သျှမ်းမြောက် မြို့နယ်တစ်ချို့ ဆရာဝန်မလုံလောက် ကိုဗစ်လူနာများ ခက်ခဲကြုံ

သျှမ်းမြောက် ကျောက်မဲခရိုင် သီပေါမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ကူးစက်လူနာများအား ကုသရန် ဆရာဝန် မလုံလောက်သည့်အတွက် လူနာများ အခက်ခဲကြုံနေရကြောင်း သိရသည်။

ယနေ့ (ဇူလိုင် ၈)ရက် သီပေါပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေသည့် ကိုဗစ်-၁၉ လူနာ (၁၁၀)ခန့်ရှိပြီး၊ နမ့်လန်ပြည်သူ့ဆေးရုံတွင် (၃၀)ခန့်ရှိကာ ဆေးရုံတွင် ဆေးကုပေးမည့် ဆရာဝန် လုံလောက်မှုမရှိသဖြင့် ဆေးကုသရန် ခက်ခဲနေကြောင်း သီပေါမြို့ ပရဟိတလုပ်ဆောင်နေသူ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူနာတွေက နေ့တိုင်းတိုးလာနေတယ်။ ကုသပေးတဲ့ ဆရာဝန်အင်းအားက အရမ်းနည်းတော့ လူနာတွေ အခက်ခဲကြုံနေတာရှိတယ်” ဟု သီပေါမြို့မှ ပါရဟိတအသင်းဝင်တစ်ဦးက ပြောသည်။

ကိုဗစ်လူနာများထဲတွင် အောက်ဆီဂျင်အသုံးပြုနေရသည့် လူနာများလည်း ရှိနေပြီး အောက်ဆီဂျင်လိုအပ်လာပါက ၎င်းတို့ အသင်းမှ ရှာယူပို့ဆောင်ပေးနေရကြောင်း၊ လူနာများ ကုသရန်နေရာသစ်ကိုလည်း တရုတ်စာသင်ကျောင်းတစ်ကျောင်းတွင် ပြင်ဆင်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

သီပေါမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံတွင် (၁၁၄)ဦးနှင့် နမ့်လန်ပြည်သူ့ဆေးရုံတွင် (၂၉)ဦး ကိုဗစ်လူနာများ ဆေးကုသနေပြီး (၄၃)ဦး ဆေးရုံဆင်းခွင့်ရပြီးဖြစ်ကြောင်း သိရသည်။

“အရေးကြီးဆုံးက ကိုယ်က ကျန်းမာရေးမကောင်းဘူး၊ နာစေး ချောင်းဆိုးနေတယ် ကိုယ်ပူပြီး ဖျားနာနေတယ် ဆိုရင် ကြိတ်ပြီး မကုပါနဲ့၊ မလိုလားအပ်ပဲ အသက်အန္တရာယ် ထိခိုက်နိုင်သလို စစ်ဆေးလိုက်လို့ ကိုဗစ်ပိုး ကူးနေတယ်ဆိုရင် ထိတွေ့မိတဲ့သူတွေလည်း များနိုင်တယ်၊ ပိုပြီးပျံ့နှံ့သွားနိုင်တယ်၊ ပိုပြီးဒုက္ခရောက်သွားမှာ” အဆိုပါ ပရဟိတဆောင်ရွက်နေသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ (၁၈၆)ဦး ရှိပြီး ယနေ့မနက်အစောပိုင်း သေဆုံးသူ (၁)ဦး အပါအဝင် သေဆုံးသူ (၆)ဦးထိရှိနေသည်။

ထိုနည်းတူ ကျောက်မဲမြို့တွင်လည်း ကျန်းမာရေးဝန်ထမ်းတစ်ချို့ CDM ပါဝင်နေသည့်အတွက် ကိုဗစ်လူနာများအား ကုသပေးမှု အားနည်းနေမှုရှသဖြင့် ဒေသခံများလည်း စိုးရိမ်နေကြကြောင်း သိရသည်။

“ဒီနေ့မနက် အိမ်နားက အသိတစ်ယောက် အသက်ရှူကြပ်လို့ သွားပြတာ နေ့လည် ၁၂ခွဲထိ ဘာမှ မလုပ်ရသေးဘူး၊ ကိုဗစ်လက္ခဏာလိုပဲ အသက်ရှူကြပ်ပြီး မောနေတာ၊ ပြီးတော့ ရုတ်တရက် ဆုံးသွားတဲ့သူတွေလည်း ရှိတယ်၊ အဲလိုလူတွေကို လူနာတင်ယာဉ်တွေနဲ့ အမြန်ဆုံးလာသယ်သွားတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ကျောက်မဲတွင် ယမန်နေ့က ကိုဗစ်သံသယဖြင့် သေဆုံးသွားသော အမျိုးသမီးတစ်ဦး၏ မိသားစုဝင်(၁)ဦးနှင့် အခြားထိတွေ့သူများထဲမှ (၄)ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်လူနာများစွာ တွေ့ရှိထားသည့် နောင်ပိန်ကျေးရွာတွင်လည်း နောက်ထပ် (၃)ဦး တွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

“အိမ်မှာက သက်ကြီးသမားရှိတော့ အရမ်းစိတ်ပူရတယ်။ နေ့တိုင်း အိမ်ရှေ့ကို လူနာတင်ယာဉ် တစ်စီးပြီးတစ်စီး ဖြတ်နေတော့ ပိုပြီး စိတ်ပူတယ်၊ ရပ်ကွက်ထဲကလူတွေလည်း အရမ်းကို စိုးရိမ်နေကြပြီ” အဆိုပါ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မူဆယ်နှင့်နမ့်ခမ်းမြို့များတွင်လည်း ကိုဗစ် ကူးစက်ခံရသည့်လူနာများ ပိုများလာသည့်အတွက် ဆေးရုံများတွင် နေရာလုံလောက်မှုမရှိသောကြောင့် တချို့လူနာများကို နေအိမ်တွင် ထားရှိရကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တွင် ဇူလိုင် ၈ ရက် (ယနေ့)မနက်ပိုင်းထိ ကိုဗစ် – ၁၉ ကူးစက်ခံရသူ (၂၄၀၀)ကျော်ရှိနေပြီး သေဆုံးသူ (၅၀)ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

မဲနယ်တောင်ဒေသ တွင် ဆရာဝန် ဟုဆိုပြီး လိမ်လည်ဆေးကုသမှုရှိနေ

0
သျှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသဘက်တွင် ဆရာဝန်ဟု ဆိုပြီး ဒေသခံများကို လိမ်လည်ဆေးကုသနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်တွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုနှင့် စငေါကျေးရွာ အုပ်စု၌ အသက် ၂၈ နှစ်ဝန်းကျင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က “ဆရာဝန်များ”ဖြစ်သည်ဟုဆိုပြီး ကျေးရွာအတွင်း...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...