Wednesday, January 28, 2026

သီပေါမြို့နယ် စစ်ရှောင်များ နေရပ် မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် ပြည်သူများ ၂ လကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် သီပေါမြို့နယ်တွင် စစ်ဘေးရှောင်း ၃၀၀ ကျော်ရှိနေပြီး ၎င်းတို့မှ ခိုင်မွန်ကျေးရွာဒေသခံ နှင့် ချောင်ဆုံးဒေသခံများဖြစ်ပြီး၊ ထိုဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ နေထိုင်သဖြင့် နေရပ်ပြန်ရန် ကြောက်နေသေးကြောင်း စစ်ရှောင်များက ပြောသည်။

စစ်ဘေးရှောင်နေသည့် ပြည်သူများသည် နေရပ်ကိုပြန်ချင်သော်လည်း တိုက်ပွဲများထပ်မံ ဖြစ်မည်ကို စိုးရိမ်သောကြောင့် မပြန်ရဲသေးကြောင်း စစ်ရှောင် အမျိုးသား တစ်ဦး ကပြောသည်။

“ ပြန်တော့ပြန်ချင်တာပေါ့။ ဒါမဲ့ စစ်ထပ်ဖြစ်မှာလည်းစိုးရိမ်ရတယ်။ ရွာထဲမှာ လက်နက်ကိုင် တပ်ဖွဲ့က ရှိနေသေးတယ်လေ။ ဒါကြောင့် မပြန်ရဲသေးဘူး” ဟု ၎င်း ကဆိုသည်။

စစ်ဘေးရှောင်လာသည့်သူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများရှိသဖြင့် နေရပ်ပြန်သွားပါက တိုက်ပွဲထပ်မံဖြစ်ပွားလျှင် အခက်အခဲများရှိနိုင်ကြောင်းလည်း စစ်ဘေးရှောင် ပြည်သူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် မန်လီကျေးရွာနှင့် ဟာလျံကျေးရွာများတွင် သွားရောက်ခိုလုံနေထိုင်နေရကြောင်း သိရသည်။

“ အခုတော့ ၃၀၀ ကျော်ကျန်နေသေးတယ်။ နေရပ်ကိုမပြန်နိုင်သေးကြဘူး။ သူတို့စားဝတ်နေရေးအတွက်‌တော့ ကျမတို့ဟိုနေ့က ထွက်သွားလှူဒါန်းပေးတယ်။” ဟု စစ်ရှောင်ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တိုက်ပွဲကြောင့် ပြည်သူများ နေရပ်ပြန်ကာ လယ်ယာမလုပ်နိုင်သဖြင့် နောင်နှစ်အတွက် စားဝတ်နေရေးခက်ခဲလာ နိုင်ကြောင်း လည်း သိရသည်။

“ တိုက်ပွဲဖြစ်ထားတော့ ကျနော်တို့သွားလုပ်ရင် ဗုံးတွေ၊ မိုင်းတွေနင်းမိမှာကြောက်ရတယ်” ဟု အထက်ပါ စစ်ဘေးရှောင် ကပြောသည်။

သီပေါမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တို့ လှုပ်ရှားသည့်နေရာဖြစပြီး ယခုရက်ပိုင်း တိုက်ပွဲများ မရှိသော်လည်း စစ်ရေးတင်းမာနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...