တာချီလိတ်မြို့ ဟုန်ပန်းကုမ္ပဏီမှ ပြည်သူစိုက်ပျိုးထားသည့် လယ်များကို ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် ဝမ်ဟောင်ရွာရှိ ပြည်သူများစိုက်ပျိုးထားသည့် လယ်များကို ဟုန်ပန်းကုမ္ပဏီမှ ဝင်ရောက်ရောက်ဖျက်ဆီးပြီး ခြံစည်းရိုးထပ်မံသွားခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဟုန်ပန်းကုပ္မဏီမှ စစ်ကောင်စီအကာကွယ်ယူပြီး ဇွန်လလယ်ပိုင်း ညမထွက်ရချိန်တွင် ပြည်သူများ၏ လယ်ယာ၊ စပါးများကို ဖျက်ဆီးပြီး ခြံစည်းရိုးကို အတင်ကြပ်တစ်ဖန်ပြန်လာခတ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ သူတို့ ညဆို ခြံစည်းရိုးသွားခတ်တယ်။ ကျနော်တို့ ညမထွက်ရအမိန့်နဲ့ဆိုတော့ ထွက်လို့မရဘူး။ သူတို့ ဘိလပ်မြေတွေနဲ့ လာလုပ်တယ်။ လယ်ယာတွေလည်း ပျက်စီးသွားတယ်။ စိုက်ထားတဲ့စပါးတွေ တောင် ကြီးနေပြီ။” ဟု ဟောင်လိတ်ရပ်ကွက် ဝမ်ဟောင်ရွာ ဒေသခံတစ်ဦး သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုသို့ ပြည်သူများ စိုက်ပျိုးထားသည့် လယ်ယာများကို လာရောက်ဖျက်ဆီးသည့်အတွက် ပြည်သူများအခက်ခဲများစွာ နှင့်ကြုံလာနိုင်ကြောင်း ၊ လက်ရှိမှာ ပြည်သူများလယ်ယာသွားလုပ်ရန် အတွက် စိတ်လုံခြုံမှုမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

ယမန့်နေ့ (ဇွန် ၂၄)ရက်တွင် တာချီလိတ်မြို့နယ် မြေစာရင်းမှ ထိုမြေနေရာကို လာရောက်တိုင်းကာ ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး တောင်ကြီးမြို့နယ်သို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

“ မနေ့ကတော့ မြေစာရင်းကနေပြီးတော့ မြေလာတိုင်းပြီးတော့ ဓာတ်ပုံတွေရိုက်သွားတယ်။ ပြီးတော့မြို့နယ်အဆင့်ကို ပို့ပေးမယ်လို့ပြောတယ်။ ဒီမြေက ဘယ်သူမြေဖြစ်မလဲဆိုတာကို မသိရသေးဘူး။ ဟုန်ပန်းကုမ္ပဏီကတော့ စစ်ကောင်စီအကာကွယ်ယူပြီးတော့ လုပ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဟုန်ပန်းကုမ္ပဏီနှင့် ဟောင်လိတ်ရပ်ကွက် ဝမ်းဟောင်ကျေးရွာတွင်ဖြစ်နေသည့် ပြသာနာများကို သက်ဆိုင်ရာ လူကြီးများ အမြန်ဆုံးလာရောက်ဖြေရှင်းပေးရန်အတွက် ပြည်သူများက တောင်းဆိုလိုက်သည်။

ထိုမြေသည် ၁၉၉၈-၁၉၉၉ ခုနစ် စစ်အစိုးရ လက်ထက်တွင် အတင်းအဓမ္မသိမ်းယူပြီး ထိုထဲမှ ဧက (၁၀၀) ကို ဟုန်ပန်းကုမ္ပဏီအားပေးခဲ့ပြီး၊ ဟုန်ပန်းကုမ္ပဏီမှ ဧက (၂၀)ကိုသာ ပလပ်စတစ် စက်ရုံတည်ဆောက်ခဲ့သည်။

ကျန် ဧက (၈၀)ပေါ်တွင် လယ်သမားများက သီးနှံစိုက်ပျိုးခဲ့ပြီး ၂၀၁၈ ခုနစ်တွင် သိမ်းဆည်းထားသည့် လယ်ယာမြေများ အသုံးပြုခြင်းမရှိပါက မူရင်း လယ်ယာမြေပိုင်ရှင်ကိုပြန်ပေးရန် သျှမ်းပြည်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းပြီးနောက် ဟုန်ပန်းကုမ္ပဏီ က ထိုမြေပြန်ရရှိဖို့အတွက် အတင်းအဓမ္မ သုံးပြီး ခြံခတ်မှုပြုလုပ်လာပြီး၊ ထိုမြေကိစ္စကို ကူညီပေးနေသည့် ဟောင်လိတ်ဘုန်းကြီးကျောင်းမှ ဦးဇင်းတပါးကိုလည်း တရားစွဲဆိုထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...