မူဆယ်မြို့အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ နောင်လောင်းကျေးရွာအုပ်စု မန်ဟောင်းလွယ်ကျေးရွာမှ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇွန်( ၂၆ )ရက် ည (၈) နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခံရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီဝန်းကျင် အချိန်တွင် အမည်မသိလက်နက်ကိုင် လူ(၃)ယောက်သည် စိုင်းအိုက်ကျန် နေအိမ်သို့ ဆိုင်ကယ်နှင့်ရောက်လာပြီး မေးမြန်းချိန် လယ်တောမှ ပြန် လာသည့် ၎င်းကို အိမ်ရှေ့တွင် သေနတ်ဖြင့် (၅) ချက်ပစ်ခတ်သွားကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သေနတ် ကိုင်ထားတဲ့ လူ (၃)ယောက် က အိုက်ကျန်ရဲ့ နေအိမ်ကို လာတယ်။ အိုက်ကျန် ဘယ်သွား လဲ ဆိုပြီး သူ့ အဖေကို လာမေးတယ်၊ အဲ့ချိန်မှာ သူအိမ်မှာ မရှိသေးဘူး၊ သူတို့က(လက်နက်ကိုင်) ဆိုင်ကယ်နား ပြန်သွားပြီးစောင့်နေတယ်၊ အိုက်ကျန်က ပြန်လာတော့ သူတို့က သေနတ်နဲ့ (၅)ချက်ပစ်ထည့်လိုက်တာ” ဟု စိုင်းအိုက်ကျန်နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းအိုက်ကျန် သေနတ်ထိမှန်ခံရသည့် ဒဏ်ရာများမှာ ရင်ဘတ်တွင်(၂)နေရာ၊ ခါးအောက်၊ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် တစ်ချက်စီ ကျည်ထိမှန်ပြီး နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှုခံယူ နေကြောင်း ၎င်းက ပြောသည်။

“သူ့ကို ရင်ဘတ်မှာရယ် ပြီးတော့ ခါးအောက်၊ လက်မောင်းဆုံနဲ့ ဝမ်းဗိုက်တွေမှာ သေနတ်မှန်ထားတယ်၊ သူ့ ခန္ဓာကိုယ်မှာချည်း စုစုပေါင်းကျည် (၅)ချက်ထိတာ။၊ အခုက နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ကုနေတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသည့် စိုင်းအိုက်ကျန်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး SSPP/SSA တွင် ၂၀၁၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း SSPP/SSA ၏ သတင်း ဝက်ဆိုဒ်စာမျက်နှာတွင် တင်ထားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး စိုင်းအိုက်ကျန် ၏ မိသားစုဝင်တစ်ဦး က “အရင်ကတော့ သူ SSPP/SSA မှာလုပ်ဖူးတာတော့ ကြားမိပါတယ်၊ ဒါပေမယ့် သူအလုပ်နားပြီးနောက်ပိုင်း ကျနော်တို့နဲ့ အတူ လယ်ခြံ အလုပ်တွေပဲ လုပ်နေတာပါ” ဟု ဆိုသည်။

လက်ရှိ စိုင်းအိုက်ကျန် ပစ်ခတ်ခံရသည့် ကိစ္စသည် မည်သည့် အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း အတည် မပြုနိုင်သေးပေမယ့် အဆိုပါ နမ့်ခမ်းမြို့နယ် ထုန့်မောဝ်းဒေသ (ရွှေလီမြစ်ဝှမ်း) အတွင်းနေထိုင်သည့် ပြည်သူများအနေဖြင့် လက်နက်ကိုင် အုပ်စုများကို ကြောက်လန့်ရသည့် အခြေအနေရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...