝန်းကျင်မှာ ဗုံး (၄) လုံးပေါက်ကွဲသဖြင့် သေဆုံးသူ (၂) ဦးရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၂) ဦးရှိကြောင်း၊ ထိုဗုံးလာခွဲသူ(၂)ဦးလည်း သေဆုံးသွားသဖြင့် ထိုလာခွဲသည့် သူသည် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က ဖြစ်သည်ကို မသိရှိရကြောင်းလည်း နမ့်ခမ်းဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦး က ပြောသည်။

“ဘယ်သူလာပစ်တဲ့ ဗုံးလဲဆိုတာ ပြောရခက်တယ်။ လာခွဲတဲ့သူကလည်း သေသွားတယ်ဆိုတော့ ဘယ်အဖွဲ့က လဲဆိုတာ ပြောရခက်တယ်။ ဒီ ဆန္ဒပြပွဲ့တော့ SSPPအလိုမရှိကြောင်း၊ SSPP ဖမ်းဆီးပြီးသေဆုံးတဲ့ မန်ဆွမ်းရွာသားအလောင်း ပြန်ပေးဖို့တောင်းတာပါ” ဟု ၎င်းက ဆိုသည်။

ဆန္ဒပြသူများသည် SSPP ကို အလိုမရှိကြောင်း၊ SSPP ကို မထောက်ခံကြောင်း၊ သျှမ်းစစ်တပ်ထဲ ဝင်တာ သျှမ်းပြည်သူပြည်သားများကို သတ်ဖို့မဟုတ်ကြောင်း စသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။

SSPP/SSA မှ မေ (၃၁)ရက် တွင် နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာသား အသက် (၅၀)အရွယ်ရှိ စိုင်းစံခမ်းအိုက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇွန် ၂၆ ရက်တွင် သွေးတိုးရောဂါကြောင့် သေဆုံးသွားကြောင်း မိသားစုဝင်များကို အကြောင်းကြားခဲ့သည်။

ထိုအကြောင်းကြားလာပြီးနောက် သေဆုံးသွားသည့် စိုင်းစံခမ်းအိုက်၏ အလောင်းကို မိသားစုဝင်များက ပြန်လိုချင်သည့်အတွက် ဇွန် (၂၇)ရက် ည ၈နာရီကျော်တွင် ထုန့်မောဝ်း (ရွှေလီမြစ်ဝှမ်း) SSPP/SSA ရုံးရှိသည့်နေရာကို သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့သည်။

ထိုသေဆုံးသွားသည့် စိုင်းစံခမ်းအိုက်၏ အလောင်းကို SSPP/SSA မှ ယနေ့ချိန်ထိ မထုတ်ပေးသည့်အတွက် နမ့်ခမ်းပြည်သူများက ယနေ့ နေ့လည်တွင် ထပ်မံ ဆန္ဒပြခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသည့် လူအုပ်ကြား ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တစ်နာရီ အကြာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များက လာရောက်က မပေါက်သေးသည့် ဗုံးများကို ရှင်းလင်းပေးခဲ့သေးကြောင်း သိရသည်။

သျှမ်းမြောက် ရွှေလီမြစ်ဝှမ်း (ထုန့်မောဝ်း) ဒေသအတွင်းနေထိုင်သည့် ပြည်သူများကို သျှမ်းတပ် (၂)တပ် ဖြစ်သည့် RCSS/SSA နှင့် SSPP/SSAတို့က သူလူ၊ကိုယ့်လူ ဟု ပြောဆိုကာ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများလည်း ရှိနေသဖြင့် ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်မှုရှိနေကြောင်းသိရသည်။

“ ဒီဒေသမှာ က ဟိုဘက်လူ၊ ဒီဘက်လူဆိုပြီး ပြောကြတယ်။ နောက်ဖမ်းတယ်။ ဒီလို ဖြစ်တဲ့ကိစ္စတွေ ကို တပ်(၂)တပ် အနေနဲ့ ဖြေရှင်းပေးဖို့လိုတယ်။ မဟုတ်ရင် ပြည်သူတွေပဲ ထိခိုက်မယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။

မေ (၃၁) ရက် တွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ထုန်မောဝ်ဒေသ (၁၉) ရွာရှိ ပြည်သူ (၄) ဦးကို ဖမ်းဆီးသွားပြီး ဇွန် (၃) ရက်နေ့တွင် (၃) ဦးကို ပြန်လွှတ်လာပြီး စိုင်းစံခမ်းအိုက် ကို ပြန်လည် လွှတ်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။