အိမ်စောင့်တပ်နှင့်ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင်ကျေးလက်လူထုအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း မူဆယ် – ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုသတင်းရရှိသည်။

Photo Credit SS from ZBJ VDO- ပန်ဆိုင်းမြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲမှ လက်နက်ကြီးကျည် ရွာအနီးကျရောက်

သြဂုတ်လဆန်းပိုင်းမှယနေ့အထိ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် – ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း အိမ်စောင့်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှု ကြောင့် တောတောင်ထဲ တိမ်းရှောင်နေရသည့် ဒေသခံ ၃၀၀ ကျော်က စားဝတ်နေရေး အခက်အခဲ များ ကြုံတွေ့နေရသည်။

“အခု အဓိက တိမ်းရှောင်ရတဲ့သူက သက်ကြီးပိုင်း အမျိုးသမီးနဲ့ ခလေးတွေများတယ်။ အဓိကလိုအပ် တာက ခြင်ဆေး နဲ့ မိုးကာ ပါ” – ဟု အမည်မဖေါ်လိုသည့် ဒေသခံ အမျိုးသမီးတဉီးကပြောသည်။

အိမ်စောင့်တပ်(ဗမာ့တပ်မတော်) ကို ဒေသအတွင်း လှုပ်ရှားသွားလာသည့် ကိုးကန့်တပ် MNDAA က သြဂုတ်လ ၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲကြောင့် အိမ်စောင့်တပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်သောကြောင့်  တိမ်းရှောင်နေရသည့် ဒေသခံများ ခိုလှုံနေထိုင်ဖို့ မိုးကာ အဓိကလိုအပ်နေကြောင်းသိရှိရသည်။

Photo CJ- ကြူကုတ်ပန်ဆိုင်းမှ စစ်ရှောင်များခိုလှုံဖို့ တဲအားတွေ့ရစဉ်

“ဖောင်းဆိုင်ရွာကတချို့က ၂ ရက်နေ့ကတည်းက တောထဲကို ထွက်ပြေးလာတာရှိတယ်၊ ဒါပေမဲ့ အများစုက ၃ ရက်နေ့ကမှ ထွက်ပြေးလာတဲ့သူတွေပေါ့၊ မိုးတွင်းဆိုတော့  ဆေးတွေ၊ ခြင်ထောင်တွေ မိုးကာတွေရော အစားအသောက် တွေရာ လိုအပ်ပါတယ်”  – ဟု စစ်ရှောင်အရေးကူညီပေးသူတဉီးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မူစယ်ခရိုင်အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်များနှင့် အာဏာသိမ်း/အိမ်စောင့်တပ်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...