စစ်ကောင်စီမှ ဖမ်းဆီးထားသည့် သျှမ်းပြည်သတင်းသမားများ ပြန်မလွှတ်သေး
SHAN -
အာဏာသိမ်းစစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့်သူများကို ယမန်နေ့ (ဇွန် ၃၀)ရက်တွင် ပြန်လွှတ်ပေးရာ သျှမ်းပြည်သတင်းသမားများ(၅)ဦး မပါကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတို့၏ မတရားဖမ်းဆီးခံရမှုမှ လွှတ်မြောက်လာသော သတင်း သမားများမှာ- ရန်ကုန်မြို့ အင်းစိန်ထောင်မှ (၆) ဦး၊ ဧရာဝတီတိုင်းအတွင်းမှ(၃)ဦးနှင့် မန္တလေး အိုးဘိုထောင်မှ...
မိုင်းယော် မန့်ပန်ပြည်သူ့စစ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်
SHAN -
သျှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်တပ်စခန်း အနီး စစ်ကောင်စီ မှ စစ်အင်အား (၁၀၀)ကျော် အင်အားလာဖြည့်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန် ၂၆ရက် တွင် စစ်ကောင်စီ ၏ တပ်မ ၉၉ မှ စစ်အင်အား (၁၀၀)ကျော် သည် လားရှိုးမြို့နယ် မိုင်းယော်ဒေသ...
နမ့်ဖတ်ကာ (၁၃)နှစ် သီလရှင် ကို စစ်သားမှ အတင်းအဓမ္မပြုကျင့် အမှုကို ဖုံးကွယ်ရန် ကြိုးစား
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မှ (၁၃)နှစ် အရွယ်ရှိ သီလရှင် တပါးကို မြန်မာ့စစ်သားက အတင်းအဓမ္မပြုကျင့်ခဲ့ပြီးအမှုကိစ္စသည် ဖုံးကွယ်ရန် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် မေ ၂၅ရက် မှ ဇွန် (၇)ရက်အထိ မြန်မာ့တပ်မတော် စစ်သားသည် အသက် (၁၃)နှစ် အရွယ်...
ကျေးသီးမြို့နယ် တိုက်ပွဲဆက်ဖြစ်၊ စစ်ရှောင် (၁၀၀) နီးပါး ထပ်တိုး
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျေးသီးမြို့ နှင့် မိုင်းနောင်ကြားရှိ လွိုင်ဟွန်းတောင်ကြော အနီးတွင် သျှမ်းတပ်(၂) တပ် တိုက်ပွဲ ထပ်မံဖြစ်ပွားသဖြင့် စစ်ရှောင် (၁၀၀)နီးပါး ထပ်မံရောက်လာကြောင်းသိရသည်။ ယနေ့ နေ့လည် (၁)နာရီဝန်းကျင်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲ ဆက်လက်...
လားရှိုး ရေကန်တောင်တွင် အမျိုးသမီး(၃)ဦး ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ဒေသ အခေါ် ရေကန်တောင် တွင် ယနေ့ (ဇွန် ၃၀) ရက် မွန်းလွဲပိုင်း၌ ဓါးပြတိုက် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကားတစ်စီးနှင့် ရေကန်တောင် အနီးတွင် ကားဖြင့် လာပြီး မျက်နှာဖုံးစွတ်ထားသည့်...
ကျေးသီးမြို့နယ် လွိုင်ဟွန်းတောင်ကြော သျှမ်း(၂)တပ် နောက်ဆုတ်မည်မဟုတ်
SHAN -
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် လွိုင်ဟွန်းတောင်ကြောတစ်လျှောက် သျှမ်း(၂)တပ် စစ်အင်အား ဆက်လက်ဖြည့်တင်းနေပြီး၊ (၂)တပ်လုံး နောက်ဆုတ်မည် မဟုတ်ကြောင်း သတင်းရရှိသည်။ ဇွန် (၁)ရက် မှ စတင်လာသည့် သျှမ်းတပ်(၂)တပ် ဖြစ်သည့် သျှမ်းပြည် တိုးတက်ရေးပါတီ ( SSPP/SSA ) နှင့် သျှမ်းပြည် ပြန်လည်...
စစ်ကောင်စီ ပြန်လွှတ်ပေးသည့် သျှမ်းပြည်နိုင်/ကျဉ်းများ ခံဝန်ထိုးရ
SHAN -
သျှမ်းပြည် တဝှမ်း စစ်ကောင်စီမှ ပြန်လွှတ်ပေးသည့် နိုင်ငံရေး အကျဉ်းသား (၃၆) ဦးသည် ခံဝန်ကတိထိုးပြီး ပြန်လွှတ်လာကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန် (၃၀) ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ခန့် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှ ပြန်လည်...
ကျိုင်းတုံမြို့နယ် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး အသတ်ခံရ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကုန်ကျောင်းကျေးရွာ ရပ်ကွက်(၁) နေ အမျိုးသမီးတစ်ဦးသည် ယနေ့(ဇွန် ၃၀)ရက် မနက်ပိုင်းတွင် ဓားမြတိုက်ခံရပြီး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက်အစောပိုင်းအချိန်၊ မိုးရွာသွန်းနေချိန်တွင် အသက် (၂၉ )နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် ဈေးသွားရန် ပြင်ဆင်နေစဉ် ဓားပြမှ နေအိမ်ထဲသို့ဝင်ကာ ဓားပြတိုက်ခဲ့ပြီး၊...
မိုင်းနောင်- ကျေးသီး ပြည်ထောင်စုလမ်းမကြီး ကားသွားလာမှု ပိတ်ထား
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင် - ကျေးသီး ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ တပ်သားများက ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန် ၃၀)ရက် မနက် ၈ နာရီတွင် မိုင်းနောင်-မိုင်းနန်း-ကျေးသီး ပြည်ထောင်စုကားလမ်းမကြီးကို တပ်မ ၉၉ မှ တပ်သားများက လာရောက်ပိတ်ဆို့ထားပြီး လာသမျှ ယာဉ်များကို...
မူဆယ်မြို့အတွင်း အသက်(၉ )နှစ် အရွယ်ပါ စစ်သားစုဆောင်းနေဟု သတင်းထွက်ပေါ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ထုန့်မောဝ်း(ရွှေလီမြစ်ဝှမ်း) ဒေသအတွင်း အသက် (၉) နှစ်အရွယ်ပါမကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေသည်။ ဇွန် (၂၈) ရက်နေ့သည် နမ့်ခမ်းမြို့ရှိ လူထုများ SSPP ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်အပြီး၊ အသက် (၉) နှစ်အရွယ်ကလေးပါ မကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း၊...





