ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ လက်ဖက်ခြံသွားလမ်းပေါ် ဆူးထောင်ချောက်များရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ လက်ဖက်ခြံနှင့် လမ်းမကြီးလမ်းဘေးတွင် ဝါးဖြင့်ပြုလုပ်ထားသည့် ဆူးထောင်ချောက်များတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက်တွင် RCSS နှင့် TNLA ၊ SSPP တို့ ပူပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေရာဖြစ်ပြီး၊ လက်ရှိ ဝါးဖြင့် ပြုလုပ်ထားသည့် ဆူးထောင်ချောက်တွေ့ရှိသည့်နေရာသည် RCSS တပ်စခန်းအနီးဖြစ်ကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ အဲဒါလာထောင်ထားတယ်လို့ကြားတယ်။ ဘယ်နေ့ကစထောင်ထားတာလည်းတော့ မသိဘူး။ ရွာကနေ ပြန်လာတဲ့သူတွေကတော့ ဆူးထောင်ချောက်တွေ့တယ်ဆိုတဲ့အကြောင်းလာပြောပြတယ်” ဟု ကျောက်မဲမြို့ စစ်ဘေးရှောင်လာသည့် တော့ဆန်ကျေးရွာမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ဆူထောင်ချောက်များကို လမ်းမကြီးများနှင့် လက်ဖက်ခြံသွားသည့်လမ်းပေါ်တွင် ထောင်ထားကြောင်း သိရသည်။

ဆူထောက်ချောက်ကိစ္စနှင့်ပတ်သတ်ပြီး RCSS ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက “ တပ်စခန်းအနီးပတ်ဝန်းကျင်ဆိုရင်တော့ ရှိပါတယ်။ စစ်ရေးသဘောအရရှိပါတယ်။ လမ်းမကြီးတို့ လမ်းဘေးမှာတို့ဆိုတာတော့ မရှိပါဘူး။ မလုပ်ပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိတွင်ကျောက်မဲမြို့ တောဆန်ကျေးရွာအုပ်စုဘက်တွင် ယနေ့ (ဇူလိုင် ၆ ) ရက်တွင် တိုက်ပွဲ ပြန်လည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ တိုက်ပွဲက ဖြစ်နေတယ်။ အခုတိုက်နေကြတာ။ သေနတ်ပစ်တဲ့ အသံတွေကြားနေရတယ်။ နဲနဲတော့ကြာပြီး ကျနော်တို့လဲ အချိန်တိကျမသိရဘူး။” ဟု တော့ဆန်ကျေးရွာမှ စစ်ရှောင်တစ်ဦးက ဆိုသည်။

ကျောက်မဲမြို့ တော့ဆန်ကျေးရွာဘက်တွင် ဇူလိုင်လ ၁ ရက်နေ့မှစကာ ယနေ့ချိန်ထိ ထိတွေ့မှုရှိခဲ့ပြီး စစ်ဘေးရှောင် (၈၀၀)ကျော်ရှိကြောင်းသိရသည်။

“ တိုက်ပွဲသေးသေးလေးတွေ ဖြစ်တာတော့ရှိတယ်။ ဒီနေ့တိုက်ပွဲအတွက်တော့ကျနော်လဲ အသေးစိတ်မသိရသေးဘူး။ သွားရင်နဲ့ ထိတွေ့မိလို့ တိုက်ပွဲဖြစ်နိုင်တာလဲရှိတယ်” ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။

တော့ဆန်ကျေးရွာအုပ်စုတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူ (၈၀၀) ကျော် မိုင်းငေါ့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုထဲတွင် ကိုယ်ဝန်ဆောင်မိခင် (၈) ဦးပါရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...