Monday, April 29, 2024

မိုင်းကိုင် စစ်ရှောင်(၃၇၅)ဦးအတွက် စားနပ်ရိက္ခာ လိုအပ်

Must read

သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု အတွင်း စစ်ရှောင် (၃၇၅) ဦးရောက်ရှိလာပြီး စားနပ်ရိက္ခာနှင့်အသုံးအဆောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ မိုင်းကိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

“သူတို့ရောက်လာတာ (၃) ရက်လောက်ရှိပြီ။ အစားအသောက် နဲ့ အဝတ်အထည်တွေ အရမ်းလိုအပ်နေတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ မိုင်းကိုင်မြို့နယ် နဲ့ နီးတော့ မိုင်းကိုင်ဘက်လည်း ထွက်ပြေးလာကြတာ” ဟု စစ်ရှောင်များကို သွားရောက်ကူညီပေးနေသည့် မိုင်းကိုင်ဒေသခံ တစ်ဦးကပြောသည်။

ထို စစ်ရှောင် (၃၇၅) ဦးသည် မိုင်းခွန်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီးကျောင်း (၃) ကျောင်းမှာ နေထိုင်ကြာင်း၊ ထိုစစ်ရှောင်စခန်းသွားရန်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article