RCSS နှင့် SSPP တိုက်ပွဲကြောင့် အရပ်သား (၁)ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်ကောင်ကျေးရွာအုပ်စု နားထွန်ကျေးရွာ အနီး RCSS/SSAနှင့် SSPP/SSA တိုက်ပွဲဖြစ်ပွားမှုကြောင့် လယ်ယာလုပ်ကိုင်သည့် အရပ်သား (၁)ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် မနက် ၈ နာရီအချိန်တွင် အသက် (၃၀)အရွယ်ရှိ စိုင်းစံအောင် လယ်ယာသွားကြည့်ချိန်တွင် RCSS/SSAနှင့် SSPP/SSAတို့တိုက်ပွဲမှု နှင့် တိုးကာ ကျည်ထိမှန်ခဲ့ကြောင်း ကျေးသီးမြိုု့နယ် စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူ က မနက်လယ်သွားကြည့်တာ။ သူလယ်ထဲရောက်တော့ တိုက်ပွဲနဲ့တိုးတာ။ အဲ့ဒါနဲ့ သူခြေထောက် ကျည်ထိမှန်သွားတယ်။ ရွာမှာပဲ ဆေးကုနေတယ်” ဟု စစ်ဘေးရှောင်ကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာအနီးတွင် SSPP/SSAတပ်ရှိနေကာ ထိုအချိန်တွင် တိုက်ပွဲဖြစ်ပွားမှုရှိနေသဖြင့် ကျည်ထိမှန်သည့် စိုင်းစံအောင်ကို မြို့ထဲသို့ချက်ချင်းမပို့ဘဲ ကျေးရွာထဲတွင် SSPP/SSA ဆေးမှူးမှ ဆေးကုပေးခဲ့ကြောင်းသိရသည်။

လက်ရှိမှာတော့ ကျည်းထိမှန်ခံခဲ့ရသည် စိုင်းစံအောင် ကို သျှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်( ဝမ်းဟိုင်း)တို့ ခေါ်ဆောင်သွားပြီး ဆေးကုပေးနေကြောင်း ကျေးသီးမြို့ စစ်ဘေးရှောင်များကို လိုက်လံကူညီပေးနေသည့် စိုင်းတင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အရပ်သားတစ်ဦး ကျည်ထိမှန်တယ်ဆိုတဲ့သတင်းကြားရတယ်။ လယ်သွားကြည့်ရင်နဲ့ ခြေထောက် ကျည်းမိတယ်လို့ ပြောတယ်။ အခုက ဝမ်းဟိုင်ကိုခေါ်ပြီးဆေးကုပေးနေတယ်လို့ကြားတယ်” ဟု စိုင်းတင် က ဆိုသည်။

အဆိုပါ ထိုပြည်သူကျည်းထိမှန်းခဲ့သည့် ကိစ္စနှင့်ပတ်သတ်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်ဟန်ကို သျှမ်းသံတော်ဆင့်အနေဖြင့် ဖုန်းဆက်သွယ်မေးမြန်ရာတွင် ဖုန်းကိုင်ဖြေကြားခြင်းမရှိခဲ့ပေ။

ကျေးသီးမြို့နယ်လွိုင်ဟွန်းတောင်ကြောတွင် RCSS/SSA နှင့် SSPP/SSA တို့ ၁ လကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် (၃၀၀၀)ကျော် စစ်ဘေးရှောင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...