Monday, February 2, 2026

CATEGORY

လူ့အခွင့်အရေး

ကွတ်ခိုင်-သိန္နီကြား ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် - သိန္နီ ကြားပြည်ထောင်စုကားလမ်းမကြီးပေါ် ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇွန် ၆ရက် ည ၈နာရီတွင် မူဆယ်-လာရှိုး လိုင်းကားမောင်းသည့် အသက် (၄၀)ကျော် အရွယ်ရှိ စိုင်းစံညွန့်သည် ကွတ်ခိုင်-သိန္နီ ကြား ဓားပြတိုက်ခံရပြီး အသတ်ခံလိုက်ရကြောင်း သေဆုံးသူနှင့်...

မိုင်းဆတ်မြို့တွင် မပေါက်ကွဲသေးသည့်မိုင်းတွေ့ရှိ

သျှမ်းရှေ့ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြိုတွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့က ဇွန်လ(၇)ရက် မနက်(၈)နာရီခွဲဝန်းကျင်တွင် အထက(မိုင်းဆတ်)ကျောင်းအတွင်းရှိ ချင်းတွင်းဆောင်နှင့် သံလွင်ဆောင်ကြားတွင် ပလပ်စတစ်ဗူးဖြင့် ပြုလုပ်ထားပြီး စနက်တံမီးလောင်ကျွမ်းထားပြီး မပေါက်ကွဲသေးသည့် မိုင်းကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ချင်းတွင်းဆောင် နဲ့ သံလွင်ဆောင်နားမှာတွေ့တယ်၊ လူတစ်ဦးက...

တောင်ကြီးမြို့နယ်၊ NLD အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း အေးသာယာမြို့နေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တောင်ကြီးမြို့နယ် မြို့နယ်အလုပ် အမှုဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦးကို စစ်ကောင်စီမှ လာရာက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။ ယမန်နေ့က ဇွန်လ ၆ ရက်နေ့ ည ၁၁ ခွဲဝန်းကျင်တွင် အေးသာယာမြို့နေ ရပ်ကွက် (၅)...

တာချီလိတ် ကလပ်တခု ဗုံးပေါက်ကွဲမှုဖြစ်

သျှမ်းရှေ့ တာချီလိတ်မြို့ ရွှေမြေသာယာ ဈေးအနီးရှိကြီးမြတ်သောရွှေမြင်း(King Horse Fly Pub 6888) ကလပ်တွင် ယမန်နေ့ ဇွန်လ(၆) ရက် ည (၈) နာရီခွဲကျော်၌ သေနတ်ပစ် ခတ်မှုများ ဖြစ်ပွားပြီးနောက် ဗုံးနှစ်လုံးပေါက် ကွဲကြောင်း သိရသည်။ အဆိုပါ Club အဆောက်အဦးကို သေနတ်နှင့်...

ဟိုပုံးမြို့ လူငယ် ၇ ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် ဇွန် ၄ ရက် ညသန်းခေါင်ယံ အချိန်တွင် အာဏာသိမ်းစစ်ကောင်စီမှ လူငယ် (၇) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ဟိုပုံးမြို့ အနောက်မြို့ပတ်လမ်း မြိုဦးရပ်ကွက်တွင် နေထိုင်သည့် လူငယ် ၅ ဦးသည် ဇွန် ၄ရက် ၌ အိမ်ရှေ့တွင်...

ကျေးသီးမြို့ပေါ်သို့ စစ်ရှောင် (၇၀၀)ကျော်ထိ ရှိလာ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးသီးမြို့ပေါ်သို့စစ်ရှောင် (၇၀၀)ကျော်ထိ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ဇွန်(၂)ရက်မှစတင်ကာ ဇွန်(၄)ရက်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ တိုက်ပွဲကြောင့် ပြည်သူ (၇၀၀)ကျော် စစ်ဘေးရှောင်နေရသည်။ “ ဒီနေ့ထပ်ရောက်လာတာ စုစုပေါင်း (၄၂၀)ကျော်ရှိတယ်။ အားလုံးကတော့ (၇၀၀)ကျော်ရှိပြီ၊...

သျှမ်းမြောက် ရွှေလီမြစ်ဝှမ်း ဒေသပြည်သူများ သျှမ်းတပ်(၂)တပ် ကြား စိုးရိမ်စိတ်ဖြင့်နေရ

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသ(ထုန့်မောဝ်) အတွင်း နေထိုင်သည့် ပြည်သူများသည် သျှမ်းတပ်(၂)တပ် ကြား စိုးရိမ်စိတ်များစွာဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရသည်။ ရွှေလီမြစ်ဝှမ်း ဒေသ (ထုန့်မောဝ်) ရှိ မန့်ဟီးရိုးကျေးရွာအုပ်စုမှ ကျေးရွာ (၁၉ )ရွာတွင် လှုပ်ရှားနေသည့် သျှမ်းတပ်(၂)တပ်သည် ဒေသခံ ပြည်သူများကို အပြန်အလှန်ဖမ်းဆီးခြင်း ရှိပြီး၊ ထိုသျှမ်းတပ်(၂)တပ်...

နမ္မတူမြို့နယ် ပန်လုံ တိုက်ပွဲရပ်တန့်သော်လည်း ကျေးရွာအတွင်း လက်နက်ကိုင်ရှိနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်း တိုက်ပွဲရပ်နားထားသော်လည်း လက်နက်ကိုင်များ ကျေးရွာထဲတွင် ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲကြောင့် ပန်လုံကျေးရွာအုပ်စုရှိ ဒေသခံများ လားရှိုးဘုန်းကြီးကျောင်းသို့ (၁) လနီးပါး ထွက်ပြေးတိမ်းပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။ “ တိုက်ပွဲကတော့ တိတ်သွားပြီ။ ကျနော်တို့...

ကျောက်မဲမြို့ ဆံပင်ညှပ်ဆိုင် ဝန်ထမ်းတစ်ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ဇွန်လ (၂)ရက် ညနေပိုင်းက ဆံပင်ညှပ်ဆိုင်တွင် အလုပ်လုပ်နေသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီ မှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တွင် အလုပ်လုပ်နေသည့် အသက် (၃၀) အရွယ်ရှိ စိုင်းရွှေထွန်း ကို စစ်ကောင်စီ အုပ်စုမှ...

တောင်ကြီးမြို့ ဓာတ်ပုံဆရာတစ်ဦးကို ညသန်းခေါင်ချိန် စစ်ကောင်စီ မှ ရိုက်နှက်ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဈေးပိုင်းရပ်ကွက် နေထိုင်သည့် ဓာတ်ပုံဆရာ တစ်ဦး ကို စစ်ကောင်စီမှ ယမန်နေ့ (ဇွန် ၃)ရက် ညသန်းခေါင်ချိန်၌ ရိုက်နှိက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ညသန်းခေါင် (၁၂)နာရီချိန်တွင် စစ်ကောင်စီ အုပ်စု သည် ဓာတ်ပုံဆရာ ခွန်အောင်ဆန်း (ကိုမင်းဇာနည်) ၏...

Latest news