ကျောက်မဲမြို့နယ် အမျိုးသမီး(၂)ဦး မိုင်းနင်းမိ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ လွယ်အန်တင်း ကျေးရွာ အုပ်စု ကောင်းခါးကျေးရွာအနီး တောင်ယာလုပ်နေသည့် အမျိုးသမီး နှစ်ဦး မိုင်းနင်းမိကာ တစ်ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ (၇) ရက်နေ့ နေ့လည် ၁၂ ဝန်းကျင်တွင် ကောင်းခါးကျေးရွာအနီးတွင် တောင်ယာ လုပ်ပြီး နေ့လည်ထမင်းစားရန် အိမ်ပြန် လာသည့် အမျိုးသမီး (၂) ဦးသည် မြေမြုပ်မိုင်းနင်းမိကာ အသက် (၄၀)ကျော် အရွယ်ရှိ ဒေါ်အေးပိန် သေဆုံးခဲ့ပြီး၊ အသက် (၅၀)အရွယ်ရှိ ဒေါ်အေးမိန်သည် ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ကျောက်မဲမြို့နယ် အဖြူရောင် ကမ်းလက်များ ပရဟိတ အသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တောင်ယာသွားခဲ့ပြီး နေ့လည်စာ ထမင်းစားအပြန် ရွာအနောက်ဖက်က တောင်ကုန်းမှာ မြုပ်ထားတဲ့ မိုင်းနင်းမိပြီး ပေါက်ကွဲမှု ဖြစ်တယ်၊ တစ်ဦးကတော့ ဒဏ်ရာတွေ ပြင်းထန်လွန်းလို့ အိမ်အရောက်မှာ အသက်ဆုံးသွားတယ်၊ နောက်တယောက် ကတော့ ကျောက်မဲ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေ ပါတယ်” ဟု ကျောက်မဲမြို့ အဖြူရောင်ကမ်းလက်များ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်အေးပိန်သည် ဒဏ်ရာများ ပြင်းထန်စွာ ရရှိပြီး နေအိမ်သို့ပြန်အရောက်တွင် သေဆုံးသွားခဲ့ကာ အတူသွားသည့် ဒေါ်အေးမိန်သည်လည်း ယာဘက် ခြေသလုံး၊ ပေါင်၊ တင်ပါးနှင့် ဝဲဘက်ပေါင်၊ ခါးဖက်နှင့် လက်မောင်း နေရာအချို့တို့တွင် ပြင်းထန်သော ဒဏ်ရာများရရှိသောကြောင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေ ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊ လွယ်အန်တင်း ကျေးရွာအနီးတစ်ဝိုက်တွင် SSPP/SSA ၊ TNLA အဖွဲ့နှင့် RCSS အဖွဲ့ တို့သည် တိုက်ပွဲများ မကြခဏ ဖြစ်ပွားခဲ့သည့်အတွက် ၎င်းဒေသတစ်ဝိုက်မှ ကျေးရွာများအားလုံးသည် ရွာလုံးကျွတ်နီးပါး ကျောက်မဲမြို့သို့ စစ်ဘေးတိမ်းရှောင်လာခဲ့ကြရပြီး လက်ရှိအချိန်ထိ မပြန်နိုင်သေး သည့် စစ်ဘေးရှောင် ပြည်သူများလည်း များစွာ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...