မိုင်းကိုင် မြေစာရင်းဦးစီးအရာရှိ သေနတ်ပစ်ခံရ၊ ဒေသခံလုံခြုံရေးစိုးရိမ်နေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် မြေစာရင်းဦးစီးအရာရှိ တစ်ဦး သေနတ်ပစ်ခံရပြီးနောက် ဒေသခံများ လုံခြုံရေး စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။

ဇွန် (၂၇) ရက်ည (၇) နာရီချိန်တွင် မိုင်းကိုင်မြို့ရှိ မြေစာရင်းရုံးရှေ့တွင် ဆိုင်ကယ်ဖြင့် လူ(၂)ဦး လာရောက် ပစ်ခတ်သွားကာ သေနတ်ဒဏ်ရာ (၄) ချက်မိသွားပြီး၊ လက်ရှိမှာ မိုင်းကိုင်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

“၄ ချက်ထိသွားတယ်။ သူက အနေအေးတယ်။ လူမှားပြီးတော့ ပစ်သွားတာလဲ ဖြစ်နိုင်တယ်။ အခုနောက်ပိုင်းတော့ ကလေးတွေ အတွက် လုံခြုံရေး စိုးရိမ်ရတယ်။ ရုံးက ကျောင်းနဲ့ နီးတော့ ဘယ်ချိန် ထပ်ဖြစ်မလဲမသိဘူး” ဟု မိုင်းကိုင်ဒေသခံ ကျောင်းသားမိဘ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ မြေစာရင်းဦးစီးအရာရှိသည် မိုင်းကိုင်မြို့တွင် (၁) နှစ်ခန့်သာ ရောက်ရှိလာသေးသည့် သူဖြစ်ပြီး၊ မြေစာရင်းရုံးရှေ့တွင် တခြားသူများနှင့် ရပ်ပြီး စကားပြောနေစဉ် သေနတ်ပစ်ခံရကြောင်းသိရသည်။

“သူတို့ ရုံးရှေ့မှာ စကားပြောနေတုန်း လူ (၂) ယောက် လာပစ်သွားတယ်။ သူ့ကိုပဲ တမြင်လာပစ်ချင်တာထင်တယ်။ ခြေထောက်၊ လက် နဲ့ ရင်ဘတ် ထိသွားတယ်” ဟု မိုင်းကိုင်ဒေသခံ တစ်ဦးကပြောသည်။

မြေစာရင်းရုံး အရာရှိတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒေသခံများစိုးရိမ်ထိတလန့်မှု ရှိနေသည့်အပြင် ဌာနဆိုင်ရာများလည်း ပိုပြီးစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က မိုင်းကိုင်မြို့ လဝက ဦးစီးအရာ ရှိတစ်ဦးသည် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...