Tuesday, January 27, 2026

SSPP/SSA မှဖမ်းဆီးပြီး သေဆုံးသွားသည့် မန်ဆွမ်းရွာသားအလောင်းကို မိသားစုဝင်များက ပြန်လိုချင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာဒေသခံတစ်ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) မှ ဖမ်းဆီးခေါ်ဆောင်ပြီး သေဆုံးသွားသည့် မန်ဆွမ်းရွာသား အလောင်းကို မိသားစုဝင်များက ပြန်လိုချင်ကြောင်း စုံစမ်းသိရသည်။

ဖမ်းဆီးခံရသည့် စိုင်းစံခမ်းအိုက် (၅၀)နှစ်သည် မေလ (၃၁) ရက် တွင် SSPP/SSA မှ နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ဇွန်( ၂၆) ရက်တွင် သွေးတိုးရောဂါကြောင့် သေဆုံးသွားကြောင်း (SSPP/SSA) မှ စိုင်းစံခမ်းအိုက်၏ မိသားစုဝင်ကို အကြောင်းကြားခဲ့ကြောင်း ၎င်းမိသားစုဝင်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

စိုင်းစံခမ်းအိုက်သည် သျှမ်းလူငယ်အဖွဲ့စည့် (TYO) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်းသိရသည်။

“ သူတို့(SSPP/SSA) က ကျမကိုပြောလာတယ်။ သူ (စိုင်းစံခမ်းအိုက်) က သွေးတိုးလို့ဆိုပြီးဆုံးသွားပြီးလို့ပြောလာတယ်။ အလောင်းကိုပြန်မပို့ပေးတော့ ကျမတို့လည်း သွေးတိုးလို့ ဆုံးသွားပြီးဆိုတာကို မယုံဘူး။ ကျမတို့လိုက်တောင်းတယ်။” ဟု စိုင်းစံခမ်းအိုက်၏ ဇနီး နန်းစံပွင့် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

စိုင်းစံခမ်းအိုက်သည် နဂိုးကတည်းက သွေးတိုးရောဂါရှိထားကြောင်း၊ သွေးကျဆေးသောက်နေရသူဖြစ်ပြီး၊ SSPP /SSA ကဖမ်းဆီးသွားချိန်တွင် သောက်ဆေးများမပါသွားကြောင်း၊ စိုင်းစံအိုက်ခမ်း၏ သောက်ဆေးများကို မိသားစုဝင်များက သွားပို့ခဲ့သော SSPP/SSAက လက်မခံခဲ့ကြောင်း နန်းစံပွင့် ကပြောသည်။

“ သူသွေးတိုးရောဂါရှိထားတယ်။ သူကိုဖမ်းသွားကတည်းက ဆေးတွေဘာမှမယူသွားရဘူး။ ပြန်လွှတ်ပေးဖို့ (၃)(၄) ခါလောက်သွားတောင်းတယ်။ ဆေးတွေ၊ အဝတ်တွေသွားပို့ပေးလို့လည်းမရဘူး” ဟု ၎င်း၏ ဇနီးဖြစ်သူ နန်းစံပွင့် က ဆိုသည်။

နမ့်ခမ်းမြို့ နယ် မန်ဆွမ်းကျေးရွာ ဒေသခံများက သေဆုံးသွားသည့် စိုင်းစံခမ်းအိုက်၏ အလောင်းကို ပြန်ပေးရန်အတွက် ယမန်နေ့ (ဇွန် ၂၇)ရက် ည ၈နာရီကျော်တွင် SSPP/SSA ရုံးရှေ့တွင် သွားရောက်ဆန္ဒထုတ်ဖော်ပြီး တောင်းဆို ခဲ့သော်လည်း အလောင်းပြန်ရလာခြင်းမရှိကြောင်း သိရသည်။

ထိုသို့ ဆန္ဒပြ အလောင်းပြန်သွားတောင်းရာတွင် SSPP/SSA မှ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ကြောင်း ဒေသခံတစ်ဦး ကပြောသည်။

“ ကျနော်တို့ သူအလောင်းပြန်ရဖို့ သွားတောင်းတယ်။ ညအချိန်ထိ ဆန္ဒပြတောင်းဆိုတာ။ သူတို့က သေနတ်ပစ်ဖောက်တယ်။ သူအလောင်းကိုမတွေ့ရသေးဘူး။ ပြန်မပေးလာသေးဘူး။ ဒီနေ့ထိမရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စိုင်းစံခမ်းအိုက်သေဆုံးသွားသည့်နှင့်ပတ်သက်ပြီး ထုန့်မောဝ်းဒေသ (ရွှေလီမြစ်ဝှမ်း) SSPP/SSA ပြောခွင့်ရ ဗိုလ်ကြီး ဆိုင်ငါးမိန်း က “ သူသွေးတိုးနဲ့သေသွားတာ။ သူဆေးတွေသောက်နေရတယ်။ အလောင်းတော့ဘယ်နားရှိလည်း ကျနော်မသိဘူး။ ပစ်သတ်လိုက်တာတော့မဟုတ်ဘူး” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

စိုင်းစံခမ်းအိုက်သည် RCSS/SSA ၏ ထုန့်မောဝ်း (ရွှေလီမြစ်ဝှမ်း) ဒေသတွင်း အတိုင်ပင်ခံ ဖြစ်ကြောင်းလည်း ဗိုလ်ကြီး ဆိုင်ငါးမိန်း က ပြောသည်။

ဆက်လက်ပြီး စိုင်းစံခမ်းအိုက်၏ ဇနီးဖြစ်သူက “ သူက ဘာမှမလုပ်ဘူး။ ပြည်သူရိုးရိုးပဲ။ လယ်ယာတွေပဲလုပ်တယ်။” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံကလည်း “ သူက (စိုင်းစံအိုက်ခမ်း) က စစ်ဘက် က မဟုတ်ပါဘူး။ ပြည်သူပဲ။ ပြည်သူအမှားမရှိပဲ သူတို့သတ်နေတယ်။ တစ်ချို့ပြည်သူတွေက RCSS လုပ်တဲ့ပွဲလည်းသွားတယ်။ SSPP လုပ်တဲ့ပွဲလည်းသွားတယ်။” ဟု ပြောသည်။

စိုင်းစံခမ်းအိုက်သေဆုံးသွားပါက ရုပ်အလောင်းကို ပြန်လိုချင်ကြောင်း မိသားစုဝင်များက တောင်းဆိုလိုက်သည်။

မေလ ၃၁ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ထုန်မောဝ်ဒေသ (၁၉) ရွာရှိပြည်သူ ၄ ဦးကို ဖမ်းဆီးသွားပြီး ဇွန်လ (၃) ရက်နေ့တွင် ၃ ဦးကိုပြန်လွှတ်လာပြီး စိုင်းစံခမ်းအိုက်ကို ပြန်မလွှတ်လာပေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။