CATEGORY

လူ့အခွင့်အရေး

တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်၊ အထွက် နှင့် မြို့တွင်းတွင် စစ်ကောင်စီ အုပ်စုမှ စစ်ဆေးရေး တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် ယမန့်နေ့ ဩဂုတ် (၂၄) ၌ ၂၁၂ ဈေးနားတွင် ဗုံးပေါက်သည့်ဟု သတင်းထွက်ပေါ်လာသောကြောင့် စစ်ကောင်စီ က ယနေ့ ဩဂုတ်...

အောင်ပန်းမြို့ခံ လူငယ်များအား အာဏာသိမ်းစစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် စစ်အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲခံရသည့် လူငယ်များအား အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်လာနေသည်ဟု သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ မြို့ဟောင်းရပ်ကွက်...

နယ်မြေအငြင်းပွားမှုကြောင့် သျှမ်းမြောက် တိုက်ပွဲ ဆက်ပြင်းထန်လာနိုင်

သျှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် နယ်မြေအငြင်းပွားမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်စပ်ကြား သျှမ်းတပ် (၂)တပ်ဖြစ်သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ သည် နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲ သဖန်ပြင်းထန်လာပြီး ဒေသခံ...

NUG နှင့် NLD ပါတီဝင်များကို လက်ခံ ထောက်ပံ့ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး အဖွဲ့များသည် NUG နှင့် NLD ပါတီဝင် များကို လက်ခံထောက်ပံ့မှုများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကားများဖြင့် လိုက်လံ ဆော်သြနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဆော်သြမှုကို သျှမ်းပြည်တဝှမ်းတွင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည်တောင်ပိုင်း ရှိ တောင်ကြီးမြို့၊ အောင်ပန်းမြို့...

ကွတ်ခိုင်မြို့နယ် စစ်ရှောင် (၂) ဦးကို ပြည်သူစစ် မှ အကြောင်းမဲ့ ရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသား (၂) ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းတွင် နေထိုင်သည့်အမျိုးသား(၂)ဦးသည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က...

အောင်ပန်းမြို့ CDM မလုပ်ထားသည့် မီးရထား ဝန်ထမ်း တစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် သေဆုံး

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့တွင် CDM လုပ်ဆောင်ထားခြင်းမရှိသည့် မီးရထားဝန်ထမ်း (၁)ဦး ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၂၄)ရက် ညနေ (၄)နာရီဝန်းကျင်တွင် အောင်ပန်းမြို့ မှ ကုန်းလွင်ကျေးရွာသို့ သွားသည့် မီးရထားလမ်းဘေးရှိ ပြောင်းစိုက်ခင်းအနီးတွင် ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခံထားရသည့် မီးရထားဝန်ထမ်း...

မိုင်းကိုင် စစ်ရှောင် (၁၀၀)ထပ်ရောက် ကိုဗစ် ကူးစက်ရမည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ စစ်ဘေးရှောင် (၁၀၀) ခန့် ရောက်ရှိခိုလှုံနေသည့် တုံလောကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ တုံလောက်ကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ အတည်ပြု လူနာရှိသည့်အတွက် စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများလည်း ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း တုံလောကျေးရွာအုပ်စု ဝမ့်ဖက်ဟီ့ ဒေသခံ တစ်ဦးပြောသည်။ “တုံလောမှာလဲ...

စစ်ရှောင်များရှိသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့တွင် ကိုဗစ်ရောဂါ စိုးရိမ်ရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် (၅၀၀)ကျော် ရောက်ရှိခိုလှုံနေသည့် မိုင်းငေါ့မြို့တွင် ကိုဗစ် ကူးစက်ခံရမည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ကြောင်း၊ မိုင်းငေါ့မြို့တွင် ကိုဗစ်...

သျှမ်းတပ်(၂)တပ် စစ်ရေးကြား ဒေသခံ ရာချီ ထပ်မံ ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ (သြဂုတ် ၂၃)ရက် မနက်ပိုင်း တွင် သျှမ်းတပ် (၂) တပ် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ အများအပြား ထွက်ပြေးနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မနက် (၆) နာရီခန့်မှ စပြီး သျှမ်းတပ် (၂)...

ကျိုင်းတုံမြို့ နယ်အတွင်း ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးဝယ်ယူရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းလန်းကျေးရွာအုပ်စုတွင် ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးပြီး ဝယ်ယူနေရကြောင်း စုံစမ်းသိရှိရသည်။ ထိုဈေးဝယ်ကဒ်ကို ၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပလတ်စတစ်လောင်းပါက ၁ထောင်ကျပ်ဖြင့် ပေးဝယ်နေရကြောင်း သိရသည်။ “ ဟုတ်တယ်။ သူတို့အုပ်ချုပ်ရေးမှုက အဲလိုတောင်းတာ။ ရိုးရိုးပဲဆိုရင် ၅၀၀ ကျပ်တဲ့။ ပလတ်စတစ်ပါလောင်းယူမယ်ဆို ၁ ထောင်ကျပ်တောင်းတယ်။ ပြည်သူတွေ ဒုက္ခ...

Latest news