Monday, April 29, 2024

တောင်ကြီးမြို့ လူငယ်(၂)ဦးကို စစ်ကောင်စီက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွား

Must read

တောင်ကြီးမြို့ တွင် ယမန်နေ့ (ဇူလိုင် ၅)ရက် ည (၈)နာရီဝန်းကျင်တွင် စစ်ကောင်စီ အုပ်စုမှ လူငယ် (၂)ဦးကို စစ်ဆေးမှုပြုလုပ်ကာ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ည (၈)နာရီကျော်တွင် တွင် တောင်ကြီးမြို့ ကံသာရပ် နိဗ္ဗာန်လမ်းဆုံအနီးတွင် စစ်ကောင်စီ မှ ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးကို ရပ်တန့်ခိုင်းကာ စစ်ဆေးမှုပြုလုပ်ပြီး ရိုက်နှက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

ထိုနည်းတူ ယမန်နေ့ ည (၉ )နာရီကျော်တွင် လည်း ရတနာသီရိရပ်ကွက်၊ ရသေ့တောင်ကျောင်းအနီးရှိ နေအိမ်တလုံးကိုလည်း စစ်ကောင်စီ မှ အင်အား (၃၀)ကျော် က ကားဖြင့် လာပြီး လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“၈ နာရီကျော်ကျော်လောက်မှာ နိဗ္ဗာန်လမ်းဆုံအနီး ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို ကာဖျူးချိန်ကျော် တယ် ဆိုပြီး ရိုက်နက်ပြီးတော့ ဖမ်းထားတယ်၊ သူ့ဆိုင်ကယ်ကိုလည်း စစ်သားတွေကယူသွားတယ်၊ ပြီးတော့ မနေ့ညမှာပဲ ရတနာသီရိဖက်မှာလည်း လူတစ်ဦးကို သူတို့လာဖမ်းသွားတယ်လို့ ကြားတယ်” ဟု အမည်မဖော်လိုသည့် တောင်ကြီးမြို့နေ ပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။


တောင်ကြီးလူငယ်များကို စစ်ကောင်စီတပ်သားများက လိုက်လံဖမ်းဆီး ပြီးနောက် ည ၁၀ နာရီ ဝန်းကျင်တွင် မြို့မရပ်၊ စာတိုက်အနီးတွင် သေနတ်သံ (၂)ချက်ကြားရကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ စစ်အာဏာသိမ်းပြီး ဇူလိုင် (၅)ရက်ထိ အရပ်သားပြည်သူ (၈၉ ၂)ဦးသေဆုံးကာ (၆၅၁၃)ဦး ဖမ်းဆီးခံရကြောင်း AAPP သတင်းထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article