တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်၊ အထွက် နှင့် မြို့တွင်းတွင် စစ်ကောင်စီ အုပ်စုမှ စစ်ဆေးရေး တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ

တောင်ကြီးမြို့တွင် ယမန့်နေ့ ဩဂုတ် (၂၄) ၌ ၂၁၂ ဈေးနားတွင် ဗုံးပေါက်သည့်ဟု သတင်းထွက်ပေါ်လာသောကြောင့် စစ်ကောင်စီ က ယနေ့ ဩဂုတ် (၂၅) ရက်နေ့တွင် စစ်ဆေးမှုပိုပြုလုပ်လာခဲ့ကြောင်း တောင်ကြီးမြို့ ဒေသခံ အမျိုးသားတဦးကပြောသည်။

“ တောင်ကြီးအတက်လမ်း၊ မြို့ဝင်ထွက်လမ်း အကုန်စစ်တယ်။ ဒီနေ့တော့ ထ- ၁ နား၊ ကန်ထောင့်နားအဲ့မှာရှိတယ်။ အစစ်ကြမ်းတာက မနေ့က (၂၁၂) ဈေးဖက်မှာ ဗုံးပေါက်တယ်ပြောလို့လေ။ ဖုန်းရယ်၊ ကားထဲပါတဲ့ပစ္စည်းတွေပဲစစ်တာ။ အသွားလာကတော့ ပုံမှန်ပဲ” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသား တဦးက ပြောသည်။

စစ်ဆေးမှုများပြုလုပ်သည့် အပြင် ယမန့်နေ့ညက ရွှေတောင်ရပ်ကွက်တွင် နေထိုင်သည့် လူငယ် (၃) ဦး ကိုလည်း စစ်ကောင်စီများက ဖမ်းဆီးသွားသေးကြောင်း ဒေသခံများသတင်းပေးပို့ချက်အရသိရသည်။

“ (၃) ဦးပါသွားတယ်လို့ပြောတယ်။ သေချာတော့မသိရသေးဘူး။ အဲ့ဖက်မှာ မနေ့က ဓာတ်မီးနဲ့ထိုးပြီး လိုက်ရှာစစ်ဆေးနေတာ။ “ထွက်လာခဲ့”လို့တောင်အော်ခေါ်သေးတယ်” ဟု တောင်ကြီးမြို့ အမည်နှင့် နေရာမဖော်လိုသည့် အမျိုးသားတဦးက ပြောသည်။

သို့သော် ထိုလူငယ် (၃) ဦး ဖမ်းဆီးခံရမှု ရှိမရှိကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ယခုရက်ပိုင်းတွင် တောင်ကြီးမြို့အပြင်သျှမ်းပြည်တဝှမ်းရှိ တခြားမြို့များလည်း စစ်ဆေးမှုပို ပြုလုပ်လာခဲ့ကြောင်းသိရသည်။

ထိုတူ သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင်လည်း ယခုရက်ပိုင်း စစ်ဆေးမှုများကို ပိုလုပ်လာနေလျက်ရှိကြောင်း သိရသည်။

“ ဟုတ်တယ် အဖွဲ့စုံနဲ့ စစ်ဆေးမှုတွေတော့ မကြာခဏလုပ်နေတယ်။ အဓိကတော့ အောက်ဈေးနဲ့ အပေါ်ဈေး တစ်ဝိုက်မှာလုပ်တာပေါ့။ ခုရက်ပိုင်းပြန်စစ်တဲ့သဘောပါ။ Mask (နှာခေါင်းစည်း)၊ အပြင်ထွက်လက်မှတ်တွေက အဓိကထားစစ်တာပါ။” ဟု အောင်ပန်းမြို့ ဒေသခံတဦးက ပြောသည်။

ထိုအပြင် စစ်ဆေးရာတွင် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ စည်ပင်နှင့် စစ်သားတစ်ချို့က ရပ်တန့်စစ်ဆေးနေပြီး၊ တဖက်တွင်လည်း စရဖ နှင့် ရဲ၊ စစ်သားတစ်ချို့တို့က အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ပြီး ကင်းလှည့်နေလျက်ရှိကြောင်း သိရသည်။

“ ထွေအုပ် နဲ့အတူ စည်ပင်အဖွဲ့တွေက စစ်သားနဲ့ ရပ်ပြီးစစ်ဆေးနေတာ။ ပြီးတော့ ထပ်တစ်ဖွဲ့က ကားနဲ့ အရပ်ဝတ်ပြီးတော့ ကင်းလှည့်စစ်ဆေးတာ။ လက်နက်အပြည့်ပါတယ်။ စရဖ အဖွဲ့နဲ့ စစ်သား၊ ရဲတွေပါတယ်။ ရဲကားတစ်စီးနဲ့ စစ်ကား ၂ စီးလောက် ကင်းလှည့်တယ်။” ဟု အောင်ပန်းမြို့ ဒေသခံတဦးက ပြောသည်။

ထိုသို့ စစ်ဆေးမှု ပြုလုပ်နေခြင်းကြောင့် ပြည်သူများလည်း နေအိမ်မှ အပြင်ထွက်ရန်အတွက် စိုးရိမ်နေ ကြရကြောင်း သိရသည်။

“ စိုးရိမ်ကြတာပေါ့။ စိုးရိမ်လို့ကြောက်လို့ တစ်ချို့က အပြင်ထွက်ခွင့်လက်မှတ်ရဖို့အတွက် သွားစောင့်ယူနေကြရတာ။ တစ်ချို့ကလည်း စေတနာ ငွေကြေးပေးပြီးတော့ သွားစောင့်ယူနေကြတာလည်း ရှိတယ်။” ဟု အထက်ပါ အောင်ပန်းမြို့ ဒေသခံက ပြောသည်။

အလားတူ ယမန့်နေ့ ဩဂုတ် ၂၄ တွင်လည်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှု နှင့် အတူ စစ်သားများက NUG နှင့် NLD ပါတီဝင် များကို လက်ခံထောက်ပံ့မှုများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကားများဖြင့် လိုက်လံ ဆော်သြခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...