သျှမ်းမြောက် စစ်ရေးပဋိပက္ခ ကို တွေ့ဆုံဆွေးနွေး နည်းလမ်းရှာရန် RCSS/SSA ပြော

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့ ဖြစ်ပွားသောတိုက်ပွဲသည် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း RCSS/SSA ကပြောဆိုလိုက်သည်။

RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သော SSPP/SSA နှင့် TNLA တို့သည် သျှမ်းပြည်မြောက်ပိုင်း နမတူမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်တို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရပြီး ယနေ့ချိန်ထိ နေရပ် မပြန်နိုင်သေးပေ။

ထို့ကြောင့် သျှမ်းမြောက် စစ်ရေး ပဋိပက္ခပြဿနာကို စားပွဲပေါ် တွေ့ဆုံဆွေးနွေးခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဆိုတာ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးတာ အကောင်းဆုံးဖြေရှင်းတဲ့နည်းလမ်းဖြစ်တယ်။ ခုဖြစ်နေတာက ပဋိပကတစ်ခုကို လက်နက်ကိုင်ပြီးတော့ ဖြေရှင်းတာ မပြီးနိုင်ခဲ့ဘူးလေ။ အဲ့ဒါကို ဆိုလိုတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးခမ်းစံ က ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပကများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖြေရှင်းကြစေလိုကြောင်း ယနေ့ ဇူလိုင် (၈) ရက်တွင် RCSS/SSA က ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံရေး ပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုပါက ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပြဿနာများကိုသာပိုမိုကြီးမားကျယ်ပြန့်လာစေနိုင်ပြီး အောက်ခြေတပ်ဖွဲ့ဝင်များနှင့် ဒေသခံများဆင်းရဲ ဒုက္ခအမျိုးမျိုးကြုံတွေ့စေမည် ဖြစ်ကြောင်း RCSS/SSAထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဆက်လက်ပြီး RCSS/SSA အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း စစ်ရေး ပဋိပက္ခများတွင် ခံစစ်သွင်းသာဖော်ဆောင် နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“စာ မထုတ်ခင်ကတည်းက နှစ်ဖွဲ့စလုံးကို စဉ်းစားစေချင်တာပေါ့နော်။ ဘယ်အဖွဲ့ကပဲ နိုင်သွားသည်ဖြစ်စေ တကယ်ရှုံးနေတာက ပြည်သူတွေဖြစ်တယ်။ အရင်ကတည်းက ပဋိပကတွေကို ကြိုတင်ဖြေရှင်းစေချင်တာပေါ့နော်။ လက်နက်ကိုင်ပြီး ဖြေရှင်းရင်တော့ ဘယ်တော့မှ မပြီးနိုင်ဘူး” ဟု ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံ စိုင်းနောင့် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိချိန်ထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု နှင့် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တို့အတွင်း RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။

“တိုက်ပွဲကျတော့ တောင်ပိုင်းမှာဆိုရင် ကျေးသီးမှာဖြစ်နေတယ်။ မြောက်ပိုင်းလည်း ဖြစ်နေတယ်ခင်ဗျာ။ စစ်ရေးတင်းမာ တာတွေ ရှိနေတုန်းပဲ။” ဟု ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ယနေ့ချိန်ထိ စစ်ရေး တင်းမာနေပြီး ဒေသခံ(၃၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...