Wednesday, January 28, 2026

မိုင်းကိုင် မြေစာရင်းဦးစီးအရာရှိ သေနတ်ပစ်ခံရ၊ ဒေသခံလုံခြုံရေးစိုးရိမ်နေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် မြေစာရင်းဦးစီးအရာရှိ တစ်ဦး သေနတ်ပစ်ခံရပြီးနောက် ဒေသခံများ လုံခြုံရေး စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။

ဇွန် (၂၇) ရက်ည (၇) နာရီချိန်တွင် မိုင်းကိုင်မြို့ရှိ မြေစာရင်းရုံးရှေ့တွင် ဆိုင်ကယ်ဖြင့် လူ(၂)ဦး လာရောက် ပစ်ခတ်သွားကာ သေနတ်ဒဏ်ရာ (၄) ချက်မိသွားပြီး၊ လက်ရှိမှာ မိုင်းကိုင်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

“၄ ချက်ထိသွားတယ်။ သူက အနေအေးတယ်။ လူမှားပြီးတော့ ပစ်သွားတာလဲ ဖြစ်နိုင်တယ်။ အခုနောက်ပိုင်းတော့ ကလေးတွေ အတွက် လုံခြုံရေး စိုးရိမ်ရတယ်။ ရုံးက ကျောင်းနဲ့ နီးတော့ ဘယ်ချိန် ထပ်ဖြစ်မလဲမသိဘူး” ဟု မိုင်းကိုင်ဒေသခံ ကျောင်းသားမိဘ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ မြေစာရင်းဦးစီးအရာရှိသည် မိုင်းကိုင်မြို့တွင် (၁) နှစ်ခန့်သာ ရောက်ရှိလာသေးသည့် သူဖြစ်ပြီး၊ မြေစာရင်းရုံးရှေ့တွင် တခြားသူများနှင့် ရပ်ပြီး စကားပြောနေစဉ် သေနတ်ပစ်ခံရကြောင်းသိရသည်။

“သူတို့ ရုံးရှေ့မှာ စကားပြောနေတုန်း လူ (၂) ယောက် လာပစ်သွားတယ်။ သူ့ကိုပဲ တမြင်လာပစ်ချင်တာထင်တယ်။ ခြေထောက်၊ လက် နဲ့ ရင်ဘတ် ထိသွားတယ်” ဟု မိုင်းကိုင်ဒေသခံ တစ်ဦးကပြောသည်။

မြေစာရင်းရုံး အရာရှိတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒေသခံများစိုးရိမ်ထိတလန့်မှု ရှိနေသည့်အပြင် ဌာနဆိုင်ရာများလည်း ပိုပြီးစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က မိုင်းကိုင်မြို့ လဝက ဦးစီးအရာ ရှိတစ်ဦးသည် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...